Latest Highlight

မွတ်စလင်အမျိုးသမီးငယ်တစ်ဦးကို တပ်မ ၂၃၂ မှ စစ်သားများ မုဒိန်းကျင့်


မွတ်စလင်အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်သည့် တပ်မ ၂၃၂ မှ စစ်သားများ လက်ပူးလက်ကြပ်မိ
 ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး သံတိုလီရွာသူ မဟမီဒါ(အသက်၁၈)နှစ်ဝန်းကျင်အား တပ်မ ၂၃၂ မှ တပ်သား ၄ ဦးက စစ်ဆေးစရာရှိသည်ဟုဆိုကာ လမားရှည်ရွာတွင် ဖမ်းဆီး မုဒိန်းကျင့်မှုတစ်ခု ယမန်နေ့ နေ့လယ် ၁နာရီခွဲဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အထက်ပါ မုဒိန်းမှုဖြစ်စဉ်မှာ ၃-၇-၂၀၁၂ နေ့တွင် စားနပ်ရိက္ခာများပြတ်လပ်နေသည့် သံတိုလီရွာမှ မဟမီဒါနှင့် မိန်းကလေး အဖော် ၂ ဦး၊ ကလေး ၂ ဦးတို့သည် သက်ကယ်ပြင်ရွာတွင် ရိက္ခာဝယ်ယူရန် ထွက်လာခဲ့ကြသည်။

ထိုသို့ ထွက်ခွာလာစဉ် နေ့လယ် ၁၂ နာရီခန့်တွင် ကြားရွာဖြစ်သည့် လမားရှည်ရွာသို့အရောက်တွင် တပ်မ ၂၃၂ မှ တပ်သား ၄ ဦးက မဟမီဒါ အပါအ၀င် ခရီးသွား ၅ ဦးအား စစ်ဆေးစရာရှိသည်ဟု ဆိုကာ တားဆီး စစ်ဆေးခဲ့ ကြသည်။ ထို့နောက် မဟမီဒါအား စစ်ဆေးစရာရှိသေးသည်ဟု ဆိုကာ ခေါ်ယူထားပြီး ကျန်အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၂ ဦးတို့ကို ပြန်ရန် စေခိုင်းခဲ့သည်။ ထို့နောက် နေ့လည် ၁ နာရီဝန်းကျင်တွင် အခင်းဖြစ်ပွားရာနေရာအနီးတွင် ရှိသည့် အသက် ၁၇နှစ်နှင့် ၂၀နှစ် အရွယ် နွားကျောင်းသား များ က မဟမီဒါအား .....

စစ်သားများက ၀ိုင်းဝန်း မုဒိန်းကျင့်နေသည်ကို တွေ့ရသဖြင့် သက်ကယ်ပြင်ရွာသို့ အပြေးအလွှား လာရောက် သတင်းပို့ခဲ့သဖြင့် ရွာလူကြီးဦးကျော်မြင့်အပါအ၀င် ရွာသားအချို့ အခင်းဖြစ်နေရာသို့ လိုက်ပါသွားခဲ့ကြသည်။

အခင်းဖြစ်ပွားရာနေ့လည် ၁ နာရီခွဲဝန်းကျင်တွင် လမားရှည်ရွာပိုင်နက်အတွင်း မဟမီဒါအား တပ်မ ၂၃၂ မှ စစ်သား ၃ ဦးက မုဒိန်းပြစ်မှု ကျူးလွန်အပြီး နောက်ဆုံးကျန်ရှိသည့် စစ်သားတစ်ဦးက မုဒိန်းကျင့်ရန် ကြိုးပမ်းနေ စဉ်တွင် သက်ကယ်ပြင်ရွာလူကြီးများက မုဒိန်းမှုဖြစ်ပွားရာ နေရာသို့ ရောက်ရှိပြီး ပြစ်မှုကျူးလွန်သူ များကို လက်ပူးလက်ကြပ် ဖမ်းဆီးနိုင်ခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ရောက်သွားတော့ ကောင်မလေးက အရမ်းမောပြီး မျော့နေပြီ။ တော်တော် အားကုန်နေပုံရတယ်” ဟု သက်ကယ်ပြင်ရွာတွင် နေထိုင်သည့် မျက်မြင်သက်သေတစ်ဦးက myanmarmuslim.net သို့ ပြောကြား သည်။

