Latest Highlight

ယနေ့နံနက် ၁၁နာရီ ၃ မိနစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် လူထုကို စတင်မိန့်ခွန်းပြောကြား

 ယနေ့ ဧပြီလ(၂)ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ရုံးချုပ်သို့ ဧပြီ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာပြီး လူထုအားမိန့်ခွန်းပြောကြား သွားခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီပါတီဝင်များ၊ ပြည်သူလူထုများနှင့် နိုင်ငံတကာသတင်းထောက် ၂၀၀ကျော်တို့ တက်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။



ဒေါ်အောင်ဆန်းစုကြည်မှ ´´သဘောထားကြီးကြီးနဲ့ စိတ်ထားမြင့်မြင့်နဲ့ လုပ်စရာတွေအများကြီးရှိသေးတယ်´ လို့ပြောကြားပါသည်။

´ကျွန်မတို့ရဲ့ အောင်မြင်မှုဟာ ပြည်သူတွေရဲ့ အောင်မြင်မှုလို့´ ပြောကြားပါတယ်။

´´ပြည်သူတွေရဲ့ အောင်နိုင်မှုဖြစ်တယ်။ တစ်ခြားသော အဖွဲ့အစည်းတွေ စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ရဘူး။ ပြည်သူတွေရဲ့ ပူးပေါင်းမှု၊ စိတ်ဓာတ်အင်အားကြောင့် ဒီအောင်ပွဲကို ရရှိခဲ့ခြင်းဖြစ်တယ်။ အခုချိန်ကစပြီး ငါတို့နိုင်ပြီဟေ့လို့ မတွေးဘဲ၊ ငါတို့ စလုပ်ရမယ်လို့ တွေးရမယ်။ လမ်းတွေ ပိတ်မှာစိုးလို့ ဒီနေ့တော့ အများကြီး မပြောချင်ဘူး တိုတိုပဲပြောချင်တယ်။´´ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လူထုသို့ စကားပြောကြားမှုမှာ ငါးမိနစ်မျှသာကြာမြင့်ခဲ့ပြီး၊ မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် နိုင်ငံခြားဂျာနယ်လစ်များသို့ ပြောကြားသွားခဲ့ခြင်းဖြစ်ပါသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရုံးချုပ်တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံစကားပြောကြားခဲ့ပါသည်။

မကြာခင်အချိန်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကြေညာချက်တစ်ရပ်ကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ယခုအခါ ရုံးချုပ်ရှေ့တွင် လူထုက လားရှိုးသိန်းအောင်၏ အမေစုပြန်လာပြီ သီချင်းကို လက်ခုတ်တီးပြီး လိုက်လံသီဆိုလျက်ရှိနေကြကြောင်း၊ ရုံးချုပ်ရှေ့တွင် လူထုပရိတ်သတ်ကြီးက NLD နိုင်ပြီဟု ကြွေးကြော်လျက်ရှိနေသည်ဟု ELEVEN MEDIA GROUP မှ facebook စာမျက်နှာတွင် ဖော်ပြထားသည်ကို သိရှိရပါသည်။
Source: MMhub


Write A Comment

Rohingya Exodus