Latest Highlight

မသမာသည့် ပညာရေးဝန်ထမ်းများအား အချိန်မဆိုင်း ထိရောက်စွာအရေးယူသွားမည်

ယခုနှစ်ကျောင်းဖွင့်ချိန်တွင် တရားမ၀င်ငွေကြေးကောက် ခံခြင်း၊ ကျောင်းဝင်ကြေးများ     ပိုမိုကောက်ခံခြင်း အစရှိသည်တို့ ကိုပြုလုပ်သည့် ပညာရေးဝန်ထမ်းများအား ထိရောက်စွာအရေးယူသွားမည်ဟုပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာမြအေးကပြောသည်။

မေလ(၂၇)ရက်နေ့ကအဆင့်မြင့်ပညာဦးစီးဌာနအစည်းအဝေးခန်းမတွင်ပြုလုပ်သောအဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)မှတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအပြီးတွင်စာနယ်ဇင်းများ၏ မေးမြန်းမှုကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"ယူတဲ့သူ အရေးယူမယ်။ တစ်ခါတည်းပြောထားပြီးသား။ နယ်အဝေးကိုပို့မယ်၊ ဖြုတ်သင့်ရင်ဖြုတ်မယ်။ ဆင်းရဲနွမ်းပါးမှုလျော့ကျရေးလုပ်နေတဲ့အချိန်မှာ ဒါမျိုးယူရင် အရေးယူမယ်။ ညွှန်ချုပ်တွေကိုလဲပြောပြီးသား။ တိုင်းပညာရေးမှူးတွေ၊ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီးတွေကိုလဲပြောပြီးသား။ဒါမျိုးလုပ်တာတွေကို ကျွန်တော့်ဆီကို တိုက်ရိုက်တိုင်နိုင်တယ်။ တိတိကျကျသိရင်တိုင်ပါ"ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ဝန်ကြီးထံသို့တိုင်စာများရောက်ရှိသည့်အနက်အချက်အလက်မမှန်ကန်သည့်ပစ်စာများလည်းပါဝင်နေကြောင်း၊ ထိုသို့သော ပစ်စာများမှာမူ ပုဂ္ဂိုလ်ရေးဆိုင်ရာမကြေနပ်မှုများကြောင့်ဖြစ်နိုင်ပြီး ခိုင်လုံတိကျသည့် အချက်အလက်များပါဝင်မှုမရှိသဖြင့်အရေးယူရန်မဖြစ်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးကထပ်လောင်းပြော ကြားသည်။
"အထောက်အထားခိုင်လုံရင် စာနဲ့သာတိုင်ပါ။ စာတွေက ကျွန်တော့်ဆီရောက်ပါတယ်။ လက်ရှိကို အရေးယူနေတာတွေလဲရှိပါတယ်။ ဟုတ်တာဆိုရင်၊ စစ်ဆေးလို့ပေါ်ရင်တော့ ကျွန်တော်တို့က အရေးယူမှာပဲ။ ကျွန်တော်တို့ အချိန်မဆိုင်းအရေးယူမယ်။ ကျူးလွန်တဲ့အပြစ်ပေါ်မူတည်ပြီးတော့ လိုအပ်သလိုအရေးယူမယ်"ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးကပြောပါသည်။

Popular Myanmar News Journal

Write A Comment

Rohingya Exodus