Latest Highlight

မြန်မာနိုင်ငံ၏တရားသောလှည့်စားမှု



မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ကိုယ်ပိုင်အကောင်းဆုံးသစ္စာဖောက်မှုဖြင့် စစ်အာဏာရှင် ကို န လန်ထူနိုင်အောင်ဖေးမပေးခြင်း၊

မြန်မာနိုင်ငံအနောက်ပိုင်းတွင်လူများစုဖြစ်သည့်ဗုဒ္ဓဘာသာဝင်များနှင့်လူနည်းစုဖြစ်သည့်မွတ်စလင်များကြား ဂိုဏ်းဂဏနစွဲအဓိကရုဏ်းမှ နှစ်ဖက်စလုံးတွင်လူပေါင်းများစွာအသက်ဆုံးရှုံးခြင်း၊ အရေ အတွက် အကန့်အ သတ်မရှိအိုးအိမ်များဖျက်ဆီးခြင်းတို့အပြင် လူပေါင်းများစွာ ဒုက္ခ သည်ဘ၀ သို့ ရောက် ရှိ သွားသည်။ 

လူမျိုးရေးပဋိပက္ခတွင်အခြားသောအရာများရှိသော်လည်း ထူးခြားသောထိရောက်မှုနည်းပါးသည်။ အရေးကြီးသည့်အချက်မှာနိုင်ငံရေးဦးတည် ချက်ပြောင်းလဲပေးရန်ဇာတ်လမ်းပုံစံဖြင့်အစပျိုးပေးခဲ့သည်။ အံ့သြဖွယ်ရာကောင်းလှသည်မှာ တရားမ၀င်ရောက်ရှိနေထိုင်နေသောမွတ်စလင် များ မှတည် ငြိမ်းအေး ချမ်းစွာနေ ထိုင်သောမြန်မာအသိုင်းအ၀ိုင်းအားခြောက်လှန့်နေသည့်အသွင်ဖြင့် ထင် ရှားသောမြန်မာ့ဒီမိုကရေစီအရေးလှုပ် ရှားသူများမှပြည်သူလူထု၊ စစ်တပ်နှင့်ပူးပေါင်း၍ မွတ် စလင်များ ကိုမောင်းထုတ်ရန်စီစဉ်ခဲ့သည်။ 

လွန်ခဲ့သည့်တစ်နှစ်ကျော်အချိန်ကအာဏာရခဲ့သောစစ်တပိုင်းအစိုးရမှ စစ်တပ်ကိုပြည် သူလူ ထု ကာကွယ် သူများအသွင်သို့ပြောင်းလဲခဲ့သည်။ လွှတ်တော်အတွင်းရှိတာဝန်ရှိသူများ၊ နိုင်ငံတ ကာရောက်မြန်မာ့အရေး လှုပ်ရှားသူများမှ တောင်အာရှအနွယ်ဝင် ရှစ်သိန်းခန့်ရှိသောရိုဟင်ဂျာ များ သည်နိုင်ငံ အတွက်စစ်တပ် ထက်ပင်ပို၍ကြောက်မက်ဖွယ်ရာကောင်းသည်ဟုထင်မြင်ယူဆခဲ့ကြသည်။ ထိုစစ်တပ်သည် ရိုဟင်ဂျာများကို ဆယ်စုနှစ်များစွာဖိနှိပ်သကဲ့သို့ ထောင်ပေါင်း များစွာအစိုး ရ ဆန့်ကျင်ရေး သမားများကို အကျဉ်းချ ၍သော်လည်းကောင်း၊ နိုင်ငံပြင်ပသို့ရောက်စေ ခြင်းဖြင့်လည်းကောင်း၊ ဖိနှိပ်ခဲ့သည့်စစ်တပ်ပင်ဖြစ်သည်။ ဤသို့ဖြစ်ပွားရခြင်းမှာလည်း နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကိုဆန့်ကျင်နေသည့် စစ်တပ်နှင့် လူနည်းစု တိုင်းရင်းသားများအကြားဖြစ်ပွားနေသောပြည်တွင်းစစ်ကဲ့သို့၊ နိုင်ငံတော်ပြုပြင်ပြောင်း လဲရေး အသွင် ကူးပြောင်း မှုကို မလိုလားသောအဖွဲ့အစည်းအချို့မှာတစ်ဖွဲ့ကြောင့်ဖြစ်မည်။ 

