မြန်မာပြည်က လူထုအုံကြွမှု: မီဒီယာက ခင်ဗျားတို့ကို ဘာတွေချမပြဘူးလဲ
Jun 12, 2012
သတင်းအရင်းအမြစ်

(မြန်မာပြည်က) လူတွေအနေနဲ့ သတင်းပေးဖြန့်ချိဖို့ ဆန္ဒမရှိဖြစ်နေတဲ့ကိစ္စကတော့ ဒီလိုပြဿနာဖြစ်နေတဲ့နိုင်ငံဆီမှာ ဆူဆူညံညံနဲ့မနှစ်မြို့ဖွယ်ရာ လူမျိုးရေးခွဲခြားမှုတွေ ရှိနေခြင်းဆိုတဲ့အကြောင်း ပဲဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓဘာသာဝင်များနဲ့ ရခိုင်များက တာဝန်ကြီးကြီးမားမား ယူပေးရမယ်။ [ဘာကြောင့်လဲဆိုရင် သူတို့(ဗုဒ္ဓဘာသာဝင်များနဲ့ ရခိုင်များ)က မီဒီယာတွေဆီမှာ ကိုယ်ပိုင်အမြင်တွေကို ချပြနိုင်ခွင့်ပိုရနေတယ်ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။
ဒီပြဿနာမှာ လုံခြုံရေးတာဝန်ရှိသူတွေရဲ့အခန်းကဏ္ဍကိုလည်း သတင်းတွေမှာ ဖော်ပြခြင်းမရှိပါ။ ဒါနဲ့ပတ်သတ်ပြီး အီးယူပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ မနေ့က ကြေငြာချက်မှာ အခုလိုပြောသွားပါတယ်။ “လုံခြုံရေးအင်အားတွေက ဒီခက်ခဲတဲ့လူမျိုးရေးပြဿနာကြီးကို သင့်တော်တဲ့နည်းလမ်းတစ်ခုနဲ့ ကိုင်တွယ်ဖြေရှင်းနေမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။” ။ ဒါပေမယ့် ဒီယုံကြည်ချက်ကတော့ ဒေသဆိုင်ရာ ပြည်တွင်းသတင်းများရဲ့ လက်တွေ့မျက်နှာပြင်မှာတော့ အစပ်အဟပ်မတည့်ဖြစ်နေပါတော့တယ်။
ကျွန်တော်ကို အနည်းဆုံးလူလေးဦးက ဒီလိုသတင်းပေးပါတယ်။ ရဲတွေက ရခိုင်တွေ မွတ်စလင်အိမ်များကို မီးရှို့တဲ့အခါ ဘေးကနေ ရံပေးပြီး လိုက်ပါနေကြတယ်လို့ပါ။ တခြားသတင်းတော်တော်များများမှာလည်း ရဲတွေက မွတ်စလင်လူအုပ်များကို တိုက်ရိုက်ပစ်ခတ်နေတယ်လို့ ဆိုတာပေါ်ထွက်လာခဲ့ပါတယ်။ (ဒီနေရာမှာ ကောင်းကောင်းသဘောပေါက်ရမှာက မြန်မာ စစ်တပ်သို့မဟုတ် ရဲတပ်တွေထဲမှာ မွတ်စလင်မ်များတာဝန်ထမ်းဆောင်ခွင့် မရှိပါ။ ဒီလိုသဘာဝမျိုးဖြစ်နေတဲ့ ပြဿနာမှာ ဒီ(အမှုထမ်းခွင့်မရတဲ့ကိစ္စ)ကလည်း အရေးပါမှုတစ်ခုပါပဲ။) အင်ဂျီအိုဝန်ထမ်းတစ်ဦးက မနေ့ညက သူ့မိသားစုလိုဖြစ်နေတဲ့ အရင်ကနိုင်ငံရေးသမားဖြစ်ခဲ့ဖူးသူ သူငယ်ချင်းကို ရက်သတ္တပတ်ပေါင်းများစွာ ဖမ်းဆီးထားပြီး အခုသတ်ပြစ်လိုက်ကြပြီလို့ ပြောပါတယ်။ ဒီသတင်းကို ဘင်္ဂါလားဒေ့ရှ်မှာရိုဟင်ဂျာတစ်ယောက် မြန်မာရဲဘက်က ပစ်ခတ်မှုကြောင့် သေဆုံးပြီဆိုပြီး အေဖက်ဖ်ပီက တင်ပြထားပါတယ်။
ကုလအနေနဲ့ကလည်း ဒီပြဿနာရပ်မှာ ထင်ရှားတဲ့မေးခွန်းထုတ်လောက်ဖွယ် ရာဇ၀တ်မှုမျိုးကို နိုင်ငံတော်ဘက်က သူတွေကိုယ်တိုင်ကျူးလွန်ခြင်းမျိုး တွေ့မှတစ်စုံတစ်ရာ ဆောင်ရွက်နိုင်မှာပါ။ တကယ့်တမ်းတော့ ကွင်းဆင်းနေတဲ့ ဂျာနယ်လစ်နည်းနည်းပါးပါးလေး ဒါမှမဟုတ် စိစစ်လေ့လာနေသူနည်းနည်းလေးလောက်နဲ့တော့ ဒီလိုလူသေမှုတွေမှာ ဘယ်သူက တာဝန်ရှိနေလဲဆိုတာ ထောက်ပြဖို့ခက်ခဲနေပါတယ်။ ခုထိတော့ ရာနဲ့ချီသေဆုံးခဲ့ပြီလို့ ကောင်းကောင်းပြောနိုင်ပါတယ်။ ကုလကလည်း ဒီဒေသက တာဝန်ခံတွေကို ဖယ်ရှားပြစ်လိုက်ပါပြီ။ ဒါပေမယ့်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကတော့ စိစစ်လေ့လာသူများကို နိုင်ငံတွင်းပေးဝင်ဖို့ တောင်းဆိုနေပါပြီ။
မွတ်စလင်မ်တွေကို ဒီလူသတ်မှုများမှာ နောက်ကွယ်က တာဝန်ရှိနေတယ်ဆိုတဲ့ဟာမျိုး လူထူစစ်ဆင်ရေး (PR campaign) တစ်ခုခုရှိနေတယ်လို့ ထင်ရတာပဲ။ [ဆိုလိုတာက (အဲဒီ စစ်ဆင်ရေးဟာ) မွတ်စလင်မ်အုပ်စုတွေက ရပ်ကြည့်နေပေမယ့် အပြစ်မကင်းသူတွေဖြစ်တယ်၊ပြည်နယ်တ၀ှမ်းက မီးရှို့ဖျက်ဆီးမှုများမှာ ပါဝင်နေကြသူတွေဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြုလုပ်နေဖို့ပါ။] ဥပမာတစ်ခုကတော့ မွတ်စလင်မ်လူသေအလောင်းကို ခေါင်းရိတ်ပေးတယ်၊ သင်္ကန်းဆင်ပေးပြီး ဘုန်းကြီးပုံစံ ဖန်တီးပေးနေခြင်းများပါပဲ။ “သူတို့မီဒီယာတွေက ဒီလုပ်ကြံပုံတွေကို ဓာတ်ပုံရိုက်ပြီး ဘုန်းကြီးအလောင်းတွေ၊ သူတို့ကို မွတ်စလင်မ်တွေကသတ်တာဆိုပြီး ကမ္ဘာကိုပြသပါလိမ့်မယ်” လို့ သတင်းရင်းမြစ်တစ်ခုက ရေးသားထားပါတယ်။