Latest Highlight

နိုင်ငံတော်၊ ပြည်ထောင်စု၊ နိုင်ငံသား၊ တိုင်းရင်းသား ကိစ္စ (၂)



နိုင်ငံ နယ်နမိတ်တစ်ခု ပီပီပြင်ပြင် တည်ရှိ၍ ထိုနယ်နမိတ်ကို ရေးဆွဲသတ်မှတ်စဉ် နိုင်ငံနယ်နမိတ်အတွက် မျိုးစဉ် မျိုးဆက် နေထိုင်ခဲ့သော လူသား ထိုနိုင်ငံ၏ ဥပဒေရိပ်အောက်မှ နိုင်ငံသား အဖြစ်သတ်မှတ်ပေးရမည်။ နိုင်ငံတိုင်းတွင်၊ နိုင်ငံနယ်နမိတ် သတ်မှတ်ပြီး နောက်ပိုင်းမှ ၀င်ရောက်လာသူနှင့် နိုင်ငံ နယ်နမိတ် သတ်မှတ် လိုက်စဉ် နိုင်ငံအတွင်း၌ ရှိနေသူ ဟူ၍ ရှိသည်။

နိုင်ငံအတွင်း ရှိနေသူသည်- ထိုနိုင်ငံ၏ ဥပဒေအောက်မှ လူသား ဖြစ်၍- နိုင်ငံအပြင်ပသို့ ရောက်သွားသော သူများမှာ သက်ဆိုင်ရာ အချုပ်အခြာပိုင်သည့် နိုင်ငံ၏ ဥပဒေအောက်မှ လူသားများဖြစ်သည်။ ဤနေရာတွင် ချွင်းချက် အခြေအနေတစ်ရပ်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ယူစဉ်တွင် နိုင်ငံနယ်နမိတ် အား သတ်မှတ်စဉ်တွင် သီဘောမင်း၏ မိသားစု အပါအ၀င် အချို့သော မိသားစုများသည် နိုင်ငံပြင်ပတွင် ရှိနေ သည်။ ထိုမိသားစုမျိုးထဲမှ မြန်မာနိုင်ငံသား အဖြစ်ခံယူလိုသူ တစ်ချို့ မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံသား ခံယူ လိုလျှင် ခွင့်ပြုပေးနိုင်သည်။ အလားတူ နိုင်ငံခြားမှာ မြန်မာနိုင်ငံအတွင်းသို့ လာရောက်နေထိုင်သူ ဥပမာ အင်္ဂလိပ်ခေတ် တာဝန်ထမ်းဆောင်သည့် ဥရောပလူမျိုးများ၊ အိန္ဒိယ လူမျိုးများ၊ တရုတ် လူမျိုးများအား သူတို့၏ စိတ်ဆန္ဒအလျှောက် မိမိတို့၏ ဇာတိနိုင်ငံသို့ ပြန်လိုက ပြန်နိုင်သည်၊ ဆက် လက်နေထိုင်လိုက နေထိုင်နိုင်သည် ဟူသည့် အခွင့်အရေးကို ပေးရမည် ဖြစ်သည်။ သို့သော် သူတို့နှင့် မြန်မာတိုင်းရင်းသူ တစ်ဦးဦး သွေးနှော ကပြား ဖြစ်နေသူများကို နိုင်ငံသား ပေးကို ပေးရပေမည်။

ထိုသို့သော အခြေအနေပေါ် မူတည်၍ နိုင်ငံတိုင်းတွင် ဧည့်နိုင်ငံသား၊ နိုင်ငံသား၊ တိုင်းရင်းသား ဟူ၍ အမျိုး အစား သုံးမျိုး သတ်မှတ်ပေးထားသည်။ 

နိုင်ငံသားတိုင်းသည် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုစုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျမ္မရေး- ဆောင်ရွက်ပိုင် ခွင့်၊ ခံစားနိုင်ခွင့်များ၌ တန်းတူညီမျှ ဖြစ်စေရပေမည်။ သို့သော် (တိုင်းတစ်ပါး၌ မွေးပြီး) နိုင်ငံသား ဖြစ်လာသူ အား တိုင်းပြည်၏ အဓိက ဦးဆောင်နေရာမှ ချန်လှပ်ထားနိုင်သည်။ (ဥပမာ နိုင်ငံတော် သမ္မတ ဖြစ်ခွင့်မပြု ဟူ၍ ဖြစ်သည်။)

