Latest Highlight

ကုမ္ပဏီကိုးခု စီးတီးတက္ကစီ လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အတည်ပြုထောက် ခံချက်ဖြင့် ကုမ္ပဏီကိုးခုကို စီးတီးတက္ကစီ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးကာ လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန်  ရှိကြောင်း မေလ ၂၁ ရက်နေ့က ရန်ကုန်မြို့ UMFCCI ၌ ပြုလုပ်သည့် အလုပ် ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ ယင်းသို့ လုပ် ကိုင်ခွင့် ပြုလိုက်သော     ကုမ္ပဏီများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ခံ တင်ပြ  ထားသော ကုမ္ပဏီများဖြစ်သည့် Ocean & Orion, Apex Greatest Industrial Services, High Tech Princess Services, Capital Auto Motive, U Thamardi International, Doh Shwe Myanmar, Triple Two Trading, First Royal Family နှင့် Asia Master တို့ပါဝင်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။ အဆိုပါ ကုမ္ပဏီကိုးခုက အငှားယာဉ်အဖြစ် တင်သွင်းခွင့်ပြုရန် တင်ပြထားသည့် မော်တော်ယာဉ်များကို ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့အပြင် အမေရိကန်၊ အီတလီ၊ ဂျာမနီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှလည်း တင်သွင်းမည်ဖြစ်ကြောင်း မေလ ၂၁ရက်နေ့အလုပ်ရုံဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ရန်ကုန်အပါအဝင်   မြန်မာနိုင်ငံအနှံ့တိုင်းဒေသကြီးအစိုးရများ၏ ထောက်ခံချက်ဖြင့်အစိုးရတက္ကစီများကို မေလတတိယပတ်အတွင်း စတင်သွင်းခွင့်ပြုထားပြီးတိုင်းဒေသကြီးအစိုးရများ၏  ထောက်ခံချက်အတိုင်း အကန့်အသတ်မရှိ တင်သွင်း ခွင့်ပြုထားကြောင်း၊ တင်သွင်းလာသော ကားများသည် အရောင်တူရမည်ဖြစ်ကာ မီတာတပ် အသုံးပြုရမည်ဖြစ်ပြီး အိမ်စီးကား အဖြစ် ပြောင်းလဲအသုံးပြု၍ မရနိုင်ကြောင်း၊ လိုအပ်လျှင် OnCall ခေါ်၍ရနိုင်အောင်စီစဉ်ထားသည်ဟုစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဦးသန်းအောင်ကျော်က ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

Write A Comment

Rohingya Exodus