Latest Highlight

ရခိုင်ပဋိပက္ခ ကူညီဖြေ ရှင်းပေးရန် ဒေါ်အောင်ဆန်းစုကြည်အား အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ OIC တောင်းဆို


နိုင်ငံပေါင်း ၅၇နိုင်ငံဖြင့် ဖွဲ့စည်းထားသော အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း OIC အထွေထွေ အတွင်းရေးမှူ အက္ကမိလဒ္ဒင်း အဲဟ်ဆန်နိုဂ်လူ က ရခိုင်ပြည်နယ်ရှိ လူနည်းစု မွတ်စလင် များအပေါ် ကျူးလွန်နေမှုများ ရပ်တန့်အောင် ကူညီပေးရန် မြန်မာဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား စာရေးသားတောင်းဆိုလိုက်ပါသည်။

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တဦးအနေနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းများကို မြန်မာပြည်တွင်း ပြဿနာများ ဖြေရှင်းရာကနေ စတင်ဆောင်ရွက် လိမ့်မယ်ဟု ကျွန်ုပ်တို့ ယုံကြည်ကြောင်း ရေးသား ဖေါ်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်း မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြားဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့်ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့အား လက်ခံရန် ၊ နိုင်ငံတကာမီဒီယာများ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လွတ်လပ်စွာ ၀င်ရောက်ခွင့်ပြုရန် ရွေးကောက်တင်မြောက်ခံ ဥပဒေပြုအမတ်များကို OIC က တောင်းဆိုထားသည်။

၎င်းစာတွင် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း OIC ရုံးချုပ်ရှိရာ ဆော်ဒီအာရေးဘီယားနိုင်ငံ ဂျစ်ဒါမြို့သို့ လာရောက်လည် ပတ်ရန် မြန်မာဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်အား ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ၈သိန်းခန့် နေထိုင်လျက်ရှိကြပြီး ကမ္ဘာ့အဖိနှိပ်ခံရဆုံးလူနည်းစု အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားသည်။

Source here

Write A Comment

Rohingya Exodus