မြန်မာနိုင်ငံရှိမွတ်စလင်မ်များသတ်ဖြတ်ခံရမူအပေါ်ပါကစ္စတန်နိုင်ငံသားများကန့်ကွက်ဆန္ဒပြ
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ-eENvmajIfs6iehNG-MT89Xl7FRVl9QCstEutwsxNWN3PlTAcjetDTRR50COiIw3xErcc7n4raeyxAwiJgsMzJ7QdLpMf7Ct7HumwbMbVqywDkG-p_Od0x03RpseQmFpUrHnUX1RFiQw/s640/rttru.jpg)
ပါကစ္စတန် အဓိကမြို့ကြီးများ အားလုံးလိုလိုတွင် ယနေ့ ဇွန်လ ၃၀ ရက် သောကြာနေ့ ၀တ်ပြုမှုအပြီးတွင် မြန်မာနိုင်ငံရှိ အပြစ်မဲ့ မွတ်စလင်မ်များ အစုလိုက်အသတ်ခံရမှု အပေါ် စုပေါင်းဆွေးနွေးပွဲများ ကန့်ကွက်ဆန္ဒပြပွဲများ ကို့ ခေါင်းဆောင် ဆယသ် မူနာဝါ ဟစန်၏ မေတ္တာရပ်ခံချက်အရ ပြုလုပ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgqRcHlzKqJN9UJqKWtiDnh5zwFsooGOIvwoDmv4hVd30ce1HTpKTe6zkMYgiuLJCwGxvhLmdG4RcvmMZEt3sZgE1ieaxfZOywTuJpaSqRWI2wCPsVojWGwMTBRchzFRd3a8o9w9cVG8sT/s640/rter.jpg)
နိုင်ငံအတွင်း မွတ်စလင်မ်များအား မျိုးဖြုတ် သတ်ဖြတ်မူအား ကြူးလွန်ခွင့်ပြုနေသော အကြမ်းဖက်သမားများ၏ရန်မှ အကူအညီမဲ့နေသော မြန်မာနိုင်ငံ အတွင်းရှိ မွတ်စလင်မ်များ အား အကာအကွယ်ပေးရန် ကမ္ဘာ့ကုလသမဂ္ဂ၊ OIC နှင့် ကမ္ဘာတ၀ှမ်းမှ..... အာရုံစိုက်ခံရရေးအတွက် အဆိုပါ ဆန္ဒပြပွဲအားပြုလုပ်ရန် နိုးဆော်ခဲ့ ခြင်းဖြစ်ပါသည်။
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများက လွန်ခဲ့သော ညများအတွင်း မြန်မာနိုင်ငံ၏ မြို့တစ်ခုတွင် ရာပေါင်းများစွာသောမွတ်စလင်မ်များ အစုလိုက်အသတ်ခံခဲ့ရသည့် အာရကန်ရှိမွတ်စလင်မ်များနှင့် တစ်သားတည်းရှိကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို ထုတ်ဖေါ်ပြသခဲ့ကြပါသည်။
ဖိနှိပ်ခံရသော အာရကန်မှ မွတ်စလင်မ်များ အကူအညီပေးရန် မွတ်စလင်အုပ်ချုပ်သူများအား နိုးထကြရန် သာသနာ့ပညာရှင်များနှင့် တရားဟောဆရာများက တိုက်တွန်းပြောကြားခဲ့ကြပါသည်။
မန်ဆူးပလီတွင် သောကြာနေ့ ဟောကြားမူ အတွင်း ဆယသ် မူနာဝါ ဟစန်က ဒီလို အာရကန်ကမွတ်စလင်မ်တွေ အခုလိုသွေးထွက် သံယိုမူတွေ ဖြစ်တာကို အကယ်၍သာ OIC အနေနဲ့ ရှင်သန်မူရှိနေပြီး မွတ်စလင်မ်အုပ်ချုပ်သူတွေ အနေနဲ့ လေးစားခံထိုက်တဲ့ ဂုဏ်ပုဒ်နဲနဲလေး ကျန်နေအုံးမယ်ဆိုယင် သူတို့ ရပ်တန့်သွားအောင် လုပ်နိုင်မှာဖြစ်တယ်လို့ လဲ OIC နဲ့ မွတ်စလင်မ်နိုင်ငံတွေက အုပ်ချုပ်သူတွေကို ဝေဖန်ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး သူက ဒါကာ အစိုးရအနေနဲ့ လှေနဲ့ ဘင်္ဂလားဒေရှ့်ဖက်ကို ဖြတ်ပြီး အသက်စွန့်ပြေးလာရတဲ့ သူတွေကို ကူညီရမဲ့ အစား နယ်စပ်ကို ပိတ်ထားတဲ့ အပြင် အဲဒီထွက်ပြေးလာတဲ့ မြန်မာပြည်က မွတ်စလင်မ်တွေအပေါ် လုပ်ကြံစွပ်စွဲမှုတွေ မှားယွင်းစွာလုပ်ခဲ့တဲ့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေကို ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း လာဟိုက ထုတ်ဝေသည့် သတင်းများအရ သိရှိရပါသည်။
Source : Myanmar Muslim .Net