လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်း စည်းရုံးရေးခရီးစဉ် (ရုပ်/သံ)
ထိုမှ ဆက်လက်၍ စစ်ကိုင်းမြို့သိုဆက်လက်ထွက်ခွာလာခဲ့ရာ ဧရာဝတီတံတား(ရတနာပုံ)လမ်းတလျှောက်မှာ ဒေါ်အောင်ဆန်းစုကြည်အား
ပြည်သူလူထုကြီးက တခဲတနက် ကြိုဆိုကြရာ ပိတ်ဆို့မှုများဖြစ်လျှက်ရှိခဲ့သည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းသည် ဟောပြောမည့် ဧရာဝတီမြစ်ကမ်း၊သဲသောင်ပြင်(စစ်ကိုင်းတံတားအနီး)သို့ ၁၁နာရီ ခန့်လောက်တွင်ရောက်ရှိခဲ့သည် ။တက်ရောက်လာကြသော ပြည်သူလူထုကြီးမှာ အင်အား တစ်သိန်းနီးပါးခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အဆိုပါဟောပြောသည့် သဲသောင်ပြင်ကွင်းတွင် လူအင်အားများပြားလွန်းလှပြီး ပြည့်ကျပ်ညှပ်နေကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၃ရက်နေ့က မန္တလေးအောင်ပင်လယ်ကွင်းတွင် လူထုကြီိးအားဟောပြောရာ၌ ကျန်းမာရေးအခြေအနေကြောင့်
မိနစ်အနည်းငယ်သာမိန့်ခွန်းပြောကြားခဲ့ရကြောင်းနှင့် ယနေ့တွင် ကျန်းမာရေးအခြေအနေမှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်းလည်းတက်ရောက်လာသောလူထုပရိတ်သတ်ကြီးအား မိန့်ခွန်းအပြီးသတ်နှုတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တက်ရောက်လာသော စစ်ကိုင်းဒေသခံပြည်သူလူထုတစ်သိန်းခန့်အား မိနစ်(၂၀)ခန့်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
ထို့နောက် ယင်းဟောပြောသည့် ဧရာဝတီသဲသောင်ပြင်မှ မန္တလေးမြို့သို့ပြန်လည်ထွက်ခွာလာကြောင်းနှင့် မန္တလေးဈေးချိုတော်သို့လည်းသွားရောက်မည်ဖြစ်ကြောင်း နောက်ဆုံးထွက်ပေါ်သောသတင်းများအရ သိရသည်။