Latest Highlight

ခွဲခြားဆက်ဆံခံရမှုက မြန်မာမွတ်စ်လင်မ်တို့ကို ခြောက်လှန့်နေ


 by taqwaone

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ မွတ်စ်လင်မ်တွေဟာ သူတို့မွေးရပ်မြေမှာ ခွဲခြားဆက်ဆံခံရမှု ညှဉ်းပမ်းနှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး မကျေနပ်မှုတွေဖြစ်နေပါတယ်။

မြန်မာ မွတ်စ်လင်မ် တစ်ယောက်ဖြစ်တဲ့ ကိုမျိုးဝင်းက ကျွန်တော်ငယ်ငယ်ကတည်းက ခွဲခြားဆက်ဆံခံနေရတယ် လို့ ပြောပါတယ်။

“ကျောင်းသားအများစု နဲ့ ကျောင်းဆရာတွေတောင်မှ လူနည်းစုတွေ အပေါ်မှာ အထူးသဖြင့် ခွဲခြားဆက်ဆံခံနေရတယ် လို့ ကျွန်တော် သတိထားမိတယ်” ဟု ABC သတင်းငှာနကို ပြောပါတယ်။

“ကျွန်တော်တို့ အဖိုးတွေ က ဒီမြန်မာပြည်မှာဘဲ မွေးပေမဲ့လည်း ကျွန်တော်တို့ကို သူစိမ်းတွေ နိုင်ငံခြားသားတွေလို့ သူတို့ ထင်နေကြတာ။”

ကိုမျိုးဝင်းတစ်ယောက်ထည်းမဟုတ်ဘူး။ ဒီလိုနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီး ဇော်မင်းထွေးကလည်း ရေရာတဲ့ အကြောင်းပြချက်မရှိဘဲ မကြာခဏ နှိပ်စက်မှုတွေရှိကြောင်း၊ ဘာလို့လဲဆိုတာ မွတ်စ်လင်မ်ဖြစ်လို ဟု သူက ပြောပါတယ်။

ကျောင်းသူငယ်ချင်းတွေကလည်း “ကုလား” လို့ သူ့ကို ခေါ်ခံရတယ်။

“ဒါက စော်ကားပြီးခေါ်တာပါ၊ အထူးသဖြင့် မွတ်စ်လင်မ်တွေကို” လို့ သူကပြောပါတယ်။

အဲ့ဒါ ဘာကိုဆိုလိုတာလဲဆိုရင် ကျွန်တော်တို့ က ဒီက မဟုတ်ဘူးလို့ ပြောတာပါ။

မြန်မာမွတ်စ်လင်မ်တွေ အထူးသဖြင့် ရိုဟင်ဂျာလူနည်းစုတွေဟာ နိုင်ငံရဲ့ သန်း ၅၀ ရှိတဲ့ အထဲမှ ၅ ရာခိုင်းနှုန်းအထက်ရှိသည်။

ရိုဟင်ဂျာလူနည်းစုတွေဟာ စစ်အုပ်ချုပ်မှုရဲ့ လက်အောက်မှာ တာရှည် ညဉ်းပမ်းနှိပ်စက်ခံနေရပါတယ်။

၁၉၈၂ ခုနှစ်ရဲ့ နိုင်ငံသားဥပဒေက သူတို့နေထိုင်နေတဲ့ အိမ်မှာဘဲ တရားမ၀င် ရွေ့ပြောင်းနေထိုင်သူတွေအဖြစ် ပြုလုပ်လိုက်ပါတယ်။

အာဖဂန်နစ်တန် ရှိတာလီဘန်တို့ ဗုဒ္ဓဆင်းထုကို ဖျက်ဆီးမှုအပေါ်တွင် ဇော်မင်းထွေး၏ မိသားစု လဘက်ရည်ဆိုင်ကို ၂၀၀၃ ခုနှစ်က ဘုန်းကြီးများ ဖျက်ဆီးခံခဲ့ရကြောင်း ကိုပြန်လှန်ပြောပြပါတယ်။

“သူတို့က အာဖဂန်မှာ ပျက်ဆီးသွားတဲ့ ဗုဒ္ဓဆင်းထုနဲ့ ပတ်သက်လို့ လက်စားချေချင်” လို့ ABC သတင်း ငှာနကိုပြောပါတယ်။

“ဒီအရင် က အာဖဂန်နစ်တန် ဘယ်မှာမှန်းတောင် မသိပါဘူးဗျာ ပြီးတော့ အာဖဂန်က လူတွေကိုလည်း တစ်ယောက်မှ မသိပါဘူး ဒါပေမဲ့ သူတို့ ကကျွန်တော်တို့ ကို ပစ်မှတ် အဖြစ်ထားတယ်” လို့ ပြောပါတယ်။

တစ်ရက်တော့ ကျွန်တော်တို့ လဘက်ရည်ဆိုင်လာတော့ ကျွန်တော်တို့လည်း အိမ်ထဲမှာ ပုန်းနေကြရတယ် ပြီးတော့ ဆိုင်ကိုဖျတ်ဆီး သွားတယ်ဗျာ။ အဲ့ဒီတုန်းက အဲ့လူတွေကို ကျွန်တော် အတော်ကြောက်နေတာ။

ဒီလို တိုက်ခိုက်ခံရ မှုတွေက ဇော်မင်းထွေးကို သူ့နိုင်ငံရဲ့ ဒုတိယတန်းစား နိုင်ငံသားအဖြစ် ကျန်ရှိစေခဲသည်။ ၁၉၆၂ ခုနှစ် ကတည်းက စစ်အုပ်ချုပ်မှု နှင့် ပြီးခဲသည့် နှစ်အထိ နေခဲ့ရသည်။

“အဲ့ အချိန်ကတည်းက ကျွန်တော် ဘယ်သူမှ မယုံကြည်နိုင်တော့ဘူး။ ကျွန်တော် အိမ်နီးချင်းတွေတောင်မှ ၀င်ရောက် ကာကွယ်မပေးဘူး။” လို့ သူက အခုလို ပြောပါတယ်။

Source here


  1. ကြံ့ဖွတ်တွေရဲ့အလုပ်ကဒါဘဲ။

  2. သိပ်မှန်တာပေါ++++ကြံ့ဖွတ်တွေကြားဖြတ်ရွေးကောက်ပွဲရှုံးတော လူတွေအာရုံပြောင်းသွားအောင်ဘာသာရေး အဓိကရုဏ်းဖန်တီပေးနေခြင်းသာဖြစ်ပါတယ်။ဒါတွေကို ဒီမိုကရေစီဘက်တော်သားတွေအနေနဲ့အထူးသတိ ထားပြီဆန်ကျင်ကြပါ။အထူးသဖြင့်ကချင်ပြည်နယ်ရဲ့ထိုးစစ် ကိုဖုံးကွယ်စေလိုသော သဘောဖြစ်ပါတယ်။

Write A Comment

Rohingya Exodus