ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် ရောက်ပြီ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီမနက် ထိုင်းစံတော်ချိန် ၉း၄၅ မီနစ် တွင် မြန်မာအလုပ်သမား အများအပြား ရှိနေတဲ့ ဘန်ကောက်မြို့ အနီးကမဟာချိုင် ပုဇွန်ဈေးကို ရောက်ရှိ လာခဲ့ပါတယ်။ဈေးမှ လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားများရဲ့ ကြိုဆို မှုများကတော့ တကယ်ကို ၀မ်းသာစရာမြင်ကွင်းလေးပါဘဲ။

လုံခြုံရေးအစောင့်များကလဲ စနစ်တကျ နေရာယူပေးထားပါတယ်။ နိုင်ငံတကာ သတင်းထောက်များနှင့်အတူ ထိုင်းနိုင်ငံ သတင်းထောက်များကလဲ သတင်းယူကာ ထိုင်း PBS TV လိုင်းကနေ ထုတ်လွှင့်ပေးနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အချိန်မှာတော့ထိုင်းနိုင်ငံရောက်မြန်မာများက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေလို ဟစ်အော်ကြွေးကြော်၍ ဓာတ်ပုံများ ကိုင်ဆောင်ပြီ ကြိုဆိုနေကြတာ ကိုလဲ တွေမြင် ၇ပါတယ်။
အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ပုဇွန်းဈေးက အဆောက်အဦး တစ်ခုကနေ မိန့်ခွန်းပြောဆိုပါတယ်။ ကြိုဆိုသူ တွေများပြားတဲ့အတွက် လုံခြုံရေးကလဲ အထူးယူထား တာကို လည်း မြင်နေရ ပါတယ်












(ဓာတ်ပုံ - Prachatai - facebook)