ဒေါ်အောင်ဆန်းစုကြည်၏ မနက်ဖြန် အစီအစဉ်များ

မနက် ၈ နာရီ ၃၀ မိနစ်တွင် တည်းခိုရာ ရှန်ဂရီလာ ဟော်တယ် က မဟာချိုင်သို့ ထွက်ခွာမှာဖြစ်ပါတယ်။ အဲဒီနောက် ကွန့်ဂ် ( ပုဇွန်ဈေး) ကို မနက် ၉ နာရီမှာ ရောက်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ ကားပေါ်ကပဲ ဈေးနဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ နေထိုင်လုပ်ကိုင်စားသောက်ရနေရတဲ့ဘ၀ အခြေအနေတွေကို လှည့်လည်ကြည့်ရှု့မှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက်လာပြီဖြစ်တဲ့ ရုပ်သံပေါ်က ဒေါ်အောင်ဆန်းစုကြည်
မနက် ၉ နာရီ ၃၀ မိနစ်မှာ မဟာချိုင်မှာ ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားများ အဖွဲ့အစည်းကြီး တခုဖြစ်တဲ့ MWRN ရုံးကို ရောက်ပါမယ်။ အဆိုပါ အဆောက်အဦး အပေါ်ထပ် လေသာဆောင်ကနေ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနဲ့ သူတို့ရဲ့ မိသားစုကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။
မနက် ၁၁ နာရီမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဆိုပါ အလုပ်သမားအရေး ကူညီလှုပ်ရှားနေတဲ့ MWRN အဆောက်အဦးကနေ ပြန်လည်ထွက်ခွာလာမှာလည်းဖြစ်ပါတယ်။

လေဆိပ်က တည်းခိုမည့် ရှန်ဂရီလာဟော်တယ်သို့ အသွား