အတိုက်အခံခေါင်းဆောင် ၂ ဦး ဘန်ကောက်တွင် တွေ့ဆုံ

ဘာတွေ ဆွေးနွေးကြတယ်ဆိုတာ အသေးစိပ် မသိရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းကလည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအများစုရှိတဲ့ မဟာချိုင်ဒေ သ ကို သွား ရောက် ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် အားပေးစကား များပြောကြား ခဲ့ပါသေးတယ်။
ဒီအပြင် အလုပ်သမား များအရေးကိုလည်း ဥပဒေလမ်းကြောင်းတွေနဲ့ အညီ အားပေးကူညီလုပ်ဆောင် သွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ နေ့လယ်ပိုင်းကလည်း တည်းခိုရာ ဟော်တယ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပါသေးတယ်။
သတင်းများအရ ဇွန်လ ၂ ရက်နေ့မှတော့ စီစဉ်ထားတဲ့ ခရီးစဉ်တခုဖြစ်တဲ့ မဲလ ဒုက္ခသည်စခန်းကို သွားပြီး မြန်မာဒုက္ခ သည်တွေနဲ့ တွေ့ဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီနောက်ပိုင်း မြန်မာအတိုက်အခံများ အများစု ရှိတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လာရောက်မယ်လို့ ဆိုပါတယ်။
မဲဆောက်မှာတော့ မြန်မာပြည်က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ရှိတယ်ဆိုပေမယ့် KNU ကရင် အမျိုးသား အစည်းအရုံးအနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ချက်ရှိပေမယ့် အခုထိ မသေချာ မရေရာဘူးပဲ ဖြစ်နေပြီး လာရောက်ဆက်သွယ် အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။