Latest Highlight

မောင်တောမြို့တွင်ဖြစ်ပွားသည့်ပြဿနာဖြစ်ရပ်မှန်အား လွှင့်ထုတ်ပေးပါရန် မေတ္တာရပ်ခံခြင်း

မောင်တောမြို့တွင် (၈.၆.၂၀၁၂)နေ့တွင်ဖြစ်ပွားသည့်ပြဿနာဖြစ်ရပ်မှန်အား လွှင့်ထုတ်ပေးပါရန်မေတ္တာရပ်ခံခြင်းနှင့်အသနားခံတောင်းဆိုချက်



ဆူပူမှုးစတင်ခြင်း။
ရခိုင်ပြည်နယ်အနောက်ဘက်ခြမ်း၊ မောင်တောမြို့တွင် မြို့မဗလီကြီးမှ မွန်လွှဲ(၁း၁၂)အချိန်လူများဗလီဝတ်ပြီး ဆင်းလာပြီး အိမ်အပြန်တွင် မြို့မဘုန်းကြီးကျောင်းတိုက်မှ ဘုန်းကြီးတစ်ပါးက ရွှေဇားသို့ပြန်နေသော လူငယ်တစ်စုအား ကျောက်ခဲဖြင့် ပစ်ပေါက်ရာ လူငယ်တစ်ဦးခေါင်းခွဲပြီး သွေးယိုစီးရာ အဆိုပါဒဏ်ရာရလူငယ်အား မောင်တောရဲစခန်းသို့တိုင်တန်းရန်လာနေစဉ် ကလေးလူငယ်များစုဝေးပြီးလာနေရာ လူကြီးများကထိန်းသိမ်းရန် ကြိုးစားနေဆဲသည့်အချိန်တွင် လုံခြံရေးတပ်ဖွဲ့မှ သေနတ်ပစ်ပေါက်ခဲ့ရာ လူငယ်(၃)ဦးသေနတ်ထိမှန်ပြီး၊ အမှတ်(၂)ရပ်ကွက်နေ (၁၅)နှစ်အရွယ် လူငယ်တစ်ဦး သေးဆုံးခဲ့ပြီး အလောင်းကို လုံခြုံရေးကားပေါ်တင်ယူသွားနေစဉ် လမ်းပေါ်ရှိလုထုများက အဆိုပါအလောင်းကို အီစ္စလာမ်ဘာသာတရားတော်နှင့်အညီ သင်္ဂြိုဟ်ရန်တောင်းဆိုရာ လုံးခြုံရေးတပ်မှ မပေးခဲ့သဖြင့် မကျေနပ်ပြီးပြဿနာစတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

မီးလောင်းမှုးစတင်ခြင်း။

(၈.၆.၂၀၁၂) နေ့လည် (၂း၃၀)လောက်အချိန်တွင် သီရီမင်္ဂလာခန်းမရှေ့တွင်လုံခြုံရေးအပြည့်ဖြင့် ကားတစ်စီးရောက်လာပြီးလမ်းမပေါ်တွင် တာယာပုံစံပစ္စည်းတစ်ခုကျပြီးမှမီးတိုက်ပေးသဖြင့်မီးခိုးများတဟုန်တည်းကြီးထွားလာသဖြင့် တခြားလမ်းနှင့်ရွာတွင်ရှိသော ရခိုင်များက ကုလားအိမ်ကိုမီးတိုက်ပေးသည်ဟုသတင်းပျံနှံ့သွားသဖြင့် မွတ်ဆလင်များက မကျေနပ်ပြီး ဗိုလ်မှူးရွာရှိ အိမ်(၃)ကို မီးတိုက်ပေးခြင်းဖြစ်ပါသည်။ မွန့်လွှဲနေ(၂)နာရီလောက်အချိန် မောင်တောမြို့မှ မိမိနေရပ်ညောင်ချောင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်နေသော မော်လ၀ီတစ်ပါးအား ညောင်ချောင်း (နေပြည်တော်ခေါ်) န.တ.လ ဆိုင်တန်း န.တ.လများကဓါးဖြင့်ခုတ်သဖြင့် အဆိုပါမော်လ၀ီသည် နားခေါင်းနှင့်လက်တွင်ဒဏ်ရာရ၍ ထွက်ပြေးသဖြင့် ဆိုင်ကယ်နှင့်ငွေများလုယူသွားခဲ့ပါသည်။ အဆိုပါသတင်းသည် နီးစပ်ရာရွာများသို့ပျံ့နှံ့သွားသဖြင့် ညောင်ချောင်းကျေးရွာရှိအဆိုပါန.တ.လ (စံပြ)ကျေးရွာ အား မီးတိုက်ခြင်းဖြစ်ပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသတင်းအခြေအနေ။

