Latest Highlight

စစ်တွေမြို့တွင်ဖျက်ဆီးခံခဲ့ရသောအိမ်ခြေများနှင့်ဗလီအရေအတွက်စာရင်း ။

မကြာမီကဖြစ်ပွားခဲ့သောစစ်တွေမြို့အဓိကရုဏ်း၌ အိမ်ခြေပေါင်း ၆၀၀၀ ကျော်နှင့် ဗလီ (၃၅) လုံးဖျက်ဆီး ခံခဲ့ရပါသည်။ ရခိုင်ပြည်နယ်အစိုးရမှ သတင်းစာရှင်းလင်းပွဲတွင် အိမ်ခြေ ၂၅၂၈ လုံးသာဖော်ပြခဲ့ပြီး အစ္စလာမ်ဘာသာဝင်များ၏ အိမ်ခြေ ၁၃၃၆ လုံးဟုပြောကြားခဲ့သော်လည်း အမှန်တကယ်မှာ ၆၀၀၀ ကျော်ရှိသည်ဟု ပြည်တွင်းမှသတင်းပေးပို့သည်။ အဆိုပါ သတင်းစာရှင်း လင်းပွဲတွင်အစ္စလာမ် ဘာသာ ၀င်များ၏ ဗလီ (၇) လုံးသာအဖျက်ဆီးခံခဲ့ရသည်ဟု အစိုးရတာဝန်ရှိသူ များမှာပြောကြားခဲ့သည်။ အမှန်အားဖြင့် ဗလီ (၃၅) လုံးနှင့် သင်္ချိုင်း တစ်ခုဖျက်ဆီး ခံခဲ့ရသည်။ 

ဖျက်ဆီးခံရသည့်ရွာများမှာအိမ်ခြေများစာရင်း

· နာဇီရွာ - အိမ်ခြေ ၃၆၀၀ ခန့် 

· အောင်ဘာလာရွာ - အိမ်ခြေ ၁၀၀ ခန့် 

· ဈေးဟောင်းမောလိပ် - အိမ်ခြေ ၆၀၀ ခန့် 

· ပလုပ်တောင် - အိမ်ခြေ ၂၀၀ ခန့် 

· မကျည်းမြိုင် - အိမ်ခြေ ၈၀ ခန့် 

· စံပြရပ်ကွက် - အိမ်ခြေ ၃၀၀ ခန့် 

· ပိုက်သည်ရွာ - အိမ်ခြေ ၉၀၀ ခန့် 

· သံတော်လီ - အိမ်ခြေ ၃၀၀ ခန့် 

· ဘုမေရွာ - အိမ်ခြေ ၁၀၀ ခန့် 

· ကျောင်းကြီးလမ်း - အိမ်ခြေ ၁၅၀ ခန့် 

ဖျက်ဆီးခံရသည့်ဗလီများစာရင်း

· နာဇီရွာ - ၁၆ လုံး 

· အောင်ဘာလာရွာ - ၂ လုံး 

· ဈေးဟောင်းမောလိပ် - ၁ လုံး 

· ပလုပ်တောင် - ၁ လုံး 

· မကျည်းမြိုင် - ၁ လုံး 

· စံပြရပ်ကွက် - ၃ လုံး 

· ပိုက်သည်ရွာ - ၅ လုံး 

· သံတော်လီ - ၂ လုံး 

· ဘုမေရွာ - ၃ လုံး 

· ကျောင်းကြီးလမ်း - ၁ လုံး 

နာဇီရွာမှဖျက်ဆီးခံခဲ့ရသောဗလီ (၁၆) လုံးမှာအောက်ပါအတိုင်းဖြစ်ပါသည်။ 

1. နာဇီအကွက် (၈) - ဗလီ + မဒ္ဒရာဆာ 

2. ၀ါးတန်းဗလီ 

3. မာရ်ကာဇ်ဗလီ 

4. သင်္ချိုင်းဗလီ + မဒ္ဒရာဆာ 

5. ချန်ဒေါ်ရီရွာဗလီ 

6. မကျည်းမြိုင်ဗလီ 

7. ကမန်ရွာဗလီ + မဒ္ဒရာဆာ 

8. ခါနာအီနုစ်ရွာဗလီ 

9. နယာဖာရာဗလီ 

10. သာလ်ဂချားဖာရာဗလီ 

11. သင်္ချိုင်းရွာဗလီ 

12. ကမန်ရွာ(တွင်း) ဗလီ 

13. သင်္ချိုင်းရွာအ၀င်ဗလီ 

14. ဒရမ်ဖာရာဗလီ 

15. ကုန်းတန်းဗလီ + မဒ္ဒရာဆာကြီး 

16. ကျောက်တော်၊ မနီဂါးရွာဗလီဟောင်းကြီး 


Rohingya Blogger News Desk 

  1. So bad. We can't do nothing for them.

  2. ကိုယ့်အိမ်ကို မီးပြန်ရှို့တာကိုများ...ဖျက်ဆီခံရတယ်လေးဘာလေးနဲ့.........အဟွတ်အဟွတ်...

Write A Comment

Rohingya Exodus