Latest Highlight

တင်းကြပ်ပြီးမျှတတဲ့ နိုင်ငံသားစိစစ်ရေး ဥပဒေတရပ်လိုကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ရခိုင်ပြည်နယ်ကပဋိပက္ခတွေ ဖြေရှင်းဖို့ဆိုရင် တင်းကြပ်ပြီး မျှတမှုရှိတဲ့ နိုင်ငံသားစိစစ်ရေးဆိုင်ရာ ဥပဒေ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက် ပါတယ်။
undefined
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ပဲရစ်မြို့၌ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် AFP သတင်းဌာန သီးသန့် တွေ့ဆုံမေးမြန်းနေစဉ်။
ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ AFP သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း မှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ပြောခဲ့တာပါ။
ဒါ့အပြင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေမှာ တရားဝင် နိုင်ငံသားဦးရေ ဘယ်လောက် ရှိတယ်၊ ဘယ်သူတွေဆိုတာ အသေအချာ စစ်ဆေး ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း၊ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ နီးကပ်နေတဲ့အတွက် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ထိန်းချုပ်မှုတွေမှာ ယိုပေါက်တွေ၊ အားနည်းချက်တွေ များနေတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာန ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ် နောက်ဆုံးအခြေနေ နဲ့ ရွေးကောက် ပွဲ ကော်မရှင်က သတိပေးခဲ့တဲ့ Burma, Myanmar ကိစ္စတွေနဲ့ ပတ် သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပဲရစ်လေဆိပ် ကို ရောက်နေ တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်ကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်ထဲ နားဆင်နိုင်ပါတယ်။

FRA

Write A Comment

Rohingya Exodus