Latest Highlight

မြန်မာနိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်။ ( အသံဖိုင် )




မြန်မာနိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်။
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂
၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀

အရေးပေါ်အခြေအနေကြေငြာခြင်း။

၁။ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေ မှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေး အ တွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်း သိမ်းခဲ့ပါသည်။

၂။ သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ထုတ်ပြန်ရုံဖြင့်ရခိုင်ပြည်နယ်အတွင်းအုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကိုထိရောက်အောင် ဆောင်ရွက်နိုင် စွမ်းမရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကိုအမြန်ဆုံးပြန် ၏ လည် ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၂ ပုဒ်မခွဲ ဃ အရ ရခိုင်ပြည်နယ်အတွင်း ယနေ့မှစ၍ အရေးပေါ် အခြေ အနေ ကြေငြာလိုက်သည်။

၃။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

၎။ ဤအမိန့်သည် ယနေ့မှ စ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိမခြင်း အတည်ဖြစ်သည်။

၅။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်ရမည်။

ပုံ

သိန်းစိန်

နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

Write A Comment

Rohingya Exodus