ဒီပဲယင်း နှစ်ပတ်လည်နေ့ ၊အညတရ ကျဆုံးသူများအတွက် အမျှပေးဝေ

ဒီနေ့ဟာ ဒီပဲယင်း လုပ်ကြံမှုကြီး ( ၉)နှစ်ပြည့်တဲ့ မေ ၃၀ နေ့လည်းဖြစ်တဲ့အတွက် မုံရွာက လူငယ်တွေ စုပေါင်းပြီး ဆွမ်းကပ်၊ ဇီဝိတ ဒါန အဖြစ် သွေးလှူ စတာတွေ လုပ်ကြတယ်လို့ သိရပါတယ်။

ဒီလို ကောင်းမှုကုသိုလ်တွေလုပ်ခဲ့ပြီး လူမသိ သူမသိ ကျဆုံးသွားကြတဲ့ ရဲဘော်များအတွက် အမျှ --- အမျှ --- အမျှ ပေးဝေခဲ့ကြကြောင်း


ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း အနှောင့်အယှက်ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။(Photo: Ad Hoc Commission on Depayin Massacre- Burma)