Latest Highlight

Qatar Airways ပျံသန်းမှုကွန်ရက်ချဲ့ထွင်မည့်နိုင်ငံများတွင် မြန်မာပါဝင်

 — ကမ္ဘာကျော် အာရှလေကြောင်းတစ်ခုဖြစ်သည့် Qatar Airways သည် ယခုနှစ်အတွင်းပျံသန်းမှုကွန်ရက်ချဲ့ထွင်ရန် အစီစဉ်ရှိရာ မြန်မာနိုင်ငံကိုလည်း လုပ်ငန်းချဲ့ဆောင်ရွက်မည့်စာရင်းတွင် ထည့်သွင်းထားကြောင်းသိရသည်။ မတ်လ ဒုတိယသီတင်းပတ်အတွင်း ဂျာမနီနိုင်ငံဘာလင်မြို့၌ ကျင်းပသည့်ကမ္ဘာ့အကြီးဆုံးခရီးသွားလုပ်ငန်းပြပွဲဖြစ်သောITB Berin ဖွင့်ပွဲနေ့တွင် အဆိုပါလေကြောင်းလိုင်းအမှုဆောင်အရာရှိချုပ် Akbar Ai Baker က အဆိုပါအစီအစဉ်ကိုထုတ်ဖော်ပြောကြာခဲ့ခြင်းဖြစ်သည်။ 

အဆိုပါလေကြောင်းလိုင်းတိုးချဲ့ပျံသန်းမှုအစီအစဉ်ကို ယခုနှစ်မေလမှစတင်ကာ အီရတ်၊ တန်ဇန်နီးယား၊ ဆားဘီးယာနှင့် မြန်နိုင်ငံများတွင် ခြောက်လကြာပြုလုပ်မည်ဖြစ်ပြီး Freighter ၀န်ဆောင်မှုအသစ်များကို ကိုရီးယား၊ ပါကစ္စတန်၊ တောင်အာဖရိကနှင့် အိုမန်နိုင်ငံများတွင် စတင်မိတ်ဆက်မည်ဖြစ်ကြောင်း ဥရောပ၊ အရှေ့အလယ်ပိုင်း ၊ အာဖရိကနှင့် အာရှပစိဖိတ်ဒေသများ၌ ခရီးသည်တင်လေယာဉ်ပျံသန်းမှု အကြိမ်ရေများကို မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

မိုးသက်ကို

Source :  The Myanmar post news journal

Write A Comment

Rohingya Exodus