နိုင်ငံတော်အစိုးရမှအမျိုးသားရေးအစွန်းရောက်များ၏ရပ်တည်ချက်များကိုလက်ဆောင်အဖြစ်ရလိမ့်မည်။ ၁၉၆၇ ခုနှစ်တရုတ်ဆန့်ကျင်ရေး အုံ့ကြွမှု၊ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်ရိုဟင်ဂျာဆန့် ကျင်ရေး အုံ့ကြွမှု တို့ကို ကြည့်ခြင်းအားဖြင့် ယခုတလောဖြစ်ပွားနေသောရိုက်နှက်သတ်ဖြတ် အုံ့ကြွမှုတွင် အစိုးရပါ ၀င်ပတ် သက်နေသည် ဟုယုံကြည်ရသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှထုတ်ပြန်ချက်အရ - နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များမှလတ်တလောဖြစ်ပွားနေသောအကြမ်းဖက်မှု၌ တိုင်းရင်းသားလူ နည်းစုရိုဟင်ဂျာများ ကိုညှင်းပန်းနှိပ်စက်နေသည်ဟုသိရသည်။ လက်ရှိဖြစ်ပွားနေသောအုံ့ကြွမှုသည် အစိုးရမှရင် ဆိုင်နေရသော မြန်မာနိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားနေသောပြည်တွင်းစစ်၊ လျှပ်စစ်မီတာခ များတိုး၍ကောက်ခံခြင်း ကြောင့်ဖြစ်ပွားလာသောအုံ့ကြွမှုနှင့် ရန်ကုန်မြို့အနှံ့အပြား တွင်ဖြစ်ပေါ်နေသော အလုပ်သမားများအုံ့ကြွမှုတို့ကိုအာရုံ ပြောင်းစေရန်ဖန်တီးသည့်အုံ့ကြွမှုကြီးဖြစ်သည်။ ထိုအုံ့ကြွမှု ကြီးသည်လည်း ဒေါ်အောင်ဆန်းစုကြည်အားအလွန်ခက်ခဲသောအခြေအနေသို့ တွန်းပို့ခြင်း၊ နိုင်ငံရေး အရ လက်မခံနိုင်သောအခြေအနေအဖြစ်သို့တွန်းပို့ခြင်း (ရိုဟင်ဂျာကိုကာကွယ်ခြင်းဖြင့် ထောက်ခံ မဲအများစုဆုံးရှုံးခြင်း) တို့ကိုဖြစ်စေသည်။ တစ်ယူသန်သမားများ ကိုပြည်သူ့ အကျိုး လို လားသော ၀ါဒီများအဖြစ်သို့ပြောင်းလဲ၍ထုတ်ပေးခြင်းလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှပြောကြားရာတွင် မပြတ် မသားပြောကြားခြင်းနှင့် မြန်မာနိုင်ငံ၏နိုင်ငံသားဥပဒေကိုပြင်ဆင်ရန်ကို ယခုပြဿနာ ဖြေရှင်း ရန်နည်း လမ်းအဖြစ်ရွေးချယ်၍ပြောကြားခဲ့သည်။ 

ယခုရိုဟင်ဂျာဆန့်ကျင်ရေးကိုဦးဆောင်သူမှာ၂၀၁၀နိုဝင်ဘာရွေးကောက်ပွဲတွင်ရခိုင်ပြည်နယ်တွင်ဒုတိယနေရာအများဆုံးအဖြစ်အနိုင်ရခဲ့သော ရခိုင်အမျိုးသားတိုးတက်ရေးပါတီဖြစ်သည်။ ထိုပါတီ မှကြေ ညာချက် ထုတ်ပြန်ရာတွင် ရိုဟင်ဂျာလူများကို တရားမ၀င်အခြေချနေထိုင်သော ဘင်္ဂလီများဟုရေးသားပြီး လူဦးရေတိုးပွား မှုသည်အလွန်စိုးရိမ်ဖွယ်ရာသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ ရိုဟင်ဂျာများ ကိုရခိုင်များနှင့်ရောနှော၍ မထားရန်နှင့်နိုင်ငံခြားနိုင်ငံများသို့ပို့ရန်ရေးသားခဲ့သည်။ ပါတီခေါင်းဆောင်ဒေါက် တာအေးမောင်မှ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံအားဒီမိုကရေစီ နိုင်ငံသို့ပြောင်း လဲရန်အကြီး မားဆုံး အခွင့်အရေးဟုပြောဆိုပြီး လွှတ်တော်သို့တက်ရောက်ရန်လွန်ခဲ့သောဧပြီလတွင်ကြိုဆိုခဲ့သည်။ များမကြာမီ တွင်မြန်မာနိုင်ငံအား အစ္စရေးနိုင်ငံကဲ့သို့ပြောင်းလဲရန်ပြောဆိုခဲ့သည်။ အစ္စရေးနိုင်ငံသည် ပါလက်စတိုင်းတို့၏နယ်မြေကိုအနိုင်ကျင့်၍ ထိန်းသိမ်းနေခြင်းဖြစ်သည်။ ဒေါက်တာအေးမောင်မှမြန် မာပြည်  သူလူထုကိုဉာဏ်နီဉာဏ်နက်သုံး၍ ရခိုင်ပြည်ကိုအကြိမ်ကြိမ်ကျူးကျော်လာ မည့်ရိုဟင်ဂျာများ ကိုမောင်း ထုတ်ခြင်းဖြင့် ရခိုင်ပြည် ကို ကာကွယ်ရန်ပြောဆိုသည်။ 