တပ်မ ၂၃၂ မှ တပ်သားများ၏ မုဒိန်းကျင့်ခြင်းကို ခံရသူ မဟမီဒါအား စစ်တွေမြို့ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရသည်။ မဟမီဒါသည် အသက် ၁၈ နှစ်ဝန်းကျင် အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်ပြီး လွန်ခဲ့သည့် ၂ လခန့်က အိမ်ထောင်ကျ ခဲ့သူဖြစ်ကြောင်း ဆေးရုံသို့ပို့နေစဉ် ကာယကံရှင်၏ ပြောကြားချက်ကို မှတ်သားခဲ့သူ အထက်ပါ ပုဂ္ဂိုလ်ကပင် ဆက်လက်ပြောကြားသည်။

တပ်မ ၂၃၂ မှ မုဒိန်းမှုကျူးလွန်သူများမှာ တပ်ကြပ်ကြီးတစ်ဦး၊ ဒုတပ်ကြပ်တစ်ဦး၊ ရိုးရိုးတပ်သား ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။ ယခုအခါမုဒိန်းကျင့်ခံရသူ အမျိုးသမီးငယ်ကို ဆေးရုံက ဆက်လက် လက်ခံထားခြင်းမရှိဘဲ စစ်တွေအနီးရွာတစ်ရွာသို့ ပို့ဆောင်ခံရကြောင်း သိရသည်။
မုဒိန်းကောင်များကို တပ်မ ၂၃၂ က ချုပ်နှောင်ထားသော်လည်း ယခုအချိန်အထိ အမှုဖွင့် အရေးယူခြင်း မရှိသေးကြောင်း သိရသည်။ အထက်ပါမုဒိန်းမှုနှင့် ပတ်သက်၍ အစဖျောက်ခံရ မှုကို ဒေသခံ မွတ်စလင်များက အထူးစိုးရိမ်နေကြသည်။

ယခုနှစ် မေလကုန်ပိုင်းတွင် ရခိုင်ဗုဒ္ဓဘာသာ မသီတာထွေး မုဒိန်းကျင့် အသတ်ခံရမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်ရပ် အပေါ် မကျေနပ်၍ တောင်ကုတ်တွင် မွတ်စလင် ခရီးသည် ၁၀ ဦးကို ကားပေါ်မှ ဆွဲချ၍ ဘာသာခြားများက လမ်းမပေါ်တွင် ၃ နာရီကြာ ၀ိုင်းဝန်း ရိုက်နှက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။ ထို့နောက် အဆိုပါ ဖြစ်ရပ်များ၏ နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ် တွင်လည်း ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

မွတ်စလင်အိမ်ခြေအများအပြား မီးရှို့ဖျက်ဆီးခံရသည်။ မသီတာထွေး မုဒိန်းကျင့်ခံ ရမှုကို မြန်မာ့မီဒီယာများတွင် အကျယ်တ၀င့်ဖော်ပြခဲ့သော်လည်း မသီတာထွေး အမှုဖြစ်ပွားပြီးနောက်ရက်တွင်ရသေ့တောင် အနောက်တောင်နေမှ မွတ်စလင် အမျိုးသမီးတစ်ဦးကို န-စ-ခ မှ ၀န်ထမ်း နေ၀င်း ပါ ၃ ဦးက မုဒိန်းကျင့်မှုကို မည်သည့် မြန်မာ့ မီဒီယာတွင်မျှ ဖော်ပြခဲ့ခြင်းမရှိပေ။

အဆိုပါ မုဒိန်းမှုကို National Democratic Party for Development (NDPD)မှ June 6 တွင် ကြေညာချက်ထုတ် ဖော်ပြခဲ့သည်။

