Latest Highlight

အနုပညာရှင်အခိျု့အားသင်္ကြန်ဖျော်ဖြေခွင့် ပိတ်ခြင်းမရှိဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရဆို
















 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးလှုံ့ဆော်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင် အချိ့အား သင်္ကြန်ဖျော်ဖြေရေးတွင် ပိတ်ပင်ထားသည်ဟူသော သတင်းများမှာ လုံးဝမဟုတ်မမှန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်ဦးမြင့်ဆွေက ငြင်းဆိုလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ဧပြီ ၁၁ရက်ညနေ၆နာရီခွဲက တိုင်းဒေသကြီဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် ရန်ကုန် အခြေစိုက်မီဒီယာအခိျု့တွှေု့ဆုံစဉ် ဝန်ကြီးချုပ်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

`အခု အဆိုတော်အခိျု့ကိုသကြီန်သီဆို ခွင့်ပိတ်တယ် ဘာညာဆိုပြီးသတင်းထွက်ပေါ်နေတယ်ကြားပါတယ်။ ကျွန်တော်တို့တောင်အတော်အံ့အားသင့်ပါတယ်။ဒီသတင်းဟာ လုံးဝမဟုတ်မမှန်ပါဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့ ကို ဆက်သွယ်မေးမြန်း ကြည့်တော့လဲ ပြည်ထောင်စု အစိုးရအနေနဲ့ အဲသလိုပိတ်ပင်တာမျိုးလုံးဝမရှိပါဘူးဆိုတာသိရပါတယ်`ဟု ဦးမြင့်ဆွေကပြောသည်။

“ကြုံရင်လဲ သူတို့နဲ့တွေ့ရင် ဘယ်သူတွေက ဘယ်လိုပိတ်တာလဲ မေးကြည့်ပေးပါဦး“ ဟုဝန်ကြီးချုပ်က ဆက်လက်ပြောဆိုသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်ပွဲတော်၌ သင်္ကြန်သံချပ်များ ထိုးခွင့်ပိတ်ထားသည် ဟုပြောဆိုနေကြခြင်းမှာ လည်းမဟုတ်မမှန်ကြောင်းဦးမြင့်ဆွေကပြောသည်။“ကျွန်တော်တို့က ထိုးမယ့်သံချပ်စာသားတွေကို ကြိုတင်စိစစ်တာပဲလုပ်ပါတယ်။ အဓိကက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတဲ့ အချိန်မှာ တိုင်းရင်းသား စည်းလုံးညီညွတ် မှု၊ချစ်ကြည်မှုကိုပျက်ပြားစေတာတွေမပါစေချင်လို့ပါ” ဟု ဝန်ကြီးချုပ်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်း များအတွင်း အင်တာနက် ဖေ့စ်ဘုတ်လှုမှုရေးစာမျက်နှာများတွင် အဆိုတော်အခိျု့ သကြီန်ကာလသီဆိုခွင့်ပိတ်ပင်ခံရခြင်း၊သင်္ကြန်သံချပ်များထိုးခွင့်ပိတ်ပင်ခံရခြင်းများရှိနေသည်ဟူသော ရေးသားချက် အခိျု့ရှိခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲက သတင်းမီဒီယာအခိျု့နှင့် တွေ့ဆုံရှင်းပြခဲ့ခြင်းဖြစ်သည်။

Source : Yangon Media Group

Write A Comment

Rohingya Exodus