၁၂ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ ၈၈ မျိုးဆက် တက်ရောက်

ကယန်းပြည်သူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ
ကရင်ပြည်နယ် လိပ်သိုမြို့နယ်ခွဲ သောက်ရေခပ်ကျေးရွာမှာ ဧပြီလ ၁၀ ရက်နေ့က ၁၂ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ကယန်းပြည်သစ်ပါတီက ဦးစီး ကျင်းပတာ ဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ ကျောင်းသားအဖွဲ့ဝင်တွေ၊ မန္တလေး မစိုးရိမ် ကျောင်းတိုက်ဆရာတော် ဦးဝီရသူနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူမှု အထောက်အကူပြုအဖွဲ့မှ ဦးလှသိန်း၊ ဦးခင်မောင်အေး၊ ပြည်နယ်အစိုးရဝန်ကြီးတွေ၊ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးနဲ့ ကယန်းပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။ ကယန်းပြည်သစ် တပ်မတော်က အလံတင်ပွဲ အခမ်းအနားအတွင်း စစ်ရေး ခင်းကျင်းပြသခဲ့ပြီး အလံတင် လွှင့်ထူခဲ့ကြပါတယ်။ အဲဒီနောက် ကယန်းပြည်သူတွေက တိုင်းရင်းသားရိုးရာ အကတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး တက်ရောက်လာတဲ့ ဧည့်သည်တွေနဲ့ တရင်းတနှီး ကပြ ဖျော်ဖြေခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေထဲက ကယန်းဒေသအတွက် ရန်ပုံငွေ လှူဒါန်းခဲ့ပြီး အသံလှိုင်းက တဆင့် လူထုကို နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပါတယ်။
Source : ဘားမားဗီဂျေ