Latest Highlight

အသက် (၆၀)ကျော် ပင်စင်စားများ အခမဲ့ဆေးကုသခွင့်ရတော့မည်


 လူမှုဖူလုံရေးအက် ဥပဒေအသစ်ပြဌာန်းပြီးပါက အသက် (၆၀)ကျော်ပင်စင်စားများ အခမဲ့ဆေးကုသ ခွင့်ရရှိတော့မည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့မှသိရသည်။

အဆိုပါ လူမှုဖူလုံရေး ဥပဒေ အဟောင်းမှာ သက်တမ်း(၅၆)နှစ်ကြာမြှင့် ခဲ့ပြီး ဥပဒေအသစ်ပြင်ဆင်ရေးဆွဲပြီး ပြည်သူ့လွှတ်တော်သို့ တင်ပြထား ပြီးဖြစ်ကြောင်း သိရသည်။ ”ဒီဥပဒေအသစ်မှာ ဘာတွေ ထူးခြားလာမလဲဆိုတော့ အရင်ဥပဒေ ဟောင်းမှာ ပင်စင်ယူပြီးရင် ဆေးကုခွင့်မရှိ ဘူး။ အခုပင်စင်စားတွေ မသေဆုံးခင် ကာလအတွင်းအခမဲ့ ဆေးကုသခွင့်ရမယ်။ ကိုယ့်ဘာသာကိုယ် ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းဖြစ်သွား ရင်လဲ ထောက်ပံ့ ကြေးရမယ်” ဟုအလုပ်သမား ဝန်ကြီးဌာန လူမှုဖူလုံ ရေးအဖွဲ့ chairman ဦးယုလွင်အောင်က ပြောသည်။

အဆိုပါဥပဒေအသစ်အတွက် အလုပ်သမားခံစားခွင့်များ မှန်ကန်စွာရရှိ နိုင်ရန်နည်းပညာများကို အသုံးပြုဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။”အဲဒီခံစားခွင့်တွေရဖို့ လုပ်သက်နှစ်အကန့် အသတ်တွေရှိမယ်။ အဲဒီ မှတ်တမ်းတွေ၊ အလုပ်သမား တွေရဲ့အချက် အလက်တွေကို ကွန်ပျူတာ အတွင်း ထည့် သွင်းဆောင်ရွက်နိုင်ဖို့ ဒီသင်တန်းကို ဖွင့်ခဲ့တာဖြစ်ပါတယ်” ဟု ယင်းက ဆက်လက် ပြောသည်။

သူသူထက်လွင်

Source : ရန်ကုန်တိုင်း(မ်)သတင်းဂျာနယ်. ၁၂ မတ်လ ၂၀၁၂


Write A Comment

Rohingya Exodus