မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်နဲ့ တွေ့ဆုံ မေးမြန်းခန်း ( ရုပ်/သံ )
မြန်မာနိုင်ငံ အပေါ်ထားရှိတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ လက်တွေ့ကျ ဆက်ဆံရေး မူဝါဒ ဟာ မြန်မာပြည်တွင်း လက်ရှိ မြင်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ အခြေအနေ တိုးတက်မှုအပေါ် မူတည်ပြီး တဆင့်ပြီး တဆင့် တိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံ အမတ်ကြီး ဒဲရက်မစ် ချဲလ်(Derek Mitchell) က ထပ်လောင်း ပြောကြား လိုက်ပါတယ်။
အထူးသဖြင့် ရိုဟင်ဂျာတွေရဲ့အရေးဟာ သိမ်မွေ့လေးနက်တဲ့ ပြဿနာ တစ်ခု ဖြစ်ပြီး ဒေသတွင်းပြဿနာတစ်ခု အဖြစ်ပါ ဆိုက်ရောက်သွားစေနိုင်တဲ့ အကြောင်းလည်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာ ပေးအပ်ခဲ့အပြီး၊ အခုလောလောဆယ် ၀ါရှင်တန်ဒီစီမြို့တော်ကို ခေတ္တ ပြန်လည်ရောက်ရှိနေတဲ့ သံအမတ်ကြီး ဒဲရက်မစ်ချဲလ်နဲ့ ဦးသန်းလွင်ထွန်း တို့ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို