Latest Highlight

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်။







 ကြားဖြတ်ရွေးကောက်ပွဲက ခြေလှမ်းတလှမ်းမျှသာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှုတွေကို ရုပ်သိမ်းဖို့ နဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ ဖွံ့ အစိုးရနဲ့ ညှိုနှိုင်းတဲ့ နေရာမှာ ရွေးကောက်ပွဲက အရေးကြီးတဲ့ အသွင်တခု မဖြစ်သင့်ကြောင်း အာရှရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ (အန်ဖယ်)ကထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။ ၂၀၁၂ မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားခဲ့ပေမယ့် အားလုံးက ယုံကြည်စိတ်ချပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အများကြီးလုပ်စရာတွေ ရှိသေးတယ်လို့ ကြေငြာချက်ထဲမှာ သုံးသပ်ထားပါတယ်။

အခုလို သမိုင်းတွင်မယ့် ခြေလှမ်းအတွက် အန်ဖယ် က မြန်မာပြည်သူတွေကို ဂုဏ်ပြုလိုက်ပြီး ဦးသိန်းစိန်အစိုးရ ကိုတော့ ရွေးကောက်ပွဲနားကပ်ပြီးမှ နိုင်ငံတကာက လေ့လာသူတွေကို ခွင့်ပြုလိုက်တာဟာ ထိရောက်ပြီးလွတ်လပ်တဲ့ လေ့လာစောင့်ကြည့်မှု ဖြစ်ဖို့ အရမ်းနောက်ကျလွန်း၊အရမ်းနည်း လွန်းတယ်လို့ ဝေဖန်လိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ယှဉ်ရင် လူတွေ အားလုံးက ယုံကြည်ရာကို ပိုပြီး လွတ်လွတ်လပ်လပ် မဲပေးခွင့် ရလာကြပြီး၊မဲရလဒ်တွေ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုသွားနေတာကြောင့် ဒါဟာ လူထုက သူတို့ ရဲ့ လုပ်ပိုင်ခွင့်(mandate) ကို ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းတာ ဖြစ်ပြီး ဒါကို အားလုံးက လေးစားရမယ်လို့ ဆိုပါတယ်။ မဲပေးတဲ့သူဦးရေ ပိုများလာတာကလည်း လူတွေ အားလုံးက ရွေးကောက်ခံ ဒီမိုကရေစီ စနစ်ကို သွားချင်တဲ့ လိုလားချက်ကို ပြနေတာလို့ ဆိုပါတယ်။

လူတွေကြားမှာလည်း ဒီရွေးကောက်ပွဲကို မူတည်ပြီးတော့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းသွားမလား ဆိုတဲ့ ပူပင်မှုတွေ ရှိနေတာကိုလည်း ထောက်ပြထားပါတယ်။ လတ်တလောမှာ အရေးအကြီးဆုံးကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကနေပြီးတော့ တိုင်တန်းလာတဲ့ ရွေးကောက်ပွဲဆိုင်ရာ မူမမှန်မှုတွေ၊အကြမ်းဖက်ခံရမှုတွေ၊ကြိုတင်မဲတွေ၊မဲသမာမှုတွေ စတာတွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာဖြစ်ပါတယ်။ ဘက်မလိုက်တဲ့ ကော်မရှင်တွေ အနေနဲ့ အခုလို ဖြစ်ရပ်တွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတဲ့ အပေါ်မူတည်ပြီး ရွေးကောက်ပွဲတွေဟာ ဘယ်လောက် ခိုင်မာ ယုံကြည်ဖို့ ကောင်းတယ်ဆိုတာကို လူတွေက မျှော်လင့် ထားကြတာပါ။

မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ က သင်ခန်းစာတွေကို ယူပြီး အာစီယံ ဒေသတွင်းတခုလုံးမှာလည်း ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲရေး တွေကို လုပ်သင့်တယ်လို့ ကြေငြာချက်ထဲမှာ အကြံပြုထားပါတယ်။ အာစီယံအတွင်းရေးမှုးရုံးမှ တဆင့် သက်ဆိုင်တဲ့သူအားလုံးပါဝင်လို့ မြန်မာ့အရေးကို နမူနာယူပြီး ဒေသတွင်းတခုလုံးမှာ ဒီမိုကရေစီ ပိုပြီးထွန်းကားအမြစ်ခိုင်လာဖို့ ကြိုးစားဖို့ လိုကြောင်း တိုက်တွန်းထားပါတယ်။

ကြေငြာချက်ထဲမှာ လေ့လာသုံးသပ်ချက်တွေ အပြင် ရွေးကောက်ပွဲ တခု အောင်အောင်မြင်မြင် ကျင်းပ ပြုလုပ်နိုင်ဖို့ ဖြည့်စွက် ပြုပြင်ပြောင်းလဲ သင့်တဲ့ အချက်တွေကို အကြံပြုထားပါတယ်။ အာရှရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ ဟာ ၂၀၁၀ မြန်မာ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ ကြိုးစားစဉ်ကလည်း အဖွဲ့ ဝင်တချို့ ပြန်အပို့ ခံခဲ့ရပြီး ယခု ၂၀၁၂ တွင်လည်း အကြီးအကဲဖြစ်သူ ဆူရင် အပါအ၀င် အခြားသူတွေကိုလည်း ပြန်အပို့ ခံခဲ့ရပါတယ်။ ဒါပေမယ့် အဖွဲ့ ဝင်တချို့ ဟာ ပြည်တွင်းမှာ လျှို့ ဝှက်နေထိုင်နိုင်ခဲ့ပြီး ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးနဲ့ ပက်သက်တဲ့ သင်တန်းတွေကို တက်ကြွလှုပ်ရှားတွေကို ဖြန့် ဖြူးပေးနိုင်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲကို အစောပိုင်းကပင် စောင့်ကြည့်နိုင်ခဲ့ပါတယ်။

Source : Burma VJ Media


Write A Comment

Rohingya Exodus