နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ (၃) | ဌေးလွင်ဦး
နိုင်ငံတစ်ရပ်ကို ဧရိယာ သတ်မှတ် ထူထောင်စဉ်- နိုင်ငံတော်အတွင်း ပါဝင်သူအားလုံး နိုင်ငံသား ဖြစ်၍၊ ထိုသို့ ဧရိယာမသတ်မှီကပင် နဂိုရှိရင်းစွဲ လူမျိုးနွယ်စုအားလုံး တိုင်းရင်းသား ဖြစ်သည်။ သို့သော် တိုင်းရင်းသားမှာ ခွဲခြားသတ်မှတ်ခံ နိုင်ငံနယ်ခြားအလျှောက် သတ်မှတ်ချက်ကွဲသွားနိုင်သည်။ ဥပမာ- အခါ လူမျိုးစုသည် ထိုင်း၊ မြန်မာ၊ လာအို၊ တရုတ်၊ ဗီယက်နာမ်- ငါးနိုင်ငံ၌ ပျံ့နှံ့နေသည်။ ထိုလူမျိုးစုအား မြန်မာအနေဖြင့် တိုင်းရင်းသား သတ်မှတ်ရာတွင် မြန်မာနိုင်ငံသား အခါ လူမျိုးစုနှင့် ထိုင်းနိုင်ငံသား အခါ လူမျိုးစု ရှုပ်ထွေးမှု မရှိစေရန် သတ်မှတ် ရမည့် ဖြစ်သည်။
လက်ရှိမြန်မာနိုင်ငံအတွင်း ရှိသမျှသော တိုင်းရင်းသား အားလုံးမှာ အနည်းဆုံး နှစ်နိုင်ငံ၊ သို့မဟုတ် သုံးနိုင်ငံ၌ တည်ရှိနေသည်။ ဥပမာ ကချင်လူမျိုးစုသည် အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံတွင်လည်းကောင်း၊ ရခိုင်လူမျိုးစု သည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတွင်လည်းကောင်း၊ ရှမ်းလူမျိုးစုသည် မြန်မာ၊ တရုတ်၊ လာအိုနှင့် ထိုင်း နိုင်ငံတွင်လည်းကောင်း တည်ရှိနေသည်။ ၎င်းတို့မှာ နိုင်ငံကိုယ်စီ လွတ်လပ်ရေး ရယူ ဧရိယာ သတ်မှတ် ပြီးမှ ပြောင်းရွေ့သွားခဲ့ခြင်း မဟုတ်ဘဲ- သူတို့၏ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့ရာ အရပ်ဒေသအား နိုင်ငံတစ်ရပ်စီ က ဧရိယာ သတ်မှတ်စဉ် ပိုင်းခြားခံလိုက်ရခြင်းသာ ဖြစ်သည်။ သို့အတွက် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မိမိ၏ ဧရိ ယာအတွင်း ပါဝင်လာသော နယ်မြေမှ တိုင်းရင်းသားအစုကို အတည်ပြုသတ်မှတ်ပေးရမည် ဖြစ်သည်။
အနီးဆုံးနှင့် အလွယ်ကူဆုံး ဥပမာတစ်ခုမှာ ၁၉၉၀ နောက်ပိုင်းတွင်မှ ဒဂုံမြို့သစ်များကို တည်ဆောက်၍ ရန်ကုန် ဧရိယာအား ချဲ့လိုက်သောအခါ- ပဲခူးတိုင်းပိုင်ဖြစ်သော ငမိုးရိပ်ချောင်း၏အရှေ့ဘက် တိုးကြောင်ကလေးမှသည် တိုင်းရင်း (၃)၊ ဇက်ပင်၊ လေးဒေါင့်ကန် အားလုံး ရန်ကုန်တိုင်းဧရိယာထဲ၌ ပါဝင်သွားသည်။ ၁၉၉၂ ခုနှစ်ထိ စံပြဈေးအလွန် ငမိုးရိပ်တံတားထိပ်နားမှ တိုးကြောင်လေး ဘုန်းကြီးကျောင်း- ဆိုင်းဘုတ်သည် “ပဲခူးတိုင်း” ဟူ သည့် ခေါင်းစီးအောက်၌ ရှိခဲ့သည်။ ထိုနယ်မြေတို့အား ရန်ကုန်တိုင်းဟု သတ်မှတ်လိုက်သောအခါတွင် အဆိုပါ အရပ်ဒေသများမှ လူသားများ မြေများ အိုးအိမ်များ ဘုရားကျောင်းကန်များအားလုံး ရန်ကုန်တိုင်းအတွင်းသို့ ပါလာခဲ့သည်။-