အေးမောင်တစ်ဦးတည်းမဟုတ်ပဲ ဘာသာရေးတာဝန်ရှိသူများ၊ ဒီမိုကရေစီအရေးလှုပ်ရှားနေသောသူများမှ နာဇီတို့၏လူမျိုးရေးဘာသာရေး ဖိနှိပ်မှုအသွင်ကိုဆင်တူယိုးမှားတု၍ အဓိကပါဝင်လှုပ်ရှားနေကြသည်။ ၁၉၈၈ ဒီမိုကရေစီအရေးအခင်းအပြီးနှစ်ပေါင်းများစွာအကျဉ်းချခံခဲ့ရ သောကျောင်းသားခေါင်းဆောင်၊ စစ်တပ်အားဆန့်ကျင်သူကိုကိုကြီးမှ ရိုဟင်ဂျာများသည်အကြမ်းဖက်သမားဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တိုင်းရင်းသားမျိုးနွယ်စုမဟုတ်ကြောင်းအခိုင်အမာပြောဆိုသည့်အပြင် မြန်မာနိုင်ငံ၏အချုပ်အချာအာဏာကိုထိပါးနေကြောင်းပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုမှုသည် လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့်အစိုးရဦးဆောင်သူအမာလိုင်းသမားဖြစ်သော ဌေးဦးကိုရိုင်းပင်းကူညီစောင်မခြင်းသာ ဖြစ်သည်။ ဌေးဦးမှနဂါးမင်းစီမံချက်ကဲ့သို့ပြန်လည်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့ရာတွင်မူဂျာဟစ်ဆန့်ကျင်ရေးဟုဆိုကာ ၁၉၇၀ ခုနှစ်များတွင်ပြုလုပ်ခဲ့ပြီး၊ ရိုဟင်ဂျာများစွာကိုဖမ်းဆီး၍နှိပ်စက်ခဲ့သည်။ နောက်ဆုံးတွင်ရိုဟင်ဂျာနှစ်သိန်းကျော်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။ 

အကြမ်းဖက်ခြင်းအကြောင်းပြ၍ရိုဟင်ဂျာများကိုညင်သာစွာခွဲခြားလိုက်ခြင်းဖြစ်သည်။ နိုင်ငံအများ အပြားတွင်ရှိသည့်လွတ်လပ်သောတော်လှန် ရေးသမားများ ပမာလက်နက် ကိုင်ခဲ့သော်လည်း လက်နက် ကိုင်လမ်းစဉ် ကိုလွန်ခဲ့သောဆယ်စုနှစ်ကျော်တွင်စွန့်လွှတ်ခဲ့သည်။ လူတချို့မှ ယခုကဲ့သို့ လူမျိုးရေး ခွဲခြားခြင်း များ မည်ကဲ့သို့ရောက်ခဲ့ရသနည်းမေးမြန်းရာတွင် - စက်တင်ဘာလ ၁၁ တွင်ပါဝင်ခဲ့သော အလ်ကိုင်ဒါနှင့် ဆက်နွယ်မှုရှိ သည်ဟုစွပ်စွဲသော်လည်း အထောက်အထားမခိုင်လုံပဲ၊ ပြစရာသက်သေမရှိပဲ မလိုမုန်းတီးမှုများဖြင့် စွပ်စွဲနေခြင်းသာဖြစ်ကြောင်း ထင်ရှားသည်။ 

