Latest Highlight

မြန်မာအပေါ် အနောက်တိုင်း၏ ပိတ်ဆို့မှုများ ရုတ်သိမ်းရန် အာဆီယံတောင်းဆို


ဖနွမ်းပင်၊ ဧပြီ- ၎
အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် အဖွဲ့၏ အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခုအပါအ၀င် ဖြစ်သော မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းလိုက်သည်။

ဖနွမ်းပင်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့် နှစ်စဉ်အာဆီယံထိပ်သီးဆွေးနွေးပဲ

ွအပြီးတွင် အဓိကအတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရခဲ့သော သမိုင်းဝင်ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အာဆီယံက အနောက်တိုင်းအား မြန်မာအပေါ်
ပိတ်ဆို့မှုများ ရုပ်သိမ်းရန် တောင်းဆိုသွားမည်ဖြစ်သည်။ မြန်မာအစိုးရသည် ဧပြီ ၁ ရက် တနင်္ဂနွေနေ့က ကြားဖြတ်ရွေးကောက်ပွဲတွင် အာဆီယံလေ့လာသူများကို စောင့်ကြည့်ခွင့်ပေးခဲ့ပြီး၊ မြန်မာသမ္မတဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲများသည် အောင်မြင်မှုရခဲ့ကြောင်း
ဖနွမ်းပင်တွင် သတင်းထောက်များအားပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကောင်ကင်မ်ဟွန်က “အာဆီယံခေါင်းဆောင်တွေဟာ ပိတ်ဆို့မှုတွေရုပ်သိမ်းပေးခြင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ်အတွက်အပြုသဘောပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်”ဟု ဆိုသည်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မာတီနတ်တယ်လီဂါဝါကလည်း ပိတ်ဆို့မှုများသည် လူသားမဆန်သည့်လုပ်ရပ်ဖြစ်ကာ တစ်ခါတစ်ရံတွင် ၎င်းတို့ဦးတည်သည့် ပစ်မှတ်များကို ထိခိုက်စေခြင်းမရှိကြောင်း၊ ယခုအချိန်သည် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရမည့်အချိန်ဖြစ်ကြောင်း ဆိုသည်။
- AFP/VOA

Source :7Day News Journal

Write A Comment

Rohingya Exodus