ဧည့်နိုင်ငံသား ဟူသည် သက်တမ်းသတ်မှတ်ချက် ရှိရမည်။ လူသားမျိုးနွယ်တစ်ခုအား ကာလအပိုင်းအခြားမရှိ ဧည့်နိုင်ငံသား သတ်မှတ်ထား၍ မရချေ။ ကမ္ဘာ့နိုင်ငံကြီးများတွင် ၅ နှစ်၊ ၃ နှစ်၊ ၇ နှစ် စသည့်ဖြင့် သတ်မှတ်ထား ၍၊ အာရှ- အာဖရိက နိုင်ငံများတွင် လူတစ်ဦး၏ သက်တမ်းတစ်လျှောက် သတ်မှတ်လေ့ရှိသည်။ ဆိုလိုသည်မှာ နိုင်ငံခြားမှ ၀င်လာသူတစ်ဦးသည် သူ့သက်တမ်းတစ်လျှောက် ဧည့်နိုင်ငံသား အဖြစ်ဖြင့်သာ နေထိုင်ရမည် ဖြစ် သည်။ သို့သော် သူ့သားသမီးများနှင့် မသက်ဆိုင်ချေ။

တိုင်းရင်းသား- တိုင်းရင်းသည်ဟူသည်မှာ မူလဇစ်မြစ် လူမျိုးဖြစ်သည်။ သို့သော် ၎င်းတို့သည်လည်း အမှန်တစ် ကယ်တွင် မူလဇစ်မြစ် မဟုတ်ချေ၊ ထိုဒေသတစ်ခု၌ မျိုးစဉ်မျိုးဆက် နေထိုင်ခဲ့သည်မှာ ရာပေါင်းများစွာ သို့မဟုတ် နှစ်ထောင်ချီ၍ နေထိုင်ခဲ့သော လူမျိုးနွယ်ကို ခေါ်ဆိုသည်။ တိုင်းရင်းသားတိုင်းသည် နိုင်ငံသား မဟုတ်သကဲ့သို့ နိုင်ငံသားတိုင်းသည်လည်း တိုင်းရင်းသား မဖြစ်နိုင်ချေ။

ဥပမာ- ကချင်တိုင်းသည် မြန်မာနိုင်ငံ နိုင်ငံသား မဟုတ်ချေ။ ကချင်လူမျိုးပေါင်း သန်းနှင့်ချီ၍ တရုတ်နိုင်ငံသား များအဖြစ် တည်ရှိနေသည်။ အလားတူ ကရင်လူမျိုးပေါင်း ငါးသိန်းခန့် ထိုင်းနိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရှမ်းလူမျိုးပေါင်း သန်းနှင့်ချီ၍- တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရခိုင်လူမျိုး ပေါင်း သန်းနှင့်ချီ၍ အိန္ဒိယနိုင်ငံသား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ်တည်ရှိနေသည်။ ရိုဟင်ဂျာ လူမျိုးပေါင်း သန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အဖြစ်တည်ရှိနေသည်။

ထို့ကြောင့် တိုင်းရင်းသား ဟူသည်မှာ သူ့မျိုးနွယ်၊ သူ့လူ့သဘာဝ၊ သူ့ဝန်းကျင်၊ သူ့ယဉ်ကျေးမှုနှင့် တည်ရှိနေ သော လူမျိုးတူစုဖြစ်၍-၊ သက်ဆိုင်ရာ နိုင်ငံအတွင်း ကျရောက်သွားသော လူအစုအဝေး၊ လူမျိုးနွယ်သာ ဖြစ် သည်။ နိုင်ငံနယ်နမိတ် သတ်မှတ်စဉ် အခြားနိုင်ငံဘက်သို့ ပါသွားသဖြင့်- မိမိနိုင်ငံအတွင်း ထိုလူမျိုးစုအား နိုင်ငံ၏ တိုင်းရင်းသား အဖြစ် မသတ်မှတ်၍ မရချေ။

