မဲဆောက်မြို့ လေယဉ်ကွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့ မြောက်ဘက်(၆၅) ကီလိုမီတာအကွာမှာရှိတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေရှိတဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက် ခဲ့ပြီးအပြန်မှာ မဲဆောက်လေယာဉ်ကွင်း ဧည့်ဆောင်မှာ သူ့ခရီစဉ်နဲ့ပတ်သက်လို့ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီသတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတိုင်းရင်းသားဒုက္ခသည်တွေနဲ့ပတ်သက်လို့ နှစ်နိုင် ငံစလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ကြောင်း အခုလိုပြောပါတယ်။
"ကျမတို့အနေနဲ့ကတော့ (၂)နိုင်ငံကြားမှာ ပိုပြီးတော့ ဆက်ဆံတဲ့အဆင်ပြေအောင်လို့ ဦးတည်ပြီးပြောခဲ့ ရတာတွေ ရှိပါတယ်။ ဘာပြုလို့တုန်းဆိုတော့ ဒီရွှေ့ပြောင်းအလုပ်သမားတွေနဲ့ပဲဖြစ်စေ ဒုက္ခသည်တွေနဲ့ ပဲဖြစ်စေ ဒါဟာ နိုင်ငံ နှစ် နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပါ အထူးသဖြင့် ကျမတို့ရဲ့ နိုင်ငံ သူနိုင်ငံသားတွေဟာ မမေ့ဖို့ကိစ္စဟာ ဒီမှာ ရောက်နေတဲ့လူတွေက ဧည့်သည်တွေပါ ဧည့်သည်ဆိုတာ ဧည့်သည်ပီပီနေတတ်ရမယ် ဧည့်သည်ရဲ့ တာဝန်ကို လည်းသိရမယ် အိမ်ရှင်တွေကလည်း တက်နိုင်သမျှ ကျမတို့ရဲ့ နိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာကူညီစေချင်အောင်လို့လည်း ကျမတို့ကနေ ပြီးတော့ ဆောင်ရွက်ဖို့ တာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ ဒါပေမယ့် လည်း တချိန်ထဲမှာလည်း ကျမတို့ရဲ့ ပြည်သူပြည်သားတွေအနေနဲ့လည်း ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အ ရေးတွေကို ကာကွယ်တတ်ဖို့လည်း ကြိုးစားပြီးတော့ လုပ်ကိုင်ရမယ်လို့ ကျမမြင်ပါတယ်။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လာမယ်ဆိုတဲ့ သတင်းတွေကြောင့် မနက် (၇)နာရီလောက်ကတည်းကမယ်တော်ဆေးခန်းနဲ့မဲဆောက်လေယာဉ်ကွင်းရှေ့လမ်းတလျောက်မှာ ထောင်နဲ့ချီ တဲ့ မြန်မာပြည်သားတွေကအဖွဲ့ချုပ်တံဆိပ်ပါအလံတွေ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ချင်တယ် ဒေါ်အောင် ဆန်းစုကြည်ကိုကြိုဆိုတယ်စတဲ့လက်ကိုင်ပိုစတာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို ကိုင်ဆောင်ပြီးကြိုဆိုခဲ့ကြပါတယ်။ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ကို ရောက်ရှိလာတဲ့ ခရီးစဉ်မတိုင်ခင် ကတည်းက ထွက်ပေါ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ခရီးမှာ မယ်လဒုက္ခသည်စခန်းကို သွားရောက်တဲ့အပြင်မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် တွေ့ဆုံဖို့ရှိ သလိုထိုင်း-မြန်မာနယ်စပ် အခြေစိုက်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒါပေ မယ့်မူလကအစီအစဉ်ပျက်သွားပါတယ်။
RFA-Burmese