ဒေါ်အောင်ဆန်းစုကြည် အိမ်အနီး လုံခြုံရေးတပ်ဖွဲ့  များတွေ့ရသဖြင့် ပြည်သူများစိုးရိမ်းနေ
မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။ |
ဒေါ်အောင်ဆန်းစုကြည် အိမ် နှင့် မလှမ်း မကန်းတွင်လည်း ရဲကား- ၃ -စီး ရပ်ထားသည်ကို မျက်မြင်တွေ့ရှိခဲ့သူ ဦးညွန့် ဝင်း က Myanmar News Now ကိုပြောပါသည်။
အဆိုပါလုံခြုံရေးတပ်ဖွဲ့ ဝင်များမှာလက်နက်အပြည့်အစုံတပ်ဆင်ထားပြီးမျက်ရည်ယိုပုံးပစ်ခတ်နိုင်သည်လက်နက်ပါ တစ်ဖွဲ့လျှင် ရဲသားတစ်ယောက်ကိုင်ဆောင်ထားပါသည်။လုံခြုံရေးတပ်ဖွဲ့ ဝင်အင်းအား၅၀ခန့်တွေ့ရှိသည်ဟု ဆိုပါသည်။
အကွာအဝေး တစ်နေရာလျှင် ၃ -ဦး ရှိပါပြီး အင်းလျှား မီးပွိုင့် မှ လှည်းတန်းမီးပွိုင့် ကြား ရဲအစောင့်များ ကြဲသွားပါသည်။
ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ်ဖြင့် နေစဉ်ကာလတွင်လည်းထိုကဲသို့ တွေ့ဖူးထားသဖြင့်လမ်းအတွင်းသို့ ကားဖြတ်မောင်း သွားသောမိဘပြည်သူများမှာစိုးရိမ်သောကများဖြစ်နေကြပါသည်။လုံခြုံရေးရဲများမိမိတာဝန် မိမိ ဆောင်ရွက်နေခြင်းမှန်ကန်သော်လည်း၊မိဘပြည်သူများမှာလည်းလွတ်လပ်စွာစိတ်ပူနေခြင်းဖြစ်ပါကြောင်း ဦးညွန့် ဝင်း ကဆက်လက်ပြောဆိုထားပါသည်။
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ မှ ဖြတ်သွားတဲ့ ပြည်သူတဦးကလည်းလက်နက်အပြည်အစုံနဲ့ လုံခြုံရေးကားတွေ ဒေါ်အောင်ဆန်းစုကြည်
အိမ်အနီးချထားတာတွေ့ တဲ့အတွက် စိုးရိမ်းကြီးစွာနဲ့ တယ်လီဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး Myanmar News Now ကိုပေးပို့ ထားပါသည်။
မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။ |