တိုင်းရင်းသား တစ်စုချင်းသည် သူ့လူမျိုးတူရာအား သံယောဇဉ်ရှိနိုင်သည်၊ ချစ်ခင်ပတ်သက်နိုင်သည်။ ဆက်ဆံ ဆက်သွယ်နိုင်သည်။ သို့သော် နိုင်ငံသား ဖြစ်ခွင့်အား ဝေခြမ်းပေး၍ မရနိုင်ချေ။ ဥပမာအားဖြင့် မြန်မာကရင်မှ ထိုင်းကရင်တို့အား သံယောဇဉ်ရှိမည်ပင်။ မြန်မာမွန်များက ထိုင်းမွန်တို့အား သံယောဇဉ်ရှိမည်ပင်- မည်သို့မျှ တားဆီး၍ မရနိုင်ချေ။ သို့သော် ထိုင်းလွှတ်တော်ထဲတွင် ပေးထားသော မွန်အမတ် ၁၈ ဦး၏ နေရာအား မြန်မာ မွန်များက တက်ယူ၍ မရနိုင်ချေ။ ထို့အတွက် ထိုင်းအစိုးရကလည်း ခွင့်ပြုမည် မဟုတ်ချေ။ အလားတူ ထိုင်းနိုင်ငံသား မွန်တို့၏ သူ့နိုင်ငံအတွင်း ခံစားခွင့်များအား မြန်မာမွန်တို့အား မပေးနိုင်ချေ။ အလားတူပင် ဘင်္ဂဘီရခိုင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့၏ ခံစားခွင့်အား ရယူထားသည်။ အကယ်၍ ပြည့်ပြည့်၀၀ မရခဲ့လျှင်လည်း ထိုဘင်္ဂလီရခိုင်တို့ အနေဖြင့် ဘင်္ဂလီအစိုးရအား တော်လှန်ခွင့်ရှိသည်၊ တောင်းဆိုခွင့်ရှိသည်။ သို့သော် ဘင်္ဂလီရခိုင်များ အနေဖြင့် မြန်မာအစိုးထံတွင် ထိုအခွင့်အရေးအား တောင်းဆိုခွင့် မရှိချေ။

လူမျိုးနွယ်တစ်ခု၏ မိမိတို့ နေထိုင်အခြေချနေခဲ့ရာ ဒေသအား နိုင်ငံပိုင်းခြား သတ်မှတ်လိုက်ခြင်းကြောင့် ကွဲပြား သွားရသော တိုင်းရင်းသားတို့အား သက်ဆိုင်ရာ နိုင်ငံမှ အပြည့်အ၀ တာဝန်ရှိပေသည်။

