ကိုဝိုင်ကေကေသို့ အွန်လိုင်းပေါ်မှ အိတ်ဖွင့်ပေးစာ by မင်းမင်း လတ်
ကိုဝိုင်ကေကေသို့ အွန်လိုင်းပေါ်မှ အိတ်ဖွင့်ပေးစာ..........
by မင်းမင်း လတ်
ခင်ရပါသော ကိုဝိုင်ကေကေခင်ဗျား။ ကိုဝိုင်ကေကေရေးသောစာထဲတွင်
(မြန်မာမွတ်စလင်ဟု သုံးဆွဲစေလိုသောအစ္စလမ်ဘာသာဝင်များကိုမေတ္တာရပ်ခံလိုသည်မှာ... သင်တို့သည် မြန်မာနိုင်ငံသားဖြစ်လျှင် မြန်မာ့မြေကို ကာကွယ်ရန် နိုင်ငံသားတစ်ယောက်၏တာဝန်ရှိပါသည်။) ဆိုသောစာသားကို ပြန်လည်ဆွေးနွေးခြင်ပါသည်။
ဘိုးတော်ဦးဝိုင်းလက်ထက်ကတည်းက ရှိခဲ့သော မြန်မာမွတ်စလင်များသည် အသက်ပေးရသည်အထိ တိုင်းပြည်ကို အသက်ပေးရင်း တာဝန်ကျေပြွန်ခဲ့သည့် မှတ်တမ်းမှတ်ရာများမှ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့ထိရှိသည်ကို ကိုဝိုင်ကေကေ ဖတ်ဖူးပါသလားလို့ ကျနော်သိခြင်ပါသည်။ အကယ်၍ အကိုမဖတ် ဘူးရင် ကျနော်ပေးဖတ်ခြင်လို့မေးတာပါ။ တဆက်ထဲ မေးခြင်တာက ထိုကဲ့သို့မှတ်တမ်းများတွင် တရုတ်အမျိုးသားတို့ ပါဝင်ခြင်းမပါဝင်ခြင်းကို ပြန်လည် ဖြေကြား ပေးစေခြင်ပါသည်။
မြန်မာနိုင်ငံ၏ တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် အစ္စလာမ်ဘာသာဝင်များ ပါဝင်သည်ကိုရော ကိုဝိုင်ဝိုင်ကေ အနေနှင့် လေ့လာဘူးပါသလား။ မလေ့လာရသေးလျှင် လေ့လာပါဦးလို့ တိုက်တွန်းခြင်ပါသည်။
နောက်တစ်ချက်က ရိုဟင်ဂျာ(ဘင်္ဂလီ) ဟူသော အသုံးအနှုံးကို ကိုဝိုင်ဝိုင်ကေကေအနေနှင့် ပြန်လည် တောင်းပန်ရန် ကျနော်တောင်းဆိုလိုက်သည်။
အဘယ်ကြောင့်ဆိုသော လူမျိုးအကြောင်းကို မသိပဲနှင့် မကျွမ်းကျင်ပဲနှင့်ရေးသားထားသည်မှာ သိသာထင်ရှားပါသည်။

ရိုဟင်ဂျာသည် ရခိုင်မျိုးနွယ်စုထဲက ဖြစ်ပါသည်။ သမ္မတကြီးဦးနေ၀င်းလက်ထက်က မြန်မာ့အသံမှ ရိုဟင်ဂျာပိုင်း အစီအစဉ်ဟူ၍ အသံလွှင့်ခွင့်ရရှိခဲ့ပါသည်။
ထိုရိုဟင်ဂျာကို နောက်ပိုင်း လက်မခံ၍ နှိမ်နှင်းသောအခါ ကမ္ဘာ့နေရာအနှံ့အပြားသို့ ထွက်ပြေးကြရကုန်ပါသည်။ ထိုကဲ့သို့ဖြစ်နေစဉ် မြန်မာတိုင်းရင်းသားမဟုတ်သော အိမ်နီးခြင်းဘင်္ဂလားဒေရှ့်နိုင်ငံသားများဖြစ်သော ဘင်္ဂလီများ ရိုဟင်ဂျာအရေခြုံလာပါသည်။ ထိုပြသနာသည်သာ အဓိကဖြေရှင်းရမည်ဟု ကျနော်မြင်ပါသည်။ ကိုဝိုင်ဝိုင်ကေကေ၏ အမြင်ကိုလဲ ပြန်လည်မျှော်လင့်ပါမည်။
နောက်တစ်ခုက ရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသားရောင်ဆောင်နေသည်ဟု လူကြီးမင်းများဖက်မှ ယူဆလျှင် ယနေ့ မြန်မာဘုရင်တို့၏ နောက်ဆုံးနန်းဆိုက်ရာမြို့တော်ဖြစ်သည့် ခင်ဗျားတို့ကျနော်တို့ရဲ့ ရွှေမန္တလေးတွင် အရှေ့အရပ်မှ အိမ်နီးချင်းများ ရွှေ့ပြောင်းဝင်ရောက်လာကာ ဘာသာတူခြင်းအရင်းပြု၍ နေထိုင်ပြီးသကာလ တိုင်းရင်းသား ဗမာကြောမွဲလူတန်းစားများကို အရည်ထုတ် အသားစားရုံသာမက ခြင်ဆီပါ ထုတ်စားနေခြင်းကို လူကြီးမင်း ဘယ်လိုသဘောရပါသလဲ။ ထိုမျက်ပေါက်ကျဉ်းသော လူမျိုးများနေထိုင်ရာအရပ်တွင် မြန်မာသမီးပျိုးများ ကို မျှော့စာကျွေးခြင်းများကို လူကြီးမင်းတို့ မဟာဗမာလူမျိုးစုက မည်ကဲ့သို့ ကန့်ကွက်ခဲ့ဘူး ပါသလဲ။ ကျနော်မေးစမ်းခြင်ပါဘိ။
သာသနာ့ဝတ်ကျောင်းတော်များဖျက်စည်းခံရမှု သာသနာကြောင့်အသက်ပေးသွားသူများသေဆုံးမှုတွင် အမှန်အတိုင်းမရေးသားပဲ နေခဲ့မှုများသည် အံ့သြ၀မ်းနည်းဖွယ်သာဖြစ်ပြီး မတရားပြုကျင့်ခံရခြင်းတွင် နှုတ်ပိတ်နေခြင်းသည်လဲ အလိုတူအလိုပါဖြစ်ကြောင်း လူကြီးမင်း ကိုဝိုင်ဝိုင်ကေကို သိစေခြင်ပါသည်။
ခင်မင်ရပါသော ကိုဝိုင်ဝိုင်ကေခင်ဗျား............ ညီအကိုတစ်ယောက်လိုရော မီဒီယာသမားတစ်ယေက်လိုပါ ခင်မင်ခဲ့၍ ၀မ်းသာမိပါသည်။ ယခုရေးသားလိုက်သောစာသည် မည်သည့်အာဃာတမျှမပါပါကြောင်းနှင့် တစ်စုံတစ်ဦး၏ လှည့်ကွက်များကြောင့် ဖြစ်ပေါ်နေသည်ဟုယူစရသော အဓိကရုဏ်းများတွင် သွေးဆူစိတ်လှုပ်ရှားမှုများဖြင့် ဆက်လက်မပါဝင်ကြစေရန် ဖန်ဆင်းရှင်ထာဝရဘုရားထံ တောင်းဆုပြုပါသည်။ အာမိန်း။....