Latest Highlight

မောင်တောမြို့တွင် ငွေရှိမှသာ လူသေ အလောင်းမြှုပ်နိုင်

ကုလားတန်(မောင်တော)။။မိုးကြိုးပစ်၍သေဆုံးသွားသောရိုဟင်ဂျာလူသေအလောင်း နှစ် လောင်းကို ငွေပေးမှ သာ မြှုပ်နိုင်ခွင့်ပေးမည်ဟု မောင်တောမြို့နယ်အပိုင်ရှိရဲအရာရှိတဦးမှဧပြီလ၂၁ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း   ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောဆိုသည်။

မောင်တောမြို့နယ် တောင်ပြို လက်အောက်ရှိ သဲချောင်း (ဘာလူခါရီ) ကျေးရွာ အုပ်စု၊မူတီ ကျေးရွာနေ ဦးနူရ်ဇော်မန်၏ မိသားစုဝင်များဖြစ်သော ဇနီးဒေါ်တာဟာရာဘေဂေါမ်၊ ၄၈ နှစ်နှင့် မဖေါ်မီနာဘေဂေါမ်၊ ၁၄ နှစ်တို့ သည် ကျေးရွာ အနီးရှိ ၎င်းသူတို့၏ ငရုတ်ခင်းတွင် အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရ၍ ဧပြီလ ၂၁ ၇က်နေ့ နံနက် ၁၀း ၃၀ ခန့်တွင် သေဆုံးသွား ကြောင်း ၎င်းအဖွဲ့ဝင်ကပင် ပြောဆိုသည်။

သို့သော် သဲချောင်း ရဲကင်းစခန်းတာဝန်ခံ ဒုရဲအုပ် ဦးကျော်ဝင်းသည် အခင်းဖြစ်ပွါးရာ မူတီကျေးရွာသို့ သဲချောင်း အုပ်ချုပ်ရေးမှူး ဦးအဒုလ်ရော်ရှိတ်နှင့် အတူ သွားရောက် စစ်ဆေးပြီး အလောင်းမြှုပ်လိုပါက ငွေ တသိန်းပေးရမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက မြှုပ်ခွင့်အမိန့်ပေးမည်မဟုတ်ကြောင်း ပြောဆိုသည်။

ဦးနူရ်ဇော်မန်၏ မိသားစုသည် ၎င်းကျေးရွာတွင် အဆင်းရဲဆုံး ဖြစ်သည့်အတွက် ရဲအရာရှိတောင်းဆိုသည့် ငွေကို မပေးနိုင်ကြောင်း ပြောဆိုသည့်အတွက် ရဲအရာရှိ ကျော်ဝင်းသည် အလောင်းများကို ခွဲစိပ်စစ်ဆေးရန် ယူဆောင် သွားရန် ပြုလုပ်နေသောကြောင်း၊ ကျေးရွာပြည်သူများ အားလုံးမှ ငွေကောက်ခံ၍ ငွေ တသိန်းကို ရဲအရာရှိအားပေးခဲ့ကြောင်း၊ ထိုမှသာ ၎င်းအလောင်းနှစ်လောင်းအား ကျေးရွာ သုသာန်တွင် သင်္ဂြုဟ်ခဲ့ကြောင်း၊ ဦးနူရ်ဇော်မန်၏ မိသားစုဝင်တဦးက ပြောပြသည်။

ဦးနူရ်ဇော်မန်၏ မိသားစုဝင်တဦးဖြစ်သော မရုဇီနာဘေဂေါမ် ၁၅ လ အရွယ်သည်လည်း မိုးကြိုးပစ်ခံရသည့် အတွက်အ၀ည်းအသန်းဒဏ်ရာရခဲ့သည်အတွက်ယခုအခါ တောင်ပြိုဆေးပေးခန်းတွင် ဆေးကုသနေကြောင်း သိရသည်။

ရခိုင်ပြည်မြောက်ပိုင်းဆုံးရှိရဲအရာရှိများသည်ရိုဟင်ဂျာလူထုထံမှမည်သည့်အောကာင်းပြချက်ဖြင့် ငွေညှစ်နိုင် မည်ကိုအမြဲတမ်းစောင့်ကြည့်နေကြောင်း၊၎င်းမှာသဘာဝအရဖြစ်ဖြစ်၊လူသားများ ပြုလုပ်သည့်အတွက် ဖြစ်ဖြစ်ကို မစဉ်းစားကြောင်း ၎င်းကျေးရွာရှိ ကျောင်းဆရာ တဦးက ပြောပြသည်။
ကုလားတန် (မောင်တော)
**********************************************************************************

No money, no bury in Maungdaw

Maungdaw, Arakan State: Two Rohingya dead bodies -struck by thunder- were not allowed to bury by police without paying money to them on April 21 in Maungdaw Township, according to village administration office member.

“Ms.Tahera Begum, 48 and Ms.Formina Begum,14 hail from Mutee village of Theechang (Balu Khali) village track under Taungbro , Maungdaw  Township, were  struck by thunder (lightning)  while working in their chili cultivation field near the village and died in the spot on April 21 at about 10:30 am.”

“But, U Kyaw Win, the assistant police inspector from Theechaung police outpost, went to the victim house with Theechang village administration officer U Abdul Rashid at about 12:00 noon on that day and the police officer asked 100,000 kyats to give permission to bury the dead body in the village.”

The two females are mother and daughter of U Nurul Zawman, a poorest family in the village. The police officer had pretended to take dead body to the morgue for autopsy as Nurul can’t able to pay the money to the police officer. But, the villagers collected the money from village and gave to the police officer for burying the dead body in the village graveyard, said a closed relative of Nurul.

One of Nurul’s daughter- Rozena Begum, 15 month old was  also seriously injure for thunder and now she has been taking medical treatment in the Taungbro clinic.

“The police in northern Arakan need money from Rohingya community and they are watching how to extort money from any accident which is naturally or manmade,” said a teacher from that village.

Kaladan Press
 

Write A Comment

Rohingya Exodus