Latest Highlight

ပြည်သူ့လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းလန်ဒန်ရောက်


ဥရောပနိုင်ငံတွေရှိ အနောက်တိုင်း ပါလီမန်တွေလေ့လာရအောင် လန်ဒန်မြို့ကိုရောက်လာတဲ့ ပြည်သူ့လွတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဘီဘီစီမြန်မာဌာနကို သီးသန့်တွေ့ဆုံ မေးမြန်းခွင့် ပေးရာမှာ အနောက်တိုင်း ပါလီမန်တွေနဲ့ မြန်မာနိုင်ငံက ပြည်သူ့လွတ်တော်ကို နှိုင်းယှဉ်ပြတဲ့ အချက်တွေရှင်းပြသွားပါတယ်။

ပါလီမန်ရဲ့အခန်းကဏ္ဍဟာအရေးကြီးတဲ့အတွက်အခုလိုအနောက်တိုင်းပါလီမန်တွေ လေ့လာခွင့်ရတဲ့အခါမှာ ပြည်သူ့လွတ်တော်လုပ်ငန်းမှာပိုမိုအဆင်ပြေမယ့်သင်ခန်းစာတွေ၊ဗဟုသုတတွေရခဲ့လို့မြန်မာနိုင်ငံအတွက်အ ကျိုး များစွာရှိကြောင်း ဘီဘီစီပြောပြပါတယ်။
သင်ခန်းစာဆိုတဲ့နေရာမှာ ဥရောပနိုင်ငံတွေရဲ့ ပါလီမန် စနစ်တည်ဆောက်ရာမှာလည်း ကောင်းမွန်အောင်၊ ပြည့်စုံအောင် လုပ်ထားတဲ့ ကြားက လိုအပ်ချက်တွေ၊ အခက်အခဲတွေ ရှိကြောင်းသက်ဆိုင်ရာနိုင်ငံတွေက ထုတ်ဖေါ်ပြောကြပုံလည်း သူရဦးရွှေမန်းကဘီဘီစီကိုပြောပါတယ်။
ဒါကြောင့်မို့ အရင်ကယူဆချက်တွေအရ အနောက်တိုင်းပါလီမန်တွေအပေါ် ခန့်မှန်းချက်နဲ့ ကွာခြားချက်ဟာ သိပ်မကွာဘဲ လုပ်နည်းကိုင်နည်း ကွာတာသာ ရှိပုံလည်း ရှင်းပြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ လုထုကိုယ်စားပြုတဲ့ ပါလီမန်ဖြစ်ဖို့ကတော့ အချိန်စောသေးကြောင်း၊ မြန်မာ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်က စတင် အသက်သွင်းပြီး၊ ၂၀၁၁ ခုနှစ်ကမှ လက်တွေ့ကျင့်သုံးတဲ့အတွက် အချိန်ယူရဦးမယ်၊ တွေ့ရှိချက်တွေအပေါ် မူတည်ပြီး သက်ဆိုင်ရာပါလီမန်နဲ့ ပြည်သူရဲ့အဆုံးအဖြတ်အပေါ်မူတည် ကြောင်း၊အခြေခံဥပဒေကိုပြင်ဆင်ဖို့ ပြဌာန်းထားတဲ့ ဥပဒေတွေလည်းရှိပြီးသားမို့ ကျိုးကြောင်းညီညွတ်ရင် ပြင်ဆင်နိုင်တဲ့ အနေအထားရှိပါတယ်လို့လည်း ဘီဘီစီကို သူရဦးရွှေမန်းကပြောပါတယ်။
NLDနဲ့ပူးပေါင်းဆောင်ရွက်ရေးအပိုင်းမှာလည်းလွတ်တော်ထဲမှာပါတီစွဲ၊ဝါဒစွဲ၊ဒေသစွဲ၊လူမျိုးစွဲ၊ကိုးကွယ်တဲ့အယူဝါဒကို အဓိကမထားပဲ နိုင်ငံအကျိုးများမဲ့လုပ်ငန်းတွေ အဓိကထားကြမယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။ တပ်မတော်သားတွေ ပါလီမန်ထဲ မပါဝင်ရမယ့် အချိန်ကိုပြောဖို့တော့ စောသေးကြောင်း၊ စစ်တပ်ထဲမှာလည်း ဒီမိုကရေစီအပြည့်အဝရှိကြောင်းတွေ ဘီဘီစီကို သူရဦးရွှေမန်းက ပြောပါတယ်။


BBC News.
















Write A Comment

Rohingya Exodus