Latest Highlight

ကံမမြို့ ဗလီနှင့် မွတ်စလင်မ် အိမ်များ ဖျက်ဆီးခံခဲ့ရသည့် ပုံများ



မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော်တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှုများပြုလုပ်ခဲ့ကြောင်း ကာယကံမြောက် ကျူးလွန်ခံရသူ ဦးညီညီလွင်နှင့် ဦးမောင်မောင်နီတို့ကပြောကြားသည်။ ဖျက်ဆီးသူများသည် (၁၃.၄.၂၀၁၂) ညတွင် ကံမမြို့အနီး၊ ရေနံသာရွာနေ အစ္စလာမ်ဘာသာဝင်ဦးသိန်းလွင်၏နေအိမ်ကိုလည်းဆက်လက်ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။

“ဟာဂျီမ ဒေါ်ဝါ၀ါရဲ့နေအိမ်ကိုဖျက်ဆီးတယ်၊ အမျိုးသားတွေကဖျက်တယ်၊ အမျိုးသမီးတွေက ပစ္စည်း တွေကိုသယ်ကြတယ်၊ ရွှေ ၇၀ ကျပ်သားနဲ့ ငွေသား ကျပ်ငွေ သိန်း ၈၀ လောက် ပါသွားတယ်ဟု သရက်မြို့သို့ တိမ်းရှောင်နေရသူ ဦးညီညီလွင်က ပြောကြားသည်။

“ဗလီကိုလည်းဖျက်တယ်၊ ဘာမှအကောင်းမကျန်အောင်ကိုဖျက်တာ၊ တိုင်ကပ်နာရီတောင် မချန်ဘူး´´ဟု ဦးညီညီလွင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ ဖျက်ဆီးခံရမှုသည် ယခင်နှစ်များစွာကတည်းက ပြိုင်ဘက်မရှိ စက်လှေလိုင်စင်ရနေသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်သူများထံမှ ယခုနှစ်တွင် ဟာဂျီမ ဒေါ်ဝါ၀ါက အဆိုပါလိုင်စင်ကို ၃၂၇ သိန်းဖြင့် လေလံအောင်ခဲ့ရာမှ စတင်မြစ်ဖျားခံခြဲ့ခင်းဖြစ်ကြောင်း သိရသည်။

“စက်လှေတွေကို ဒီနှစ်ဧပြီလဆန်းပိုင်းကစပြီး ဆွဲခွင့်ရတယ်၊ ဒါပေမယ့် သူတို့က တစ်ပတ်လောက် သူတို့ကိုငှားပါဦးဆိုလို့ အငှားပေးလိုက်ရတယ်´´ဟု ဟာဂျီမဒေါ်ဝါ၀ါနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြား သည်။

ထိုသို့စက်လှေကို ကြံ့ခိုင်ရေးက နောက်ခံပေးထားသည့် ဦးဝမ်းတို့က ရက်ပြည့်သည့်နောက်တွင် ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ယခုအခါ လေလံဖိုးငွေပြန်ပေးရန် သိမ်းယူထားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။ “ဆက်မငှားဘူးဆိုတော့ ငါတို့ကို စက်လှေလိုင်စင်ပြန်မပေးရင် ကုလား-ဗမာ အဓိကရုံးဖြစ်သွား မယ်လို့ ကံမမြို့နယ်၊ ကြံ့/ဖွံ့ပါတီမှ အမတ်ဦးဝင်းနိုင်ကပြောတယ်´´ဟု အထက်ပါပုဂ္ဂိုလ်ကပင် ဆက်လက် ပြောကြားသည်။

ထို့ကြောင့် ဟာဂျီမ ဒေါ်ဝါ၀ါက စက်လှေလိုင်စင်လေလံဖိုးငွေနှင့် အထွေထွေကုန်ကျစရိတ်တန်ဖိုးဖြင့် စက်လှေလိုင်စင်ကို ကြံ့/ဖွံ့ပါတီ ကျောထောက်နောက်ခံပေးထားသည့်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ရ သည်။

သင်္ကြန်အကျနေ့ညတွင် ဒေသခံနှစ်ဦးက ကံမမြို့သို့ရောက်ရှိလာသည့် အစ္စလာမ်ဘာသာဝင်ဧည့်သည် တစ်ဦးကို စတင်ထိုးကြိတ်မှုပြုခဲ့ကြပြီး အဆိုပါပြစ်မှုကို အစ္စလာမ်ဘာသာဝင်များက ကံမမြို့ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ရဲစခန်းက ပထမ သတင်းပေးတိုင်ကြားချက် (FIR)ဖွင့်ခွင့် (အမှုဖွင့်ခွင့်) မပေးခဲ့ကြောင်း ကိုယ်တိုင်သွားရောက်တိုင်တန်းခဲ့သူတစ်ဦီးက ပြောကြားသည်။