နိုင်ငံတကာတွင်အမွှန်းတင်ခံရ၍နာမည်ကြီးနေသောအစိုးရဆန့်ကျင်ရေးသမားများ၏ အပြင်ပန်း ကျင့်စဉ်ကျင့်ဟန်များကိုမည်ကဲ့သို့မှတ် ကျောက်တင်စီစစ်မည်နည်းဟုမေးခွန်းထုတ်လာပါက ဒီမိုကရေစီ လှုပ်ရှားမှုကိုမှန်ကန်စွာအဓိပ္ပာယ်ဖော်ဆောင်ရာတွင်အငြင်းအခုံဖြစ်စရာ ရှိနေသေး သည်ဟုထင်မှတ်ရပေသည်။ ကျွန်ုပ်တို့အနေနှင့်မိမိကိုယ်မိမိဆန်းစစ်သင့်သည်မှာ ကျွန်ုပ်တို့လက်ခံ သည့်ဒီမိုကရေစီသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့်စံညီသောဒီမိုကရေစီလော၊ သို့တည်းမဟုတ် စစ်အစိုးရ၏အလိုကျလူမျိုးစုများအကြားသည်းခံနိုင်မှုကင်းမဲ့သည့် ဗန်းပြဒီမိုကရေစီလော။ မြန်မာအစိုးရအတိုက်အခံများအနေဖြင့် အစိုးရ၏မူဝါဒများဆိုင်ရာကိုအကြံပေးရန်မကြိုးစားပဲ ရိုးစင်းစွာအစိုးရကိုဆန့်ကျင်နေကြသည်။ Harvard ၏ လူ့အခွင့်အရေး Carr Centre မှ Elliot PrasseFreeman အီးမေးလ်ရေးသားရာတွင် - အခုတော့ရှင်းရှင်းလင်းလင်းသိခဲ့ရပြီ၊ သူတို့ရဲ့လူ့အ ခွင့်အရေးဆိုတာနိုင်ငံတော်အာဏာကိုဆန့်ကျင်ရုံပဲ၊ နိုင်ငံရေးများနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးနဲ့သူတို့မရပ်တည်နိုင်ခဲ့ဘူး - ဟုပါရှိသည်။ 

အစိုးရဆန့်ကျင်ရေးသမားများမည်သည့်အတွက်ကြောင့်ရပ်တည်ခဲ့ရသနည်း။ ထိုသူများ၏ရုပ်ပုံများအနည်းငယ်ဖုံးအုပ်နေပါသည်။ အစိုးရဆန့် ကျင်ရေးသမား များအားလုံးကိုဆိုလိုခြင်းမဟုတ်သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အများစုမှာ ရိုဟင်ဂျာများတူညီသောအခွင့် အရေးရသင့်ခြင်း၊ မရသင့်ခြင်းနှင့်ပတ် သက်၍ထိုကဲ့သို့ရပ်တည်နေခြင်းဖြစ်သည်။ 

သို့သော်ရိုဟင်ဂျာများအရေးကိုကိုင်တွယ်လိုသူများသည် အစဉ်အလာရှိခဲ့သောတူညီစွာအခွင့်အရေးရရှိရေး နိုင်ငံတကာလူ့အခွင့်အရေးများကို စွန့်ပစ်လိုက်ပြီး၊ ဒီမိုကရေစီအမည်တပ်၍ သူစိမ်းရန်ကြောက်ြ ခင်း တရား များဟောခြင်းဖြင့်အစားထိုးခဲ့သည်။ အခြားသူစိမ်းရန်ကြောက်ခြင်း အကြောက်တရားသည် မြန်မာအသိုင်းအ၀ိုင်းအတွင်းဖြစ်ပြီး၊ ထိုကဲ့သို့အကြောက်တရားများကိုလွန်ခဲ့သောရာစုနှစ်၌ တရုတ် ဆန့်ကျင်ရေး၊ အိန္ဒိယဆန့်ကျင်ရေးအုံ့ကြွမှုများတွင်သာကြုံတောင့်ကြုံခဲတွေ့ခဲ့ရသည်။ လွန်ခဲ့သောနှစ် ၅၀ အတွင်းဖြစ်ပွားခဲ့သော စစ်တပ်နှင့်ပြည်သူလူထု ကြား၊တိုက်ပွဲများအကြောင်းမှာ လည်း အဖြူအမည်းသဲကွဲ၍သရုပ်ပေါ်နေသည်။ 