Source : MM Net

  1. လေးစားရပါသောရခိုင်တိုင်းညီကိုမောင်နှမများခင်ဗျာ။စစ်အာဏာရှင်တို့ရဲ့သွေးခွဲရန်တိုက်ပေးမှုကိုမယုံကြပါနဲ့။ဦးနှောက်ကိုသုံးပြီးသေသေခြာခြာစဉ်းစားပါလို့ပြောချင်ပါတယ်။ခုလိုလူမျိုးရေးပြသနာဖြစ်လို့ရိုဟင်ဂျာလူမျိုးတွေရဲ့စီးပွါးရေးပိတ်ဆို့လို့တကယ်နစ်နာသွားတာကဘယ်သူလဲ။တချိန်ကအေးတူပူအမျှနေထိုင်လာတဲ့လူတွေတဦးအခက်အခဲကိုတဦးကဝိုင်းဝန်းဖေးမကူညီခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။ကျွန်တောယုံကြည်တယ် မြန်မာလူမျိုးဆိုတာက ရိုင်းစိုင်းတဲ့လူမျိုးတဘို့ထဲကြည့်တက်တဲ့(နွား)မဟုတ်ပါဘူး။မြတ်စွာဘုရားကလဲဒီလိုကြည့် ဒီလို လူမျိုးခြားကို နိပ်ကွပ်ဖို့မဟောခဲ့ပါဘူး။လူမျိုးကြီးဝါဒကိုကြင့်သုံးတာ အာဏာရှင် ဟစ်တလာရဲ့အာဏာရှင်ဝါဒပါ။ဒီဝါဒကိုမြန်မာနိုင်ငံကို ယောက်ရှိလာအောင် စစ်အာဏာရှင် နေဝင်းနဲ့ သန်းရွှေတို့ကဖန်တီးခဲ့ကြတာပါ။အာဏာရှင်တွေကပြည်သူတွေငြိမ်းချမ်းစွာနေထိုင်တာကိုသဘောမတွေ့ပါဘူး။တိုင်းပြည်ရဲ့သံယာဇာတတွေကိုဘယ်လိုအမြတ်ထုတ်ရောင်းစားရမလဲ။သူတို့ချမ်းသာရေး သူတို့မိသားစုချမ်းသာရေးတွက်ဘဲကြည့်တာပါ။ပြည်သူတွက်နဲနဲမှကိုမစဉ်းစားပါဘူး။ရခိုင်ပြည်ကဂက်စ် တွေကိုတရုတ်ကိုရောင်းစားဖို့ဘဲစဉ်းစားဖို့ဘဲစဉ်းစားနေတာပါ။ရခိုင်တိုင်းရင်းသားပြည်သူတွေကိုကမ္ဘာမှာရုတ်ဆိုးအကြည်းတန်တဲ့အမည်းစက်ထင်အောင်သွေးထိုးပေးနေတာပါ။ဒါတွေကိုနားရောင်နေလို့မဖြစ်ပါဘူး။ဒီမိုကရေစီနိုင်ငံတော်ကူးပြောင်းတယ်စိုတာ အစိုးရပြောင်း စနစ်ပြောင်းယုံ မပြီးပါဘူး။ နိုင်ငံတွင်းမှာရှိတဲ့ပြည်သူတွေရဲ့ စိတ်ဓတ်ပါဒီမိုကရေစီပုံစံဖြစ်နေရပါမယ်။ အာဏာရှင်စိတ်ဓတ်ဝင်နေလို့မဖြစ်ပါဘူးလို့မြင်ပါတယ်။
    ဆက်လက်ဖော်ပြပါမည်။

  2. thanks mr aung lay for your comment,,this is an eye-opener for all arakan state people,,every community have good people and bad people,,but we must aware that divide and rule policy of central government,,we must avoid maximum from conflict one another,,peace is ultimate for all arakan state people,,

Write A Comment

Rohingya Exodus