ဆိုက်ရောက် ဗီဇာ ဇွန်၁ ရက်နေ့ စတင်ထုတ်ပေးမည်
မြန်မာနိုင်ငံသို့ လာရောက်သူများအတွက် စီးပွားရေး၊ ပြည် ၀င်နှင့် ဖြတ်သန်း ဆိုက်ရောက် ဗီဇာများ ကို ဇွန်လ တစ် ရက်နေ့မှ စတင် ထုတ်ပေးသွား မည်ဖြစ်ကြောင်း လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဋ္ဌာနက ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။
အာဆီယံ ၉ နိုင်ငံ၊ တရုတ်၊ ဂျပန်၊ တောင် ကိုရီးယား၊ မြောက်ကိုရီးယား၊ သြစတေးလျ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုတို့အပါအ၀င် နိုင်ငံ ၂၇ နိုင်ငံကို ယင်းဆိုက်ရောက်ဗီဇာ ထုတ်ပေး မည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
စီးပွားရေးဗီဇာအတွက် ရက်ပေါင်း ၇၀၊ ပြည်ဝင်ဗီဇာအတွက် ၂၈ ရက်၊ ဖြတ်သန်း ဗီဇာအတွက် ၂၄ နာရီ အသီးသီးရရှိမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။