Latest Highlight

သိက္ခာရှိသော အောင်နိုင်မှုဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား












လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ ရလဒ်ကောင်းများ ရနေချိန်တွင် သိက္ခာရှိသည့် အောင်နိုင်မှုဖြစ်စေရန်အတွက် တဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ထိခိုက်နိုင်သည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ မပြုလုပ်ရန် အဖွဲ့ချုပ်ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ ယနေ့ညပိုင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့် အဆိုပါ မှာကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇-ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ရက်စွဲ ။ ။ ဧပြီလ ၁ ရက်၊ ၂ဝ၁၂

ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရရှိကြောင်း သတင်းများ တက်နေပါသည်။

ယခုလိုအချိန်မှာ ထောက်ခံသည့် ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။

သို့သော်လည်း တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော
အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး အထူးသတိပြုစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်


Write A Comment

Rohingya Exodus