ဒီမိုကရေစီအင်အားစုများ၏အသံများသည်လည်းတိုင်းရင်းသားလူနည်းစုနှင့်ပတ်သက်၍သွားပုပ်လေလွင့်ပြောဆိုခြင်း၊ လူမျိုးရေးခွဲခြားခြင်း တို့ကို၎င်းတို့၏ရှေးအစဉ်အလာရန်သူဖြစ်သည့်စစ်တပ်နှင့်တူညီနေသည်။ ထိုသို့ရပ်တည်မှုသည် ရိုဟင်ဂျာသည်တနိုင်ငံလုံးအတွက် ခြိမ်းခြောက်မှုဖြစ်သည် ဟုဆိုနေသော် လည်းအဘယ်ကြောင့်ဆိုသည်ကိုရှင်းပြခြင်းမရှိပဲရပ်တည်နေခြင်းဖြစ်သည်။ ရိုဟင်ဂျာများသည် အမိုးပွင့် ထောင်ထဲတွင်နေရကဲ့သို့ဖြစ်ပြီး ခရီးသွားလာခွင့်များကိုလည်းကန့်သတ်ထားသည့်အပြင် အလွန်တင်းကျပ်စွာထိန်းသိမ်းရာတွင်နိုင်ငံအားခြိမ်း ခြောက်ရန်အခွင့်အလမ်းအနည်းငယ်သာရှိသည်။ ထိုကဲ့သို့စဉ်းစားခြင်းမှာလည်းအကြောင်းအရာအနည်းငယ်သာဖြစ်သည်။ 

ယခုကဲ့သို့ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည်ပြင်ပမှသူ များ၏ခြိမ်းခြောက် မှုကိုအချိန်ကြာမြင့်စွာ ခံခဲ့သည်ဟုယူဆနေခြင်းမှာ - ပြင်ပကမ္ဘာနှင့် သီးခြားနေခဲ့ရခြင်း၊ စစ်အစိုးရ၏ ရိုဟင်ဂျာများသည် ဂျီဟာဒ်လုပ်မည့်သူများ၊ လူနေမှုအဆင့်အတန်းမပြည့်ဝသူများ၊ ဘာသာရေးအရသိမ်း သွင်းသူများ၊ မုန်းတီးစရာကောင်းသော ပုံပန်းသဏ္ဍန်ရှိသူများဟုဝါဒဖြန့်ချီခဲ့ခြင်းကြောင့်ဖြစ်သည်။ ဟောင်ကောင်နိုင်ငံကောင်စစ်ဝန်ရဲမြင့် အောင်၏စာတွင်ရေးသားရာတွင် ရိုဟင်ဂျာများသည် အခြားသောမြန်မာ များ၏သင့်တင့်သောအသားအရောင်နှင့်နှိုင်းယှဉ်ပါက ဘီလူးများကဲ့သို့ ရုပ်ဆိုးသည် ဟုပါရှိသည်။ 

ရိုဟင်ဂျာများ၏မူရင်းနိုင်ငံကိုအမြဲတစေဝေဖန်နေကြသည်။ ရိုဟင်ဂျာဆန့်ကျင်ရေးသမားများမှ ရိုဟင်ဂျာများသည် ၁၉၆၀ နှစ်ပိုင်းတွင်ရခိုင် ပြည်နယ်သို့ရောက်ရှိလာကြသည်ဟုပြောကြားသော်လည်း၊ ရိုဟင်ဂျာခေါင်းဆောင်များကမူ ရှေးယခင်မျိုးနွယ်များမှရခိုင်ပြည်တွင်ရာစုနှစ် ပေါင်းများစွာ ရှိနေခဲ့ သည်ဟုပြောသည်။ အများစုမှပြောကြားသည်မှာဤအကြောင်းအရာကြောင့်သာရိုဟင်ဂျာများကိုအစိုးရနှင့်ပြည်သူလူထုမှ လူမဆန်စွာညှင်းပန်းနှိပ်စက်နေခြင်းဖြစ်သည်ဟုဆိုသည်။ ရိုဟင်ဂျာများသည်ယခုမှရောက်ရှိလာသူများမဟုတ်ဟုအငြင်းပွားလျှင် ဒီမိုကရေစီ အရေးလှုပ်ရှား သူများ အတွက်လွန်စွာခက်ခဲသွားပြီး၊ ရိုဟင်ဂျာများကို စတင်ညှင်းပန်ြး ခင်းပြု ခဲ့သော အစိုးရနှင့် ထပ် တူသော အသံသာထွက်ပေါ် လာသည်။ 