ထိုဒေသမှ လူများအား- “ဤနယ်မြေအား ရန်ကုန်တိုင်းဟု သတ်မှတ်လိုက်ပြီ၊ သို့ဖြစ်၍ သင်တို့ ပဲခူးတိုင်းသား များအနေဖြင့် ဤနေရာမှ စွန့်ခွာလျှက်- ပဲခူးတိုင်းထဲမှ တစ်နေရာရာတွင် အခြေချကြ၊”ဟု မောင်းထုတ်ခွင့်မရှိ ချေ။ ရန်ကုန်အစိုးရအနေဖြင့် ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်းလည်း မရှိခဲ့ချေ။ ဧရိယာ မသတ်မှတ်မှီက ရှိနေခဲ့သော လူ၊ မြေ၊ ဘုရားကျောင်းကန်နှင့် ရှိသမျှသော ၀တ္ထုတို့မှာ ခေါင်းစဉ်ပြောင်းသွားသော အရိပ်အောက်သို့ ရောက်ရှိခဲ့ ခြင်းသာ ဖြစ်သည်။
အလားတူပင် နယ်စပ်ဒေသမှ တိုင်းရင်းသားတို့သည်လည်း သက်ဆိုင်ရာ ဧရိယာ သတ်မှတ်ချက်အလျှောက် အရိပ်လွှမ်းမိုးမှုအား ခံလိုက်ရခြင်းသာ ဖြစ်သည်။
မြန်မာနိုင်ငံဟု သတ်မှတ်ထားသော ဧရိယာထဲတွင် ဧရိယာ နယ်နမိတ် သတ်မှတ်စဉ် တည်ရှိနေသော တိုင်းရင်း သားတို့မှာလည်း ထိုပုံစံနှင့် တစ်ထပ်တည်း တူညီနေပေသည်။ သို့သော် မီဇိုချင်း၊ ကိုးကန့်နှင့် ရိုဟင်ဂျာတို့မှာ တိုင်းရင်းသားဟု သတ်မှတ်မှု၌ အငြင်းပွားဘွယ် ဖြစ်နေပေသည်။
ထိုသုံးမျိုးအနက်တွင်မှ ရိုဟင်ဂျာတို့၏ ပြသနာမှာ အကြီးကျယ်ဆုံးဖြစ်နေ၍ ကိုးကန့်ပြသနာမှာ အမှေးမှိန်ဆုံး ဖြစ် နေသည်။ ထိုသို့ဖြစ်နေရခြင်း အရင်းအမြစ်မှာ ရိုဟင်ဂျာများက အစ္စလာမ်သာသနာကို ကိုးကွယ်၍ ယဉ် ကျေးမှုဓလေ့ သီးသန့်ဖြစ်နေကာ ကိုးကန့် များက ဗုဒ္ဓဘာသာနှင့် ၀င်ရောနိုင်သောကြောင့် ဖြစ်သည်။ မီဇိုချင်းတို့ မှာ ယဉ်ကျေးမှုဓလေ့ သီးသန့်ဖြစ်သော်လည်း ခရစ်ယာန်ဖြစ်နေသဖြင့် မွတ်စလင်နှင့် နှိုင်းယှဉ်လျှင် ပြသနာအ ရေးနောက်သို့ ဆုတ်နေပေသည်။
ထိုလူသားမျိုးနွယ်တို့၏ သမိုင်းကို သေချာစွာ လေ့လာသင့်သည်။ (ကျွန်ုပ်ယုံကြည်သည်မှာ မြန်မာ သမိုင်း ပညာရှင်များ အနေဖြင့် ဤမျှ ဗဟုသုတမဲ့မည် မဟုတ်ပါ။ သို့သော် အမျိုးသားရေးနှင့် ဘာသာရေးအယူ ရော ပြွန်းလွှမ်းမိုးစိတ်က အမှန်တရားအား ဖုံးဖိထားခြင်းသာ ဖြစ်တော့သည်။) ထို့နောက် ကျောသားရင်သား မခွဲခြား သော တိကျပြတ်သားသည့် ဥပဒေဖြင့် တစ်နိုင်ငံလုံးအပေါ်၌ ကျင့်သုံးသင့်သည်။ ဥပဒေအား မျက်နှာလိုက် တတ်သော အမျိုးသားရေးဝါဒီတို့သည် အနိုင်ကျင့်ခံရသော တိုင်းရင်းသားတို့ အပေါ်၌သာ မဟုတ်ဘဲ- မိမိ အချင်းချင်းလည်း ဗိုလ်ကျလိုစိတ် ဖိစီးနေမည်သာ ဖြစ်သည်။ ထိုသို့သော လူသားများက တိုင်းပြည်ကို ဦးဆောင်ခွင့်ရနေလျှင် သို့မဟုတ် ပြည်သူများက ထိုသို့သော ခေါင်းဆောင်များအား လိုလားနေလျှင် ထိုတိုင်း ပြည်အနေဖြင့် မည်သို့မှ လူရာဝင်တိုးတက်လာမည် မဟုတ်ပေ။ တစ်တိုင်းပြည်လုံး နစ်နာရမည့် ချောက်ထဲသို့ သာ ဦးတည်နေပေသည်။
ရိုဟင်ဂျာ အရေး ပြသနာ၌ - “ရိုဟင်ဂျာ” ဟူသည့် အမည်နာမသည်လည်း ဆွေးနွေးစရာ တစ်ရပ် ဖြစ်နေသည်။ လွတ်လပ်ရေး ရပြီး မြန်မာနိုင်ငံ၌ မြန်မာတို့၏ ပထမဆုံး အစိုးရအနေဖြင့် “ရိုဟင်ဂျာ” ဟူသည့် ဝေါဟာရအား တရားဝင်လက်ခံလျှက် တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုခဲ့သည်။ ၎င်းသည်ပင် မြန်မာနိုင်ငံဟု နယ် နမိတ်သတ်မှတ်စဉ် “ရိုဟင်ဂျာ- ဟူသည့် ဝေါဟာရဖြင့် လူမျိုးစု တည်ရှိနေသည့် ခိုင်လုံသော အထောက် အထားဖြစ်သည်။ လွတ်လပ်ရေး ရယူစဉ်က မရှိ ခဲ့ဘဲလျှက် နောက်နောင်မှ ၀င်လာခဲ့သော်- အငြင်းပွားနေမှုမှာ ယုတ္တိတန်လှသည်။
သူတို့အား “ဘင်္ဂလီ” ဟု သမုတ်ခေါ်ဝေါ်နေခြင်းသည် လူမျိုးတစ်မျိုးအား မတော်မတရား စွပ်စွဲနေခြင်းသာ ဖြစ်သည်။ ၎င်းတို့နှင့် စစ်တကောင်းလူမျိုးတို့ အနွယ်အားဖြင့် တူညီသော်လည်း- မြန်မာဟူသည့် လူမျိုးထဲတွင် ပင် မြန်မာ၊ ရခိုင်၊ အင်းသား၊ ကန့်ဂေါ၊ ထားဝယ် ဟူ၍ လူမျိုးစု ထပ်မံကွဲပြားနေသကဲ့သို့- ရိုဟင်ဂျာ ဟူသည် စစ် တကောင်းလူမျိုးမှ ထပ်ဆင့်ကွဲသော လူမျိုးစု တစ်စု ဖြစ်သည်။ ဗမာမှ ရခိုင်တို့အား သီးခြားတိုင်းရင်းသား သ ဖွယ် လက်ခံနိုင်ပါလျှက် “စစ်တကောင် လူမျိုးနွယ် (၎င်းသည် ဘင်္ဂလီနှင့် လုံးဝ မတူပါ၊ -ဗမာနှင့် ရှမ်းကဲ့သို့ ဖြစ်သည်)မှ “ရိုဟင်ဂျာ”တို့အား သီးခြား လက်မခံနိုင်ခြင်းမှာလည်း အလွန်တရာ ဗဟုသုတ လိုအပ်နေခြင်းသာ ဖြစ်ပေသည်။ စစ်တကောင်းလူမျိုးနှင့် ရိုဟင်ဂျာ လူမျိုးတို့မှာ ဘာသာစကား၊ ဓလေ့ထုံးတမ်း အရ၊ ဗမာနှင့် ရခိုင် တို့ထက် ပိုမိုကွဲပြားလျှက် ရှိနေသည်။
လူမျိုးတစ်မျိုး၏ အကြောင်းဇစ်မြစ်အား ပြည့်စုံစွာ မသိဘဲလျှက် သော်လည်းကောင်း၊ သိနေလျှက် ဖုံးဖိထား လျှက်သော်လည်းကောင်း အမျိုးသားရေးဝါဒီများ လွှမ်းမိုးသော ဓါတ်ခံဖြင့် သော်လည်းကောင်း- ကမ္ဘာ့အလည် ၌ ဗြောင်လိမ်နေရသည့် ဒုက္ခမှာ သိက္ခာမဲ့လွန်း၍- ရှက်ဖွယ်လိလိပင် ဖြစ်ပေသည်။
