အာရှမွတ်စလင်လှုပ်ရှားစည်းလုံးရေးကွန်ယက်မှရခိုင်အရေးအခင်းနှင့်ပတ်သက်၍စာထုတ်ပြန်
အာရှမွတ်စလင်လှုပ်ရှားစည်းလုံးရေးကွန်ယက်မှရခိုင်အရေးအခင်းနှင့်ပတ်သက်၍စာတစ်စောင်ကို ဇူလိုင်လ (၂) ရက်နေ့ကထုတ်ပြန်ခဲ့သည်။ ထိုစာကိုအင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့ပြီး မြန်မာဘာ သာပြန်မှာအောက် ပါအတိုင်း ဖြစ်ပါသည်။
ကျွန်ုပ်တို့အာရှမွတ်စလင်လှုပ်ရှားစည်းလုံးရေးကွန်ယက်အဖွဲ့ဝင်များသည် အာရှနိုင်ငံ ၁၅ နိုင်ငံကို ကိုယ် စားပြု၍ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှု ကြီးအ တွက်လေး နက်စွာ စိုးရိမ်ပူပန်မိပါသည်။ ထိုအကြမ်းဖက်မှုမှ လူပေါင်းများစွာအသက်ဆုံးရှုံးခြင်း၊ ပျောက်ဆုံးသွားခြင်း၊ ပြည်သူပိုင်နှင့်ပုဂ္ဂလိကပိုင်အဆောက်အအုံများပျက်ဆီးခြင်း စသောရလာဒ်များရရှိခဲ့သည်။ ကျွန်ုပ်တို့သည် အိုးအိမ်များဆုံးရှုံးသွားသောသူများသည် ယခုအခါယာယီနေထိုင်နေရာတွင် လိုအပ်မည့် လူသားချင်း စာ နာထောက်ထားခြင်းဆိုင်ရာအကူအညီများ၊ သန့်ရှင်းသောရေ၊ အစားအစာနှင့်ဆေးဝါးများ အတွက်လည်း အထူးစိုးရိမ်ပူပန်မိပါသည်။ လူမှုရေးဆိုင်ရာအထောက်အပံ့များပေးနေသည့်အဖွဲ့အစည်းများသည် အမှန်တကယ်မရှိမဖြစ်လိုအပ်သောမိသားစုများထံတိုက်ရိုက်ထောက်ပံ့များကို အစိုးရ၏တားဆီး ပိတ်ပင်မှု များကြောင့် ပို့ဆောင်နိုင်ခြင်းမရှိဟုသိရှိရသည်။
ကျွန်ုပ်တို့သည်မြန်မာနိုင်ငံအစိုးရထံအောက်ပါအကြောင်းအရာများကိုမေတ္တာရပ်ခံလိုက်ပါသည်။
(၁) အရေးတကြီးအမှန်တကယ်လိုအပ်နေသောမိသားစုများထံ လူမှုရေး အထောက် အကူများ အမြန် ဆုံးပေးခွင့်ပြုရန်၊
(၂) လွတ်လပ်သောစုံစမ်းရေးအဖွဲ့ဖွဲ့စည်း၍ဤအရေးအခင်းနှင့်ပတ်သက်၍တာဝန်ရှိသူများကိုတရား ဥပဒေဖြင့်ဆုံးဖြတ်ပေး ပါရန်။ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်များ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်သူလူထုများ၊ နိုင်ငံရေးခေါင်းဆောင်များမှ အခင်းဖြစ်ပွား ခဲ့သောလူမျိုးများ အတွင်းလေး နက်သောဆွေးနွေးမှု များဖြင့် အတူတကွမှီတင်းနေထိုင်ရန်အတွက်ဆွေးနွေးမှု များပြုလုပ်ရန်။ ကျွန်ုပ်တို့ပြော ဆိုလိုသည်မှာ အခင်းဖြစ်ပွားခဲ့သောလူမျိုးအတွင်းစေ့စပ်ညှိနှိုင်း၍ ပြောင်းလဲသောမူဝါဒများ၊ တူညီသော အခွင့် အရေး များ၊ အပြန် အလှန်လေးစားမှုတို့ကိုတည်ဆောက်ရန်တိုက်တွန်းလိုပါသည်။
RB News Desk.
အော်ယဉ်ကျေးဆိုတဲ.အတိုင်း ယဉ်ကျေးမှုမရှိပါလား
အရိုင်းစိုင်းမျိုးရိုးကထင်တယ်ဟုတ်တယ်မလား