Latest Highlight

NLD ပါတီမှ ၂ရမြို့နယ်မှာ ဦးဆောင်အနိုင်ရနေ


ရေတွက်ပြီးစီးသွားသည့် မဲရုံအများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အနိုင်ရရှိလျက်ရှိကြောင်း မဇ္ဈိမ က စုံစမ်းသိရှိရသည်။ အောက်ပါမဲဆန္ဒနယ်မြေ ၂၇ ခုတွင် ရေတွက်ပြီးသမျှမဲရုံအများစုတွင် NLD က မဲအသာဖြင့် ဦးဆောင်လျက်ရှိသည်။

မွန်ပြည်နယ်မှ မော်လမြိုင်၊ ရှမ်းပြည်နယ်မှ ကလောနှင့် လားရှိုး၊ ရန်ကုန်တိုင်းအတွင်းမှ ကော့မှူး၊ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ လှည်းကူး၊ ဒဂုံဆိပ်ကမ်း၊ ခရမ်းသုံးခွ၊ မန္တလေးတိုင်းအတွင်းမှ မဟာအောင်မြေ၊ ပြင်ဦးလွင်၊ နေပြည်တော် ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိ၊ စစ်ကိုင်းတိုင်းမှ ပုလဲနှင့် ရေဦး (နှင့် တန့်ဆည်၊ ငန့်ဘလူ၊ ကျွန်းလှ)၊ ဧရာဝတီတိုင်းမှ
ရေကြည်၊ မအူပင်၊ ဖျာပုံနှင့် မြောင်းမြ၊ မကွေးတိုင်းမှ ပခုက္ကူ၊ ပွင့်ဖြူနှင့် မကွေး၊ ပဲခူးတိုင်းမှ တောင်ငူ၊ လက်ပံတန်းနှင့် ကဝ၊ တနင်္သာရီတိုင်းမှ ကျွန်းစုနှင့် လောင်းလုံမြို့နယ်များ ဖြစ်ကြသည်။

မဲရေတွက်ရရှိမှု အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။

Yangon Media Group — ဥတ္တရသီရိမြို့နယ်တွင် NLD ပါတီမှ ဦးမင်းသူ အနိုင်ရရှိ။
ပုဗသီရိမြို့နယ်တွင် ဦးဖြိုးဇေယျာသော် အနိုင်ရ
နေပြည်တော် ဒက္ခိဏသီရီမြို့နယ်တွင် NLD ပါတီမှ ဦးနိုင်ငံလင်း အနိုင်ရရှိ။
Yangon Media Group
နေပြည်တော် သီရိလေး မြို့နယ်အနိုင်အရ ရှိနေကြောင်းသိရ

နေပြည်တော်ရှိ ဇဗ္ဗူသီရိ၊ ဒိက္ခိဏသီရိ နှင့် ဥတ္တရသီရိ၊ ပုဗ္ဗသီရိ မြို့နယ် ၄ မြို့နယ်တွင် NLD အနိုင်ရရှိကြောင်း သိရသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသည် တကယ့်အစစ်အမှန် ပြည်သူ့ရွေးချယ်ပွဲဖြစ်သည်ကို မျက်ဝါးထင်ထင်တွေ့မြင်ရပေသည်။ ယခုပွဲကမှ ပြည်သူ့ရွေးကောက်ပွဲ အမှန်ဖြစ်သည်။ ဒါကို အစိုးရက လက်ခံရပေမည်။ လက်ခံသည်ဆိုသည့်နေရာတွင် အပေါ်ယံ လက်ခံခြင်းမျိုးကို မဆိုလို။ လေးလေးနက်နက် ဆင်ခြင်တွေးဆမှုမျိုးဖြင့် လက်ခံရန် လိုသည်။
ပြည်သူနှင့် အစိုးရ တသားတည်းကျ မကျကို သဘောပေါက်ရန် လိုသည်။သို့မှသာ စစ်မှန်သော ပြောင်းလဲခြင်းမည် မည်ဖြစ်သည်။ သို့မှသာ ပြည်သူ့အစိုးရဖြစ်မည် ဖြစ်သည်။ ထိုသို့ ဖြစ် မဖြစ် ရှေ့ဆက်စောင့်ကြည့်ရန် လိုပါသေးသည်။
ELEVEN MEDIA GROUP —- ကျွန်းစုမြို့နယ်တွင် မဲရုံ(၁၄၂)ရုံရှိရာ (၈၂) ရုံမှ မဲများရေတွက်ပြီးချိန်၌ NLD က မဲရုံ (၆၅)တွင် အနိုင်ရထားပြီး USDP က မဲရုံ(၇)၌သာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေးကြောင့် ဧပြီလ(၂)ရက်နေ့မှသာ မဲရေတွက်မှုပြီးဆုံးနိုင်ဖွယ်ရှိပြီး လောလောဆယ် တွင် NLD က မဲအရေအတွက် ၁၀၀၀၀ ကျော် အသာစီးရထားသည်ဟု သိရသည်။

Source : မဇ္ဈိမသတင်းဌာန

Write A Comment

Rohingya Exodus