ထိုညတွင် ဒေသခံများက အစ္စလာမ်ဘာသာဝင်များ၏နေအိမ်များနှင့် အခြားပိုင်ဆိုင်မှုများကို ဖျက်ဆီး လုယက်ခဲ့ကြသည်။ ၀ူဇူကန်က ရေပိုက်ခေါင်းတွေကို ရိုက်ချိုးတယ်။ ဗလီအိမ်သာတံခါးကိုဖျက်တယ်၊ ဗလီ ရေကန်ကိုဖေါက်ပစ်တယ်။ ဂျနာဇာစင်ကိုလည်း ဖျက်တယ်၊ ဗလီမှန်တွေကိုခွဲတယ်´´ဟု ဦးညီညီလွင်က ပြောကြားသည်။ ကံမမြို့တွင် ကိုဂျဗာား၊ ဟာဘီလေး၊ ဇေဇေဦး၊ ဦးပီရှိုး၊ ဦးညီညီလွင်၊ ဟာဂျီမ ဒေါ်ဝါ၀ါ၊ ကိုရာဂျားကုန်စုံဆိုင်၊ ဦးအီစွတ်၊ ဦးအောင်မိုးလွင်တို့၏နေအိမ်နှင့် ပိုင်ဆိုင်မှုများ သင်္ကြန်အကျနေ့ညတွင် ဖျက်ဆီး ခံရသည်။

ယခုအချိန်ထိ ဖျက်ဆီးလုယက်သူများကို ဖမ်းဆီးထိန်းသိမ်းကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ချက် မရှိသေးပေ။ ဖျက်ဆီးလုယက်သူများသည် သင်္ကြန်အကြတ်(ပထမနေ့)ညတွင် ကိုဂျဗား၊ ဟာဘီလေးတို့၏ ဓါတ် ဆီဆိုင်များကို ထပ်မံဖျက်ဆီးခဲ့ပြီး အဆိုပါညတွင် ကံမမြို့နှင့် ၈-မိုင်အကွာ ရေနံသာရွာမှ ဦးသိန်းလွင် (ဟာဂျီမ ဒေါ်ဝါ၀ါ၏အစ်ကို)၏အိမ်ကိုလည်း ထပ်မံဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ဖျက်ဆီးခံရသူတစ်ဦး
Source here





  1. အသိတရားကင်းမဲ့၍ မိုက်မိုက်မဲမဲ ဘာသာရေးကိုစော်ကားသောသူများသတိပြုရန်မှာ မူဆလင်တို့သည် သူတို့ဘာသာဝင်များ ကမ္ဘာ၏ဘယ်အရပ် ဘယ်ဒေသတွင်မဆို တခြားဘာသာဝင်များက အိစ္စလာမ်ဘာသာရေးစော်ကားမှုများဖြစ်ပေါ်လာလျှင် သူတို့ဖက်က ကလဲ့စားတုန်ပြန်လေ့ရှိသည်။ သာဓကပေါင်းများစွာရှိသည်။ တခုပြမည်ဆိုလျှင် ၁၉၈၇ ခုနှစ်တွင် ဧရာဝတီတိုင်း ညောင်တုန်းမြို့ တွင် ဗလီနှင့်အိမ်ယာမြေများဖျက်ဆီးခဲ့သည်ကို အကြောင်းပြု၍ အင်ဒိုနီးရှားနိုင်ငံရှိ ဗေါရောဗုဒ္ဓဘုရားကိုဖျက်ဆီးခဲ့သည်ကို သင်တို့ မှတ်မိပါသလား။ သတိပြုပါ။သင်တို့ကြောင်း ဗုဒ္ဓဘာသာကို မိုက်မဲစွာ မှေးမိန် မတိမ်ကောပါစေနဲ့။

  2. တယူသန်တချို့ကြောင့် ဘာသာရေးမုန်းတီးမှုမဖြစ်စေလိုပါ။ ကိုယ်ဘာသာရေးကိုကိုယ်ယုံကြည်ကြ၊ဘာသာရေး
    အစွန်အစားနဲ့ဘဲ ကိုယ်ဘာသာကောင်းကြောင်းပြ၊ လမ်းကြားတိုင်းတွင် ဓမ္မရုံဆောက်ရုံဖြင့်ဘာသာရေးထွန်းကားသည်ဟုမဆိုနိုင်ပါ။

  3. So rude, I am really ashamed of them as a Burmese citizens.

  4. We are humen being.Not animal.Try to respect each other.Myo Win BE(mining)

  5. ဝဋ်ကြွေး၇ှိသလေလာက်တော.ဆပ်လိုက်ကြအုံးပေါ.။

Write A Comment

Rohingya Exodus