Latest Highlight

စစ်တွေမြို့မဈေးတွင် မွတ်စလင်ဆိုင်ခန်းများအား အကြောင်းပြချက်မဲ့ သိမ်းယူနေ



စစ်တွေမြို့မဈေးရှိ မွတ်စလင်မ်ပိုင် ဆိုင်ခန်းများရှိ ပစ္စည်းများပြန်လည်သယ်ယူနိုင်ရန် အာဏာပိုင်များက ခွင့်ပြုခဲ့ပြီး ပစ္စည်းများသယ်ယူပြီးပါက ဆိုင်ခန်းသော့များကို အာဏာပိုင်များကသိမ်းယူထားမှုများ ဖြစ်ပေါ်နေပါတယ်။

ဒီကိစ္စဟာ မွတ်စလင်တွေ ဒီဈေးမှာ ဘယ်တော့မှ ပြန်ဖွင့်ခွင့်မရှိတော့ဘူးဆိုတဲ့ သဘောလားလို့ စိုးရိမ်နေရကြောင်း သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ ရောက်ရှိနေသူ
ရခိုင်မွတ်စလင်မ်တစ်ဦးက myanmarmuslim.net ကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က ဘာမှမကျန်တော့ဘူး။ ပြန်ရရင် ကောင်းတယ်။ ကိုယ့်စီးပွားရေးကိုယ်လုပ်စားလို့ ...
ရသေးတယ်။ ကျွန်တော်တို့ စိုးရိမ်တာက ကျွန်တော်တို့ ဆိုင်ခန်းတွေ သိမ်းခံလိုက်ရတာလား။ အခြေအနေတည်ငြိမ်သွားရ ပြန်ရမှာလားဆိုတာကို မျှော်လင့်နေတာ”လို့ အစ္စလာမ်ဘာသာဝင် ရခိုင်ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသွားပါတယ်။

စစ်တွေမြို့မဈေးမှာ မွတ်စလင်မ်ဆိုင်ခန်း အများအပြားရှိပြီး ဈေးကို မကြာမီရက်ပိုင်း အတွင်း ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ကြောင်းလည်း သိရပါတယ်။ ရခိုင်ဗုဒ္ဓဘာသာ-ရိုဟင်ဂျာပဋိပက္ခအတွင်း ဆိုင်ခန်းသော့ ပျောက်ဆုံးသူဖြစ်ပါက သော့ဖျက်ခွင့်ပေးကာ ပစ္စည်းများသယ်ယူခွင့်ရှိကြောင်း သိရပါတယ်။

ယခုကဲ့သို့ မြို့မဈေးမှ ပစ္စည်းများပြောင်းရွှေ့ပေးနေရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေဟာ မွတ်စလင်မ်တွေဖြစ်ပြီး ရခိုင်ဗုဒ္ဓဘာသာ ဆိုင်ခန်းပိုင်ရှင်တွေကတော့ ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများ သယ်ယူရန်မလိုအပ်ဘူးလို့ ဒေသခံ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရခိုင်ဗုဒ္ဓဘာသာ- ရိုဟင်ဂျာပဋိပက္ခအစလောက်မှာပဲ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ရခိုင်အိမ်တွေပြန်ရရမည်ဖြစ်ကြောင်းနှင့် အစ္စရေးလိုဖြစ်စေ ရမည်ဖြစ်ကြောင်း venus ဂျာနယ်နှင့် အင်တာဗျူးတွင် ပြောခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်က လူမျိုးရေးအစွန်းရောက် သံဃာအချို့က ရိုဟင်ဂျာများကို ရှိရင်းစွဲနေရာ များကနေ မြို့နဲ့ဝေးရာနေရာကိုပို့ပြီး သီးခြားခွဲထားဖို့၊ ရခိုင်နဲ့ ရိုဟင်ဂျာတို့ကြား တွင် စစ်တပ်ထားရှိဖို့ သမ္မတထံတောင်းဆိုထားတာလည်းရှိပါတယ်။

မွတ်စလင်မ် ဆိုင်ခန်းများမှ ပစ္စည်းများ ရွှေ့ပြောင်းခိုင်းတဲ့ ယခုဖြစ်စဉ်ဟာ အဆိုပါတောင်း ဆိုချက်များ အတိုင်း အာဏာပိုင်များက ဆောင်ရွက်နေခြင်း ဖြစ်နိုင်ကြောင်း သတင်းသမား အချို့က သုံးသပ်ပြောဆိုနေကြတာ ကြားသိရပါတယ်။ 


SK (MMM)
Source : myanmarmuslim.net



Write A Comment

Rohingya Exodus