Latest Highlight

ကံမတွင်ဗလီဝတ်ကျောင်းတော်တစ်လုံး နှင့် နေအိမ်များကို လုယက်ဖျက်စီး

                            

ကံမမြို့တွင်အစ္စလာမ်ဘာသာဝင်တို့၏ပိုင်ဆိုင်မှုများနှင့်ဗလီဝတ်ကျောင်းတော်တစ်လုံးဖျက်ဆီးလုယက်ခံနေရ

(သက်ဆိုင်ရာကအရေးယူမှုမရှိသဖြင့်ဖျက်ဆီးမှူများဆက်လက်ဖြစ်ပေါ်ရန်အခြေအနေရှိနေ)

မကွေးတိုင်းဒေသကြီး ကံမမြို့နေ မွတ်စလင်မ်၁၀ဦးကျော်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကိုဒေသ ခံဗုဒ္ဓဘာသာဝင်များနှင့် အခြားရွာအနီးမှ ဗုဒ္ဓဘာသာဝင်များက အကြမ်းဖက်ဖျက်ဆီး၊လုယက်မှူများပြုလုပ်ခဲ့ကြောင်းကာယကံမြောက်ကျူးလွန်ခံရသူ နှစ်ဦးမှပြောကြားသည်။

ဖျက်ဆီးသူများသည်ယမန်နေ့ညတွင်ကံမမြို့အနီးရေနံသာရွာနေအစ္စလာမ်ဘာသာဝင်ဦးသိန်းလွင်၏ နေအိမ်
ကိုလည်းဆက်လက်ဖျက်ဆီးခဲ့ကြောင်း လည်းကောင်းတို့က ဆက်လက်ပြောကြားသည်။

ဟာဂျီမဒေါ်ဝါ၀ါ ၏ အိမ်ကို ဖျက်ဆီးတယ်။...

အမျိုးသားတွေကဖျက်တယ် ၊အမျိုးသမီးတွေက ပစ္စည်း တွေကို သယိကြတယ်။ရွှေ.၇၀ကျပ်သားနဲ့ ငွေသား ကျပ်ငွေသိန်း၈၀လောက်ပါသွားတယ်။ ဟု သရက်မြို့သို့ တိမ်းရှာင်နေသူ တစ်ဦးမှ ပြောကြားသည်။ ''ဗလီကိုလည်းဖျက်တာမှ အတွင်းထဲတိုင်ကတ် နာရီတောင်မချန် ဘူး'' ဟု ၄င်းကဆက်လက်ပြောကြားသည်။

ဖျက်စီးခံရသော အိမ်များမှာ ကံမမြို့ရှိ ကိုဂျမား၊ ဟာဘီလေး၊ ဇေဇေဦး၊ ဦးပီရှိုး၊ ဦးညီညီလွင်၊ ဟာဂျီမဒေါ်ဝါ၀ါ၊ ကိုရာဂျားကုန်စုံဆိုင်၊ ဦးအီစွတ်၊ဦးအောင်မိုးလွင် တို့၏ နေအိမ်နှင့် ပိုင်ဆိုင်မူများဖြစ်ပြီး သင်္ကြန်အကျနေ့တွင် ဖျက်စီးခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ဖျက်ဆီး ခံရမှုသည် ယခင် နှစ်များစွာကတည်းက ပြိုင်ဘက်မရှိ စက်လှေလိုင်စင်ရနေသည့် ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီနှင့် နီးစပ်သူများထံမှ ယခုနှစ်လေလံတွင် ဟာဂျီမဒေါ်ဝါ၀ါက အဆိုပါလိုင်စင်ကို သိန်း ၃၂၇ သိန်းဖြင့် အောင်ခဲ့မှုမှ မြစ်ဖြားခံခဲ့ကြောင်းသိရပါသည်။ ''စက်လှေကို ဒီနှစ် အေပြီလ ဆန်းပိုင်းကစပြီး ဆွဲခွင့်ရတယ်၊ ဒါပေမဲ့ သူတို့က သူတို့ကို တစ်ပါတ်လောက်ဌားပါအုံးဆိုလို့ အဌားပေးလိုက်ရတယ်''ဟု ဟာဂျီမဒေါ်ဝါ၀ါနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
ထိုသို့ ကြံခိုင်ရေးက နောက်ခံပေးထားသည့် ဦးဝမ်း ကတစ်ပတ်စောင့်ဆိုင်းပြီးနောက်တွင်လည်း စက်လှေကို ပြန်လည်ပေးအပ်ခြင်းမရှိပဲ ယခုအခါ လေလံဖိုးငွေပြန်ပေးရန်သိမ်းထားလိုက်ပြီးဖြစ်ကြောင်း '' ဆက်မဌားဘူးဆိုတော့ ငါတို့ကို စက်လှေလိုင်စင်ပြန်မပေးရင် ကုလား-ဗမာ အဓိကရုဏ်းဖြစ်သွားမယ် လို့ ကံမမြို့နယ် ကြံဖွံ အမတ် ဦးဝင်းနိုင်က ခြိမ်းခြောက်ခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြော ကြားခဲ့ပါသည်။

ထိုသို့ခြိမ်းခြောက်မူကြာင့် ဟာဂျီမဒေါ်ဝါ၀ါက စက်လှေလိုင်စင်လေလံဖိုးငွေနှင့် အထွေထွေကုန်ကျစရိတ် တန်ဖိုးဖြင့် စက်လှေလိုင်စင်ကို ကြံဖွံပါတီ ကျောထာက်နောက်ခံ ပြုထားသူ များထံသို့ပြန်လည် လွှဲပြောင်းပေးခဲ့ရသည်။

သင်္ကြန်အကျနေ့တွင် ဒေသခံဗုဒ္ဓဘာသာဝင် ၂ဦးက ကံမမြို့သို့ရောက်ရှိနေသည့် အစ္စလာမ်ဘာသာဝင် တစ်ဦးကို စတင်ထိုးကြိတ်မှုပြုခဲ့ကြပြန်ပါသည်။ အဆိုပါပြစ်မှုကို အစ္စလာမ်ဘာသာဝင်များက ကံမမြို့ရဲစခန်းသို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ရဲစခန်းက အဆိုပါတိုင်ကြားမူကို ပထမ အမှုဖွင့်ခွင့် (FIM) မပေးခဲ့ကြောင်း ကိုယ်တိုင်သွားရောက်တိုင်ကြားခဲ့သူ တစ်ဦးကပြောကြားခဲ့ပါသည်။

ထိုညတွင်ပင် ဒေသခံဗုဒ္ဓဘာသာဝင်များက အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း အစ္စလာမ်ဘာသာဝင်တို့ ၏ ပိုင်ဆိုင်မှုများနှင့် ဗလီဝတ်ကျောင်းတော်တစ်လုံး ကို စတင် ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

MMM News

Write A Comment

Rohingya Exodus