ဆင်ဆာပိတ်ရုပ်ရှင် ၊ ဗီဒီယိုဇာတ်ကားများ ပြန်လည်စိစစ်ခွင့်ပြုမည်

ယင်းအစည်းအဝေးတွင်မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက၁၉၈၈ခုနှစ်မှ၂၀၁၂ ခုနှစ်အတွင်း ရိုက်ကူးခဲ့သည့်ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားများအားအများ ပြည်သူသို့ပြသရန်မသင့်ဟူသော ဆင်ဆာမူဝါဒကို ၊ယခုနိုင်ငံတော် အစိုးရသစ်လက်ထက်တွင်ချမှတ် ထားသည့်ပေါ်လစီ၊ နည်းဥပဒေများ နှင့် ထိပါးမှု့ မရှိပါကပြန်လည်ပြသ ခွင့်ပေးရန်တောင်းဆိုခဲ့သည်။
““ရုပ်ရှင်တစ်ကား အတွက် ထုတ် လုပ်သူ၊ဒါရိုက်တာ၊မင်းသား၊မင်း သမီး၊မီးထိုးမှန်ထိုးကအစပင်ပန်း ထားရတာ၊ပြန်ပြခွင့်ပြုမယ်ဆိုရင်သိန်းထောင်ချီရင်းနှီးမြှုပ်နှံမှု့ကအခြေအနေပြန်ကောင်းပြီးစီးပွား ရေးဘက်ပြန် လှည့်နိုင်မှာ””ဟု ဒါရိုက်တာတစ်ဦးက သုံးသပ်ပြော ကြားသည်။ ယခင်တပ်မတော် အစိုးရလက်ထက် ကပြသရန်ခွင့်မပြု ခဲ့သည့်ရှစ်နှစ်ခန့်အကြာဆင်ဆာ ပိတ်ခံထားရေသောမော်ကင်းဥဒါန်း ရုပ်ရှင်ကားကြီးအပါ ရုပ်ရှင်ဇာတ် ကား(၄၁)ကားအားမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဆင်ဆာအဖွဲ့ မှပြန်လည်ကြည့် ရှု့စစ်ဆေး ပြီး ပြသရန်ခွင့်ပြုသွားမည်ဖြစ်ရာ မြန်မာ့ရုပ်ရှင်နှင့်ဗီဒီယိုလောက အခြေအနေပြန်ကောင်း လာနိုင် ကြောင်း ရုပ်ရှင်အသိုင်းအ၀ိုင်းမှ သုံးသပ်ကြသည်။
The Hot News Weekly