မြန်မာနိုင်ငံက ပဋိပက္ခတွေ ချုပ်ငြိမ်းရေး ကူညီပေးဖို့ နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်ပြောကြား
နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ မြန်မာနိုင်ငံက လူမျိုးရေး ပဋိပက္ခတွေ ချုပ်ငြိမ်း သွားအောင် အာရုံစိုက် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Dipu Moni က ဒီကနေ့ ဘင်္ဂလားဒေ့ရှ် ပါလီမန် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းက မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ ဖိအားပေးနေတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောထားကို ပါလီမန် အစည်းအဝေးကနေ တ ဆင့် ပြောခဲ့တာပါ။
လက်ရှိ မြန်မာနိုင်ငံက ပဋိပက္ခတွေကို ဖြေရှင်းလိုတယ်ဆိုရင် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေ ကို ဖြေရှင်းပေးဖို့ မြန်မာ အစိုးရကိုသာ တောင်းဆိုသင့်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်း ကြီးရုံး UNHCR အပါအ၀င် နိုင်ငံတကာ တိုင်းပြည်တွေကို ပြောလိုက်တာပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ သူတို့ လက်ခံထားပြီး ဖြစ်တဲ့ လက်ရှိရှိနေပြီးသား ရိုဟင်ဂျာ လေးသိန်းနဲ့တင် အတော် ၀န်ပိနေတာ ဖြစ်ပြီး နောက်ထပ် လက်ခံဖို့ဆိုတာ မဖြစ်နိုင်တော့ကြောင်းလည်း ပြောပါတယ်။
UNHCR နဲ့ နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ် အစိုးရ အနေနဲ့ မြန်မာနိုင်ငံက နောက်ထပ် ထွက်ပြေးလာသူ ရိုဟင်ဂျာတွေကို လက်ခံပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ အနေနဲ့လည်း မြန်မာနိုင်ငံဖက်က ထွက်ပြေးလာတဲ့ ရိုဟင် ဂျာတွေကို ပြန်ပို့နေတယ် ဆိုပေမယ့် အစာရေစာ ဆေးဝါး စတာတွေကို အကူ အညီပေးပြီး မှ ပြန်ပို့တာ ဖြစ်ကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။
RFA Burmese
A political leader must have some good characters not only for his or her country but also need to have some good deliverance to the world community as well as to the humanity but this Dipu Moni doesn't have any good characters to be a foreign minister, when she enjoys where a lots innocent rohingya people are dying every day in the Naf River without food and shelter. A good Human being have some good moral and rational character to feel for others not deny or kill. Only animal doesn't have the rationality and moral character that is why they are called the beast or animal, now we see the character of Dipu Moni is the same like the character of the beast and animal. Does she not deserved to be punished by the people of Bangladesh for her animal and irrational activities to the humanity.