ရခိုင်ပြည်နယ်မောင်းတောမြို့၏အခြေအနေ (Breaking News)(Updated)
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဆူပူရန် ကြိုးပမ်းသူ လူအုပ်ကြီး တစ်ခုအား လုံထိန်း တပ်ဖွဲ့ဝင်များက သေနတ် ပစ်ဖေါက်ကာ လူစုခွဲလိုက်ရကြောင်း သတင်း ရရှိသည်။

မောင်တောမြို့လယ် တစ်နေရာ ( ဓါတ်ပုံ- နိရဉ္စရာ)
“ ဒီနေ့ သူတို့ ရွှေဇားက ဗလီကြီးမှာ ၀တ်ပြု ဆုတောင်းလို့ အပြန်မှာ ဆူပူမူ ဖြစ်တာပါ။ နေ့လည် ၁ နာရီခန့်မှာ ဖြစ်တာပါ။ လုံထိန်းတပ်ဖွဲ့က မိုးပေါ်ကို ထောင်ပစ်တော့ လူအုပ်ကြီးက ပြိုကွဲသွားပါတယ်” မောင်တော ဒေသခံက တစ်ဦးက နိရဉ္စရာကို ပြောသည်။
အဆိုပါ လူအုပ်ကြီးသည် ကမ္ဘောဇဘဏ်ကို ခဲများနှင့် ပေါက်ပစ်ခဲ့ကြပြီး ရခိုင် ထမင်းဆိုင် တစ်ချို့ကိုလည်း ဖျက်ဆီးခဲ့ကြသည်ဟု ဆိုသည်။
“ ကျွန်တော်တို့ ရပ်ကွက်ကိုလည်း မူဆလင် လူတစ်ရာခန့် ၀င်လာပြီး ဂဲတွေနဲ့ လာပစ်ပါတယ်။ လုံထိန်းတပ်ဖွဲ့က သုံးလေးချက် မိုးပေါ်ကို ထောင်ပစ်တဲ့ အတွက် လူစုကွဲပြီး ထွက်သွားကြပါတယ်” ဟု အမှတ် (၁) ရပ်ကွက်မှ တခြား ဒေသခံ ရခိုင်တစ်ဦးကလည်း ပြောသည်။
သေနတ်ပစ်ဖေါက်ပြီးနောက် လူစုကွဲသွားသော်လည်း မောင်တောမြို့တွင် အခြေအနေမှာ တည်ငြိမ် မရှိဘဲ ဖြစ်နေပြီး လုံခြုံရေးကို တင်းကျပ်စွာ ချထားကြောင်း သိရသည်။
ဘူးသီးတောင်တွင်လည်း ယနေ့အခြေအနေမှာ ခါတိုင်းနှင့် မတူဘဲ အစ္စလာမ်ဘာသာဝင်များ၏ ဈေးဆိုင်များကို ပိတ်ထားခြင်း၊ သူတို့ ကျောင်းသားများ ကျောင်းမလာခြင်းတို့ကြောင့် ခါတိုင်းနေ့များထက် ထူးခြားမူ အနည်းငယ် ရှိနေကြောင်း သိရသည်။
သို့သော်လည်း လုံခြုံရေးကို ထူထပ်စွာ ချထားသဖြင့် စိုးရိမ်စရာ မရှိကြောင်း ဦးဇင်းသောမက ပြောသည်။
မူဆလင်ဘာဝင်များ၏ မောင်တော ဆူပူမူမှာ တောင်ကုတ်တွင် ဖြစ်ပေါ်ခဲ့သော လူသတ်မူနှင့် သက်ဆိုင်ကြောင်း ဒေသခံများက ပြောသည်။ မောင်တောရဲစခန်းအား အခြေအနေကို သိရှိရန် ကြိုးစား ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ရခိုင်ပြည်နယ် မောင်တော မြို့၌ အခြေအနေတင်းမာ
ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI
ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့ဖြစ်သည့် မောင်တောမြို့၌ လူမျိုးရေး အဓိကရုဏ်း ဖြစ်မည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တပ်က အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြောင်း လမ်းပေါ်တွင် စုဝေးနေသည့် ရာနှင့်ချီသည့် လူထုကို လူစုခွဲရန် ပြောဆိုသော်လည်း သတင်းရရှိချိန်ထိ စုဝေးနေဆဲ ဖြစ်သည်ဟု မောင်တောမှလာသည့် သတင်းများအရ သိရှိရသည်။
By Yangon Press International
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေသော မောင်တောမြို့နယ် မြို့မ ဘုန်းကြီးကျောင်းအနီး ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှု များ ပြုလုပ်နေသဖြင့် ဒေသခံများမှ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းနိုင်ရန် ကြိုးစားဆောင်ရွက် လျက်ရှိပြီး သေနတ်သံများကြားရကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်အရသိရှိရသည်။
"ထိန်းလို့မရလို့ သေနတ်နဲ့ပစ်တယ်လို့ကြားတယ်။လူသုံးဆယ်လောက်ထိတယ် ကြားတယ်။ဘုန်းကြီးကျောင်းကို ပါ ခဲနဲ့ပစ်တယ်။ "ဟု ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အမှုအခင်းများနှင့် ပတ်သတ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် နောက်ဆက်တွဲ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိကြောင်း၊
ထိန်းမနိုင် သိမ်းမရ အနေအထားမျိုး မဖြစ်စေရန် လုံလောက်သော လုံခြုံရေး တပ်ဖွဲ့များဖြင့် အချိန်မီ ထိန်းသိမ်းဆောင်ရွက်နိုင်ရေး အထူးအလေး ထား ဆောင်ရွက်လျက် ရှိနေကြောင်း၊
မိဘပြည်သူများ စိတ်အေးအေးထားကြပါရန်နှင့် သက်ဆိုင်သော နီးစပ်သူများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းကြရန် တိုက်တွန်း ကြစေလိုပါကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတစ်ဦး၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
Messenger News Journal
***********************************************************************
Breaking News : Peaceful demonstration in Maungdaw, police killed two
--
KPN News Team
First News Agency dedicated for Rohingya Media
T: 8801714381110 / 880 181 990 7683 / 8801670311376
*******************************************************************************
THE GOVERNMENT IS DOING WHAT THEY MEANT FOR AND SOON THEY WILL TAKE OVER ALL THE POWERS.IF THE FIGHT IS NOT STOPPED.THE MILITARY WILL TAKE OVER SOON!