Latest Highlight

ပြန်ကြားရေးဝန်ကြီးမှ ရုပ်ရှင်အစည်းအရုံးအဖွဲ့သစ်ကို အသိအမှတ်မပြု


မတ်လ (၂၃) ရက်နေ့တွင် ပြုလုပ် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ် ရွေးကောက် တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ခံ ခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းမှ အသိအမှတ် မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ လုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီး ဦးကျော်ဆန်း၏ လူရင်း ဦးမြင့်သိန်းဖေမှာ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက် မခံရသည့်အတွက် ၀န်ကြီး ဦးကျော်ဆန်း တစ်ယောက် အလွန်အမင်း မကျေမနပ်ဖြစ်နေကြောင်းနှင့် အဆိုပါ အမှုဆောင်ကော်မတီ သစ်ကိုလည်း ကန့်ကွက်ကြောင်း သိရှိရပါသည်။

စည်းကမ်းပြည့်ဝပြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ် ဆီသို့ ဦးဆောင်ချီတက်နေသည်ဟု ဆိုသည့် တည်ဆဲအစိုးရ ထိပ်ပိုင်းပုဂ္ဂိုလ် တစ်ယောက်သည် ဤအမှုဆောင်ရွေးကောက်ပွဲငယ် တစ်ခု၏ရလာဒ်အတွက် ဤကဲ့သို့ သဘောထား သေးသိမ်ညံ့ဖျင်းစွာ တုန့်ပြန်သည်ကို တွေ့ရှိရသောအခါ အဆိုပါ ပုဂ္ဂိုလ်ပါဝင်နေသည့် အစိုးရအဖွဲ့၏ ဒီမိုကရေစီ ဖော်ဆောင်ရေးလမ်းစဉ်မှာ သံသယရှိဖွယ်ကောင်းနေပြီး အဆိုပါဝန်ကြီး၏ လုပ်ရပ်သည် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် မသမာမှု များစွာကျူးလွန်ခဲ့သည်ကို ပိုမိုထင်ရှားအောင် မီးမောင်းထိုးပြသကဲ့သို့ ဖြစ်သွားစေပြီးလျှင် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ထပ်မံကျူးလွန်ရန် ၀န်မလေးကြောင်းကို ၎င်း၏မပြည့်ဝသော သဘောထားများက ထင်ဟပ် ဖော်ပြနေသည်ကို စိတ်ပျက်စွာ တွေ့မြင်နေရသည်။

Source :Written by မြတ်သိန်းထွန်း (Citizen Journalist) 
ရွှေဟင်္သာသတင်းအေဂျင်စီ


Write A Comment

Rohingya Exodus