ပြည်ထောင်စု ဆိုသည်မှာ တိုင်းရင်းသားမျိုးနွယ်များ စုပေါင်း၍ နိုင်ငံ ထူထောင်ခြင်းကို မခေါ်ဆိုပေ။ လူမျိုးနွယ် များစုနေခြင်းကို မျိုးနွယ်စု ဟုသာ ခေါ်ဆိုနိုင်ပေမည်။ ပြည်ထောင်စုဟူသည့် အဓိပ္ပါယ်သက်ရောက်ရန် နိုင်ငံအနှံ့ ဥပဒေသက်ရောက်စိုးမိုးစေရန် ဥပဒေအားဖြင့် စီရင်စုများတည်ဆောက်ရပေမည်။ တိုင်းဒေသများ နယ်နမိတ်သတ်မှတ်လျှက် တစ်နိုင်တစ်ပိုင် ဥပဒေ ကို စောင့်ရှောင့်ထိန်းနိုင်မည့် နယ်နမိတ်များ သတ်မှတ်ရ မည်။ ထိုနယ်နမိတ်တို့အား သက်ဆိုင်ရာဒေသရှိ လူများစု လူမျိုးနွယ်အမည်နာမဖြင့် မသတ်မှတ်သင့်ပေ။ ပြည်နယ်တိုင်း၊ တိုင်းဒေသတိုင်းတွင် လူမျိုးစုံတည်ရှိနေသည် ဖြစ်ရာ မြို့ပြလူနေမှုတည်ဆောက်ရေးပုံစံတကျ- ထိုဒေသရှိ ထင်ရှားသော မြို့အား ကိုယ်စားပြု၍ သော်လည်းကောင်း၊ မြစ်၊ တောင်တန်း တို့အား ကိုယ်စားပြု၍ သော်လည်းကောင်း ပြည်နယ်အမည်ကို သတ်မှတ်သင့်သည်။ ထိုသို့ သတ်မှတ်ထားသည့် ပြည်နယ်အတွင်း တွင် မှီတင်းနေထိုင်သည့် မည်သည့် လူမျိုးနွယ်မဆို တရားမျှတ၍ လူ့အခွင့်အရေးကို အာမခံသည့် ဥပဒေ၏ အရိပ်ကို ညီမျှစွာ ခံစားခွင့်ရှိစေရပါမည်။ ထိုတိုင်းဒေသများ စုစည်းထားခြင်းဖြင့် တည်ဆောက်သည့် နိုင်ငံတော် သည်သာ- ပြည်ထောင်စု ဟူသော အမည်နာမဖြင့် ကိုက်ညီပေမည်။
ထိုသို့ ဖွဲ့စည်းတည်ဆောက်ရာတွင်- ပြည်ထောင်စု မပြိုကွဲစေရန် ပြင်းထန်ပြတ်သားသော ဥပဒေတစ်ရပ်အား ဆက်လက်ပြဌာန်းရပေမည်။ ၎င်းမှာ ပြည်ထောင်စုအား ဖြိုခွဲသူ၊ ခွဲထွက်သူ၊ ခွဲထွက်ရန် လှုံ့ဆော်သူအား နိုင်ငံ၏ အမြင့်ဆုံးနှင့် အပြင်းထန်ဆုံး အပြစ်ဒဏ် (ဥပမာ- သေဒဏ်) အဖြစ် ပြဌာန်းထားရပေမည်။ အလားတူ ပြည် ထောင်စုအတွင်း လူသားမျိုးနွယ်ချင်း စိတ်ငြိုငြင်စေမည့် လူမျိုးရေး စကားများ ပြောဆိုသူ၊ ပုတ်ခတ်သူ၊ ခွဲခြားသူ တို့အား အလားတူ ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ထားရပေမည်။

သို့မဟုတ်လျှင်- အနှိမ်ခံနေမည့် အစား သေရခြင်းက ပို၍မြတ်သည်ဟု ခံစားချက်များ ဖြစ်ပေါ်လာလျှက်- အနှိမ်ခံရသည့်မျိုးနွယ်တို့က အသေခံကာ ပြည်ထောင်စုမှ ခွဲထွက်လိုစိတ်များ ပြည်လည်ရှင်သန်လာနိုင်သည်။ ထိုအခါ ခွဲထွက်သူအား သေဒဏ် ဟု ချမှတ်ထားလင့်ကစား ထိုဥပဒေမှာ အသုံးဝင်တော့မည် မဟုတ်ချေ။

လူတစ်ဦးတစ်ယောက်ချင်းစီမှာ လွတ်လပ်ညီမျှသော ဥပဒေ၏ စောင့်ရှောက်မှုအား ရရှိနေလျှင် အာဏာမက် သော လူယုတ်မာတစ်စု၊ သို့မဟုတ် မတည်မငြိမ်မှုအား အကြောင်းပြ၍ စီးပွားရှာလိုသော လူယုတ်မာတစ်စုမှ လွဲ၍ သာမန်ပြည်သူအများစုကြီးမှာ ခွဲထွက်ရေးကိုသော်လည်းကောင်း၊ နိုင်ငံရေးကိုသော်လည်း စိတ်ဝင်စား တော့မည် မဟုတ်ချေ။

ဆက်လက်တင်ပြပါမည်။

ဌေးလွင်ဦး islammyanmar.com


Write A Comment

Rohingya Exodus