တောင်ကိုရီးယား နိုင်ငံရဲ့ သမ္မတ Lee Myung-bak နှစ်ရက်ကြာ မြန်မာပြည် လာမည်
အခုလို လာရောက် လည်ပတ်ခြင်းဟာ တောင်ကိုရီးယား- မြန်မာ ဆက်ဆံရေးအပေါ် လွန်ခဲ့တဲ့ နှစ်များနဲ့ မတူ သိသာစွာ တိုးတက် ပြောင်းလဲ လာခဲ့ခြင်း ဆိုတာကို ဖော်ဆောင်နေပါတယ်။ ဦးသိန်းစိန် အစိုးရ တက်ပြီး ကာလမှာ နိုင်ငံတကာ နဲ့ဆက် သွယ်မှုတွေ မမျှော်မှန်းနိုင်လောက်အောင် တိုးတက်လာခဲ့ပြီး အထူးသဖြင့် အနောက် ဥရောပ နိုင်ငံတွေအထိ ဆက်ဆံရေး တွေဟာ ခြေလှမ်းကြဲကြဲနဲ့ လှမ်းဆန့် နိုင်ခဲ့တယ်ဆိုတာကို မျက်ဝါး ထင်ထင်တွေ့ မြင်နေကြရတာဖြစ်ပါတယ်။