အထက်ပါပြဿနာများသည် ညနေ(၃)ခွဲလောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်သည် လမ်းကြား၊ ရွာကြားတွင်ဝင်ရောက်ပြီး လုံခြုံတင်းကျပ်နေသဖြင့် ပြဿနာလုံးလုံးလျားလျားငြိမ်သက်ခဲ့ပါသည်။ လုံခြုံရေးတပ်ဖွဲ့မှ ညနေ (၆)နာရီမှ နံနက်(၆)နာရီထိညမထွက်ရအမိန့်ထုတ်ပြန်ထားပါသည်။
ညနေ(၉)နာရီကျော်အချိန်တွင် ဒေသခံရခိုင်လူမျိုးများသည် မောင်တောမြို့အမှတ်(၅)ရပ်ကွက်နေ ဦးအဒူရော်ဇောက်၏တိုက်အိမ်နှင့်ဆိုင်တန်းကို မီးတိုက်ခဲ့ရာ မီးငြိမ်သတ်ရန် လာနေသော ပြည်လုထူအား လုံခြုံရေးတပ်ဖွဲ့မှသေနတ်ဖြင့် ပစ်ပေါက်ခဲ့ရာ (၁၀)ယောက် သေဆုံးပြီး ဒဏ်ရာရသူ (၃၀)ကျော်ဒဏ်ရရှိခဲ့ရာ မီးငြိမ်သတ်ရန်လာခဲ့သောပြည်သူလူထုများမိမိအိမ် မိမိပြန်ခဲ့သဖြင့် အဆိုပါအိမ်သည် လုံးဝလောင်းကျွမ်းခဲ့ပါသည်။

ယနေ့(၉.၆.၂၀၁၂)နေ့ နံနက် (၆း၃၀)ခန့်အချိန်တွင် ရခိုင်လူမျိုးများကစုဝေးပြီး အမှတ်(၅)ရပ်ကွက်နေ
ဦးဖေါ်ဇောလ်၏နေအိမ်၊ ဦးယာကုပ်၏နေအိမ်၊ အမှတ်(၄)ရပ်ကွက်၊ ရေကန်ကြီးနားရှိ မွတ်ဆလင်ပိုင်ဆိုင်များကိုဝင်ရောက်စီးနှင်းပြီး လူယက်နေချိန်တွင် မွတ်ဆလင်ရွာသူ/သားများ ကူညီရန်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကအဆိုပါမွတ်ဆလင်များအား သေနတ်ဖြင့် ပတ်ခတ်၍ လူအုပ်စုခွဲပြီး လူယက်နေသောရခိုင်လူမျိုးများကို ဟန့်ထားခြင်းအစား ကာကွယ်ပေးခဲ့ပါသည်။


သို့ဖြစ်ပါ၍ နိုင်ငံတော်သမ္မတအနေဖြင့် ဒေသခံပြည်သူလူထု(ရခိုင်+မွတ်ဆလင်)များတွက် ဘက်မလိုက်သောလုံခြုံရေးတပ်ဖွဲ့တစ်ခု အစားထိုးပြီး စီစဉ်ဆောင်ရွက်ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်။