နိုင်ငံအတွင်းတွင်ဥပဒေနှစ်မျိုးဖြင့်အုပ်ချုပ်နေသည်။ ရိုဟင်ဂျာများသ ည် အခြားသောနိုင်ငံ သားကဲ့သို့အခွင့်အရေးမရသည့်အပြင်၊ များမကြာမီက ပြည်တွင်းသို့ရောက်ရှိလာသော တရုတ်များကဲ့သို့ပင် အခွင့်အရေးမရရှိကြပါ။ တရုတ်များ၏လူဦးရေ သည်ရိုဟင်ဂျာထက် အဆပေါင်းများ စွာကြီး မားသည်။ ရိုဟင်ဂျာလူနည်းစုသည် တရုတ် လူများစု ထက်ပို ၍ခြိမ်းခြောက်နေသလော။ ကျွန်ုပ်တို့အား တစုံတဦးမှသေချာရှင်းလင်းစွာပြောဆို မှသာအဘယ် ကဲ့သို့ခြိမ်းခြောက် မှုများရှိသည်ကိုဖြေကြားနိုင်မည်။ အင်္ဂလန်နိုင်ငံအခြေစိုက် Burma Democratic Concern ကဲ့သို့အဖွဲ့မှ ရိုဟင်ဂျာများသည် ယခင်ကရခိုင်ထောင်ပေါင်းများစွာသတ်ဖြတ်ခဲ့သည်ဟုစွပ်စွဲ၍ကြောက်လန့်အောင်ပြုလုပ်နေပြီး၊ အခြား အဖွဲ့ အစည်း များမှာ ရိုဟင်ဂျာကဲ့သို့ဒုက္ခသည်များကိုလက်မခံနိုင်ဟုအငြင်းပွားနေပါသည်။ 

မြန်မာနိုင်ငံ၏ပထမဆုံးစစ်အာဏာရှင် နေ၀င်းမှ ၁၉၆၀ ခုနှစ်များတွင်အိန္ဒိယများကိုမောင်းထုတ်၍၊ မွတ်စလင်များကိုစစ်တပ်သို့ဝင်ရောက် အမှုထမ်းခြင်းပိတ်ပင်ခဲ့ပြီး၊ ရိုဟင်ဂျာထောင်ပေါင်း များစွာကိုနိုင်ငံ အတွင်းမှမောင်းထုတ်ရန်မူဝါဒဖြင့် နိုင်ငံသားဥပေဒေကိုပြဋ္ဌာန်းခဲ့သည်။ ထိုမူဝါဒ သည်ဘာသာရေး စစ်ပွဲများအသွင်ဆောင်စေခဲ့ပြီး၊ မြန်မာနိုင်ငံသည်သီးခြားအဖြစ်ကမ္ဘာတွင်ရပ်တည်ခဲ့၍ စီးပွားရေးကျဆင်း ပျက်ဆီး ခဲ့ရသည်။ ယခုအခါဒီမိုကရေစီအရေး လှုပ်ရှားသူများသည် ရိုဟင်ဂျာများ ဆန့်ကျင်ရေး အတွက်နေ၀င်း၏အမွေအနှစ်ကိုဆက်လက်ခံယူနေကြ သည်။ 

အမှန်တကယ်အားဖြင့်လေးနက်စွာဆင်ခြင်ရန်လိုအပ်သည်။ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများသည် အနွှံတာခံမှု၊ ထောင်ပေါင်းများစွာ သေဆုံးခဲ့ခြင်း၊ နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ခြင်း တို့ကြောင်းနိုင်ငံတ ကာ၏အသိအမှတ်ပြုခြင်းကိုခံခဲ့ရသည်။ ၀မ်းနည်းစရာကောင်းသည့် အဖြစ်အပျက်ဖြစ် ပွားရေး အတွက်တိုက်ပွဲဝင်သူများသည် သူတော်ကောင်းအယောင်ဆောင်သူများဖြစ်ပြီး၊ ထိုသူ များကြောင့်နူး ညံ့သိမ်မွေ့သော မျှော်လင့်ချက်များပြိုကွဲပျက်စီးခဲ့ရသည်။ 

Francis Wade ၏ Burma’s misled righteous ကိုဆီလျော်အောင်ဘာသာပြန်သည်။ အဓိပ္ပာယ် လွဲမှားလျှင်ဘာသာပြန်သူ၏အားနည်းချက် သာဖြစ်ပြီး၊ RB ၏မှားယွင်းမှုမဟုတ်ပါကြောင်း။

မေယုနဒီ 


Write A Comment

Rohingya Exodus