Latest Highlight

Yangon – ရန်ကုန်မြို့တော်မှာ လျှပ်စစ်မီးရရှိရေး ယနေ့ညနေတွင် ဆန္ဒထုတ်ဖော်မည်


မန္တလေးတွင် ဖယောင်းတိုင်များထွန်းညှိပြီး လျှပ်စစ်မီးရရှိရေး လူထုဆန္ဒထုတ်ဖော်ကြသကဲ့သို့ ရန်ကုန်မြိ့တော်တွင်လည်း လျှပ်စစ်မီးရရှိရေးဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြရန် ပြင်ဆင်နေပြီဟု သိရသည်။

ယနေ့ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့တော်၊ ဆူးလေဘုရားလမ်း၊ လက်ရွေးစင် လဘက်ရည်ဆိုင်ရှေ့တွင် စုဝေးပြီး ညနေ ၇ နာရီတွင် မြို့တော်ခန်းမသို့ ချီတက်ကြမည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဆိုသည်။

အစိုးရသတင်းစာများတွင် မြန်မာပြည်တွင်းလျှပ်စစ်မီးလုံလောက်စွာ ဖြန့်ဝေပေးခြင်းမပြုနိုင်ခြင်းမှာ နွေရာသီ အတွင်းမိုးရေနှင့်ဆည်ရေရှားပါးခြင်း၊စားသုံးမှု မြင့်တင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖြေရှင်းချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။



မန္တလေးတွင် အစိုးရ၏ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒထုတ်ဖော်သူများအနက်မှ ထင်ရှားသူများ၊ ပါဝင်သူများကို ခေါ်ယူစစ်ဆေးမှုများ၊ ထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာနက ပြည်သူများလျှပ်စစ်ကို ချွေတာသုံးစွဲမှုကိုဝိုင်းဝန်းပါဝင်ကြရန် မေတ္တာရပ်ခံထားသည်ကို   တွေ့ရသည်။လက်ရှိအစိုးရ၏၀န်ကြီးတဦးဖြစ်သူဦးဇော်မင်းကမူလွန်ခဲ့သည့်နှစ်ဧရာဝတီမြစ်ဆုံ ရေကာတာကန့် ကွက်သည့် အရးအခင်းကာလတွင်းက ပြောကြားခဲ့ရာတွင် မြန်မာပြည်ရှိပိုလျံသောစွမ်းအင်များကို ပြည်ပသို့ ရောင်းချရမည်   ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ဖူးသည်ဟု ဆိုသည်။

ယခုပူပြင်းသော မြန်မာပြည်၏ နွေရာသီကာလတွင် ရေရှားပါးခြင်းနှင့်စွမ်းအားပြတ်တောက်ခြင်းကို မြန်မာပြည်သူတို့ အထူးခံစားနေကြရသည်ဟု သိရသည်။

(photo – Internet & Facebook)

Write A Comment

Rohingya Exodus