(လမ်းပန်းဆက်သွယ်ရေးပိတ်ထားနေသဖြင့် သက်သေအထောက်အထားများမပေးပို့နိုင်ခြင်းကို ခွင့်လွှတ်ပါးရန်)

မောင်တောဒေသခံတစ်ဦး

သတင်းကို ကျေးဇူးပြုပြီး post လုပ်ပေးပါ။ ကျွန်တော်အစိုးရရော့/သတင်းထောက်တွေ့ပါ ဘာသာချင်းတူ သည့်အတွက်တစ်ကြောင်း၊မွတ်ဆလင်များကို လမ်းကြား၊လမ်းဝတွင်းတောင်းမရပ်ရဟု အမိန့်ထုတ်သည်က
တစ်ကြောင်း၊ မွတ်ဆလင်များ ဒဏ်ရာရသည့်နှင့် သေသည်ဖြစ်စေ၊ ရှင်သည့်ဖြစ်စေလုံခြုံရေးကားဖြင့် တင်ယူသွားသဖြင့် ဓါတ်ပုံနှင့်သတင်းများရယူရန်အခက်အခဲဖြစ်ပါသည်။

ယနေ့ ဇွန်လ -၁၁ ရက်နေ့ နံနက် ၆း၀၀ နာရီတွင် လည်း မွတ်ဆလင်အလောင်း (၁၀)ယောက် မောင်တော-ဘူးသီးတောင်ကားလမ်းဘေးချာင်းတွင်မျှော်နေခြင်း။အဆိုပါအလောင်းများကို ဇွန်လ-၁၁ ရက်နေ့ နံနက် ၃း၀၀ နာရီတွင်လုံခြုံရေးကားမှ ဝေးသည်ဖြစ်ကြောင်း

ယနေ့ ဇွန်လ -၁၁ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် အသက်(၁၂)နှစ်အရွယ်ပဲစေ့ရောင်းစားသော မွတ်ဆလင်မိန်ကလေးတစ်ဦး အမှတ်(၂)ရပ်ကွက်ကင်ရီးရွာလမ်းကြားထဲတွင် ဒုတပ်ကြပ်ကြီး တင်အေးနှင့် မောင်ချေတို့သည်သေနတ်ဖြင့်တိကျစွာပိုက်ခတ်၍ ပြည်သူလုထုရှေ့မှ အလောင်းကို
လုံခြုံရေးကားဖြင့် ယူသွားခဲ့ပါသည်။

မောင်တောမြို့၊ အမှတ်(၅) ရပိကွက်နှင့် မြို့သူကြီးကျေးရွာတို့တွင်ဒေသခံရခိုင်များက အိမ်အများအပြားမီးရှီု့ပျက်ဆီးခဲ့ပြီး မြို့ပေါ်တွင်မွတ်ဆလင် (၁၀၀)ကျော်သေဆုံးသွားပါသည်။
အဆိုပါအခင်းပွားသည့်နေ့မှ ဇွန်လ (၁၁)ရက်နေ နံနက်(၉း၀၀)နာရီလုံခြုံရေးနှင့်ရခိုင်လူမျိုးများပူပေါင်းပြီး
ဆိုင်ခန်းများလုယူသွားခဲ့ပါသည်။

(အကယ်၍ ဤသတင်းနှင့်ပတ်သက်၍ တစ်လုံးတစ်စ ဇဝေဇ၀ါရှိသော် မိမိစိတ်ချရသောမောင်တောမြို့ခံ မွတ်ဆလင်ထံမှ မေးမြန်နိုင်ပါသည်။ အကယ်၍ ကွဲလွဲမှုရှိပါကကျွန်တော်သည် သေးဆိုးနှင့်သေပါစေ)

Write A Comment

Rohingya Exodus