မြန်မာ သမိုင်းဆရာများ အနေဖြင့်သော်လည်းကောင်း၊ ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် သော်လည်းကောင်း မိမိတို့၏ သိက္ခအား မိမိတို့ ကိုယ်တိုင် ကာကွယ်စောင့်ရှောက်သင့်ပေသည်။ သို့မဟုတ် မိမိ တို့ဘက်မှ လုံးဝမှန်ကန်သည်ဟု ယူဆလျှင်- တိကျသေချာသော အထောက်အထားများဖြင့် ကမ္ဘာ့ကုလသမဂ္ဂ သို့မဟုတ် ကမ္ဘာ့ခေါင်းဆောင် ကိုယ်စားလှယ်များရှေ့မှောက်၌ အခိုင်အမာ နှစ်ဦးနှစ်ဘက် ဆွေးနွေးတင်ပြ ဆုံး ဖြတ်သင့်ပေသည်။
ပြည်ထောင်စု ဟူသည့် သဘောအား မကျေညက်ဘဲလျှက် ပြည်ထောင်စု တစ်ခု ထူထောင်မည်ဟု ကြွေးကြော် နေခြင်းမှာ စိတ်ကူးယဉ်မှု တစ်ခုသာ ဖြစ်ပေသည်။ လူမျိုးတူ၊ ဘာသာတူချည်း စုနေသည့် အရပ်ဒေသအား ပြည်ထောင်စုဟု မည်သို့မျှ ခေါ်တွင်နိုင်ခြင်း မရှိပေ။
ဌေးလွင်ဦး
နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ (၁) : ဒီမှာဖတ်ရန်
နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ (၂) : ဒီမှာဖတ်ရန်
i think tge main priblem here is not race ir religion...this us due to bangalis overbreeding...they must mit marry mire than a wife & should take less than 2...unless he us rich enough to support his family...this will be good for bangalis to achieve better live while can lessen the worries if locals where traditionally they r enjoying low birth rate
1948 nationality law- those who is born in myanmar, both of his/her parents are born in myanmar and his/her grandparents are of mysnmar origins or reside in myanmar..... even if we apply this law,i think about 30% bangalis are entitled for citizenship....since majority r migrated during 1930s....to grow rich in arakan...
OK... It's not time for more wrangling. Whoever is Rohingya, wherever they came from, whatever it is. Now is crystal clear that Burma will never ever accept Rohingya as a citizen. By sympathy as a human, they all will be sent to the Refugee Camps maybe further away from Rakhine State. Because there is no way to open Refugee Camps in Rakhine as they (Rohingya) are all time making too much nuisance to the native people.