ကနေဒါနိုင်ငံမှ ချီးမြှင့်သည့် ဂျွန်ဟန်ဖရီဆုကို လက်ခံရယူရန် မင်းကိုနိုင်ဖိတ်ကြားခံရ
´မတ်လ ၁ရက် ညပိုင်းက ကနေဒါနိုင်ငံက ဆုရွေးချယ်ရေးအဖွဲ့ဝင်တွေ အိမ်ကိုလာပြီးဖိတ်ကြားခဲ့ပါတယ်။ ပတ်စ်ပို့ရရင်တော့ ကနေဒါကိုသွားပြိး ဆုသွားယူမှာပါ´ဟု ကိုမင်းကိုနိုင်ကပြောသည်။
ကိုမင်းကိုနိုင်သည် အဆိုပါဆုကို ၁၉၉၉ခုနှစ်က ချီးမြှင့်ခံခဲ့ရပြိး လာမည့်စက်တင်ဘာလတွင်ကနေဒါနိုင်ငံ၌ အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ယင်းဆုကို မြန်မာနိုင်ငံမှ မစုစုနွေး၊ ဒေါက်တာစင်သီတာမောင်တို့လည်း ချီးမြှင့်ခံခဲ့ရကြောင်းသိရသည်။
Source : ရန်ကုန်တိုင်း(မ်)