Latest Highlight

ဆရာဦးကျော်မင်းနှင့်မိသားစုဆေးကုသမှုခံယူပြီးရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခြင်း

(၁၃)ရက် ဧပြီလ ၂၀၁၂.

ဆရာဦးကျော်မင်း (ဦးအနူဝါရူလ်ဟောက်) နှင့်မိသားစုတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သုံးပတ်ကြာမျှ ဆေးကုသမှု ခံယူပြီးနောက် ၊ယနေ့ (၁၃-၀၄-၂၀၁၂) ရက်နေ့ညနေ(၇)နာရီခွဲခန့်တွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာသည်။

ဆရာဦးကျော်မင်းသည် လိုအပ်သောခွဲစိတ်ကုသမှုကို အောင်မြင်စွာ ခံယူခဲ့ကြောင်းသိရသည်။

ဦးကျော်မင်း (ဦးအနူဝါရူလ်ဟောက်)သည် လက်ထောက်မြို့နယ်ပညာရေးမှူး တစ်ဦးဖြစ်ခဲ့သည့် အပြင် အလယ်တန်းကျောင်းအုပ်ဆရာကြီးအဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၉၀ခုနှစ် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီမှ ဘူးသီးတောင်မြို့နယ်၏ ကိုယ်စားလှယ်တဦး ဖြစ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကဦးစီးဦးဆောင်ဖွဲ့စည်းခဲ့သော လွတ်တော်ကိုယ်စားပြု(CRPP) တွင် အမျိုးသားလူ့အခွင့်အရေးနှင့်ဒီမိုကရက်တစ်ပါတီ (NDPHR) အားကိုယ်စားပြ၍ လှုပ်ရှားခဲ့သူတဦးဖြစ်ပါသည်။

၂၀၀၅-ခုနှစ်တွင် ဆရာဦးကျော်မင်းအား ထောင်ဒဏ်(၄၇)နှစ် နှင့် သူ၏မိသားစု (ဇနီးနှင့် သမီး နှစ် ယောက်) တို့အားထောင်ဒဏ်(၁၈)နှစ်စီ အသီးသီးချမှတ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် (၁၁-၀၁-၂၀၁၂) ရက်တွင် ဦးကျော်မင်းသည်မြင်းခြံအကျဉ်းထောင်မှလည်းကောင်း၊မိသားစုဝင်များသည်အင်းစိန်အကျဉ်းထောင်မှလည်း 
ကောင်းအသီးသီးလွတ်မြောက်လာခဲ့ကြသည်။



ထွေးထွေး၊




Write A Comment

Rohingya Exodus