Latest Highlight

ဦးဇော်မင်းထွဋ်အား ဂျပန်နိုင်ငံတွင်ညစာစားပွဲအခမ်းအနားဖြင့်ဂုဏ်ပြု

အမေရိကန်နိုင်ငံမှလူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆုအတွက်ရွေးချယ်ခံရသူများတွင်ပါဝင်ခဲ့သော မြန် မာနိုင်ငံသားရိုဟင်ဂျာများအသင်း (ဂျပန်) မှ ဥက္ကဌ ဦးဇော်မင်းထွဋ်အားဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၁၂ ခုနှစ် ဧပြီလ (၁၂) ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Deputy Chief of Mission Mr.Kurt W. Tong ၏နေအိမ်တွင်ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။

အဆိုပါညစာစားပွဲအခမ်းအနားသို့ ဂျပန်နိုင်ငံမှ ၀န်ကြီးဟောင်းများ၊ လက်ရှိအစိုးရပါလီမန်အမတ်များ၊ အစိုးရတာဝန်ရှိသူများ၊ဥပဒေပညာရှင်များ၊လူ့အခွင့်အရေးလှုပ်ရှားသူများ၊အင်္ဂလန်နိုင်ငံသံရုံးမှသံတမန်များနှင့် အခြားသောသံရုံးများမှအရာရှိများအပါအ၀င် ဧည့်သည်တော် ၆၀ ကျော်တက်ရောက်ခဲ့သည်။
 






အခမ်းအနားတွင် Mr. Kurt W. Tong မှ ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ အမေရိကန်နိုင်ငံမှ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဆုအတွက်ရွေးချယ်ခံရသူများတွင်ပါဝင်သော မြန်မာနိုင်ငံသားရိုဟင်ဂျာများအသင်း (ဂျပန်)မှဥက္ကဌ ဦးဇော်မင်းထွဋ်အား Human Rights Defender Award Nominee Certificate ချီးမြှင့်ခဲ့သည်။

ဦးဇော်မင်းထွဋ်သည် ၁၉၉၈ ခုနှစ်မှစ၍ ဂျပန်နိုင်ငံတွင်အခြေစိုက်ပြီး ရိုဟင်ဂျာလူမျိုးများ၏ ဆုံးရှုံးသွားသောလူ့အခွင့်အရေးနှင့်တိုင်းရင်းသားအခွင့်အရေးများအတွက် မြန်မာနိုင်ငံသားရိုဟင်ဂျာများအသင်း (ဂျပန်) ကိုထူထောင်၍ အစဉ်တစိုက်လှုပ်ရှားနေသူဖြစ်ပါသည်။


ဦးဇော်မင်းထွဋ်သည် “ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်တိုင်းရင်းသားရိုဟင်ဂျာများ” စာအုပ်နှင့် Human Rights Abuses and Discrimination on Rohingyas စာအုပ်များကိုရေးသားခဲ့သည်။

ရိုဟင်ဂျာ ဘလော်ဂါ

  1. ဦးဇော်မင်းထွတ် ကျန်းမာပါစေ၊ ချမ်းသာပါစေ။............

  2. congratulation ko zaw min htut.but you have to thank and honor our national hero saya u kyaw min

Write A Comment

Rohingya Exodus