ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကင်တားနား မြန်မာနိုင်ငံလာမည်
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် ကင်တားနား ဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃ဝ ရက်နေ့ ကနေ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားမယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံက လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ၊ တိုင်းရင်းသား ဒေသတွေက တိုက်ပွဲတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်က အခြေအနေတွေကို ဒီခရီးစဉ်
အတွင်း လေ့လာစုံစမ်းမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မစ္စတာ ကင်းတားနားဟာ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ အပါအဝင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေ၊နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှု အခြေပြု လူထု အဖွဲ့အစည်း တွေနဲ့လည်းတွေ့ဆုံမယ်လို့သိရပါတယ်။
အဲဒီနောက် မစ္စတာ ကင်တားနားဟာ ခရီးစဉ် ပြီးဆုံးမယ့် သြဂုတ်လ ၄ ရက်နေ့ ကျရင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့လည်း သိရပါတယ်။
Source : RFA
Religious leaders, community leaders and politicians of Rohingya communities and Burmese Muslim communities should try to meet with Mr. Tomas Quintana and report him all kinds of human rights violations against the Rohingyas in Rakhine state and against the Burmese Muslims in Burma by Rakhine extremists, Burmese racists and Burmese government.
လာရင်အရေးကြီးတာကဒုက္ခသည်စခန်းကိုကိုယ်တိုင်သွားဖို.လိုပါတယ်။ဒုက္ခ သည်စခန်းအားလုံးမှာရခိုင်ကော်မွတ်စလင်ရောဘယ်လိုနေထိုင်နေကြတယ်ဆို တာကြည်ဖို.လိုပါတယ်၊စခန်းတခုစီရဲ.လူဦးရေးစာရင်းကိုအတိကျယူဖို.အရေး ကြီးပါတယ်။သေဆုံးစာရင်းလည်းအတိကျယူဖိုအရေးကြီးတယ်။လူများစုရခိုင်ကသနားစရာကောင်းပြီးလူနည်းစုမွတ်စလင်တွေဆိုးတယ်ဆိုဟုတ်လားဆိုတာကြည့်ဖို.အရမ်းအရေးကြီးပါတယ်၊ကင်းတာနားသိအောင်လုပ်ကြပါ။
i like