ထောင်တွင်း၌ှရိုဟင်ဂျာများကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်

ရခိုင်ပြည်နယ်၊ မောင်းတောနှင့်ဘူးသီးတောင်မြို့နယ်များမှရိုဟင်ဂျာလူငယ်များ၊ပညာတတ်များကိုအစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့်လူ့အခွင့်အရေးအဖွဲ့အစည်းများမှလွန်ခဲ့သောရက်ပိုင်းများတွင် အတည်ပြုပြောကြားခဲ့သည်။
မောင်းတောနှင့်ဘူးသီးတောင်မြို့နယ်များမှရိုဟင်ဂျာအမျိုးသား ၅၀၀ ကျော်ဖမ်းဆီးပြီး ဘူးသီးတောင်မြို့အကျဉ်းထောင် တွင်ထားရှိခဲ့သည်။ ဖမ်းဆီးခံရသူများမှာအကြောင်းပြချက်တစုံတရာမရှိပဲ ဖမ်းဆီးခံရခြင်းဖြစ်သည်။ မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရပြီး၊ အစာရေစာငတ်ပြတ်မှု၊ အ၀တ်အစားမလုံလောက်မှုတို့အပြင် အာဏာပိုင်များ၏ ညှင်းပန်းနှိပ်စက်ခြင်းများကိုခံနေရကြောင်းသတင်းရရှိပါသည်။
ထိုသို့ညှင်းပန်းနှိပ်စက်ခြင်းကြောင့်ရိုဟင်ဂျာအမျိုးသား၄၃ဦးသေဆုံးခဲ့ပြီးအလောင်းများကိုမိသားစုထံသို့ပြန်လည်အပ်နှံ ခြင်းမပြုပဲ၊ ဘူးသီးတောင်မြို့အကျဉ်းထောင်အနီးတွင်မြေကျင်းတစ်ခုတူး၍ ထိုအလောင်းများအားလုံးကို ဇူလိုင်လ (၂၃) ရက်နေ့ကတပြိုင်တည်းသဂြိုလ်ခဲ့ကြောင်း ဘူးသီးတောင်မြို့အကျဉ်းထောင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းမှ RB သို့သတင်း ပေးပို့ပါသည်။
RB News Desk
please help rohingya muslim in burma.
fuck Muslims
ရိုဟင်ဂျာလူမျိုးတွေဘာလုပ်နေတာလဲ။ မိမိတို့အမျိုးသားတွေအားလုံးနီးပါး အသတ်ခံနေရပါပြီး။ နိုင်ငံတကာမှ စိစစ်ရေးကော်မရှင်လာစစ်ရင်တောင်မှ အဓိကတရားခံဖြစ်တဲ့ အစိုးရရဲ့အစိအမံအောက်မှာ သွားစိစစ်နိုင်မှာဖြစ်ပါသဖြင့် မည်သို့မျှ ဖြစ်ရပ်အမှန်ဖေါ်ထွက် လာပေလိမ့်မည်မဟုတ်ပေ။ ပြီးခဲ့သောအပတ်က မန်းတလေးတိုင်းကမွတ်စလင်ပြည်သူဆီမှကောက်ခံရရှိသော ဇကာသ် ငွေဖြင့် ရခိုင်ပြည်ရှိမွတ်စလင်တွေကိုလှုရန်သွားခဲ့သော်လည်း ရခိုင်အာဏာပိုင်တွေက စစ်တွေဆိပ်ကမ်းမှတက်ခွင့်မပေးခဲ့ရာ အဆိုပါသင်္ဘောသည်ယနေ့အထိရေပြင်ထဲမှာ စောင့်ဆိုင်းနေရပါသည်။ နိုင်ငံတကာမှကော်မတီတွေကိုအစိုးရကလွတ်လပ်စွာစိစစ်ခွင့်ပေးမည်မဟုတ်ပေ။ ဒါကြောင်းမို့နိုင်ငံတကာမှာရောက်ရှိနေသော ရိုဟင်ဂျာအရေးထက်ကြွစွာလုပ်ရှားနေသူများကို ကျနော်ပြည်တွင်းကနေမှာစေ ချင်တာက.... နိုင်ငံတကာမှလာကြမဲ့ကော်မတီတွေကို လွတ်လပ်စွာစိစစ်နိုင်ရေးအတွက်အစိုးရဆီတောင်းဆိုခိုင်းပါ။